▶ တရားကို တေးဆို ၊ အဖေကိုသားကဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊
ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊
ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊
▶ ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊
ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊
အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊
အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊
အချစ်ဆုံးက သစ္စာပျက် ၊
ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊
အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊
အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊
▶ ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊
အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
အ၀တ်ပြောင်မှ လူရိုသေ ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊
အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
▶ ပွဲသဘင်ပါမှ အလှူဖြစ် ၊
စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊
သူတော်စင်ကို ပယ်၍ထား
စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊
သူတော်စင်ကို ပယ်၍ထား
▶ ကြွေးပေးသူက ကျွန်နဲ့တူ ၊
ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊
ရွှေကပ်သည့်ဘုရားမှ လူရိုသေ
ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊
ရွှေကပ်သည့်ဘုရားမှ လူရိုသေ
▶ အဖေ အမေက ကျွန်နဲ့တူ ၊
သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊
မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊
ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်
သူတော်ကောင်းတို့
တရားပျက်ကြလေပြီ ။
သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊
မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊
ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်
သူတော်ကောင်းတို့
တရားပျက်ကြလေပြီ ။
ရှေးစာဆို အတိတ်တဘောင်
0 comments:
Post a Comment