Sunday, 4 March 2018

``အတ္တတစ်​ခုက သက်​လိုက်​တဲ့ လူ ( ၆ )​ယောက်​´´

`မီးဖို​ဘေးက လူ ၆ ​ယောက်​´
★ တစ်​ခါက......
တစ်​နှစ်​မှာ ၁၀ လ​လောက်​ ​ရေခဲ​နေတက်​တဲ့ ​တောမကျ မြို့မကျ ရွာ​လေးတစ်​ခုမှာ​ပေါ့....
★ ​ဆောင်းတွင်း​ရောက်​လာတယ်​ နှင်း​တွေကလဲ ကျလိုက်​တာ ​အေးလိုက်​တာမှ ​ရေခဲမှက်​​အောက်​ကို အနှုတ်​ ၃၀ ဒီဂရီ​လောက်​ထိ ​ရောက်​​နေတယ်​...
★ ဒီ​နေရာ​လေးဟာ ၃ နှစ်​ကို ၁ ကြိမ်​​လောက်​ နှင်းမုန်​တိုင်း​တွေ ကျ​ရောက်​​လေ့ရှိတယ်​ နှင်းမုန်​တိုင်း​တွေ ကျပြီဆိုရင်​ ​ရေခဲ​တောင်​​တွေ ပြိုတယ်​ အိုးအိမ်​​တွေ ပျက်​စီးတယ်​...
ဒါ​ကြောင့်​ ဒီ​ဒေသက လူ​တွေဟာ နှင်းမုန်​တိုင်း ကျပြီဆိုရင်​ သူတို့ဝတ်​​နေကြ ​လောင်းကုတ်​အင်္ကျီ အရှည်​ကြီး​တွေကို ဝတ်​ကြတယ်​...
★ အဲ့ဒီအင်္ကျီ အရှည်​ကြီးထဲမှာ ထင်းရှူးဆီ အခဲတစ်​ခုရယ်​ မီးခြစ်​တစ်​လုံးရယ်​ ထင်းသုံး​လေးငါး​ချောင်းရယ်​ အသား​ခြောက်​ ၅၀ ကျပ်​သား​လောက်​ ထည့်​ပြီး နီးစပ်​ရာ ​တောထဲက ဂူ​တွေထဲမှာ နှင်းမုန်တိုင်း ခိုကြတယ်​...
★ ဒီလိုနဲ့....
ဆောင်းတစ်​ညမှာ နှင်းမုန်​တိုင်း​တွေ ရုတ်​ချည်းဆိုသလို ကျလာတယ်​ ...
အဲ့ရွာ​လေးထဲက လူ​တွေဟာ နီးစပ်ရာ ​ကျောက်​ဂူ​တွေဆီကို ​ပြေးကြတယ်​ မုန်​တိုင်းခိုကြတယ်​...
လူ ၆ ​ယောက်​ဟာ ​မှောင်​မဲ​နေတဲ့ ဂူကြီးတစ်​ခုထဲကို ​ရောက်​သွားကြတယ်​...
★ ဒီအထဲက လူတစ်​​ယောက်​ဟာ သူ့ဆီမှာပါတဲ့ မီးခြစ်​နဲ့ ထင်းရှူးဆီကိုသုံးပြီး မီးဖိုလိုက်​တယ်​ အသား​ခြောက်​ကို ကင်​လိုက်​တယ်​ မီးဖိုရဲ့​ဘေးမှာ အသား​ခြောက်​ကို စားပြီး ​လောင်းကုတ်​ကြီးကို ​ခေါင်းမှာခြုံလို့ အိပ်​ငိုက်​​နေတယ်​...
★ အဲ့ဒီလူရဲ့ မီးပုံကိုလဲ မြင်​​ရော ကျန်​တဲ့လူ​တွေဟာ တစ်​​ယောက်​ပြီး တစ်​​ယောက်​ မီးဖိုရှိရာကို ​ရောက်​လာကြတယ်​ ကိုယ့်​မှာပါတဲ့ ထင်း​ချောင်း​လေး​တွေကို ထည့်​လိုက်​ကြတယ်​ ပြီး​တော့ အသား​ခြောက်​ကို ကင်​ပြီး စားကြတယ်​ စားပြီး​တော့ အဲ့မီး​ဘေးမှာပဲ အိပ်​ငိုက်​​နေကြတယ်​ ...
★ နှင်းမုန်​တိုင်းဒဏ်​က လွတ်​​အောင်​ ​ပြေးလာကြတာဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ မကြည့်​အားကြဘူး ​မော​မောပန်းပန်းနဲ့ မီးဖိုထဲကို ထင်းတစ်​​ချောင်းစီ ထည့်​ကြတယ်​ ပါလာတဲ့ အသား​ခြောက်​​လေး​တွေကို ကင်းကြ စားကြပြီး နှင်းမုန်​တိုင်း အစဲကို ​စောင့်​​နေကြရင်​ အိပ်​ငိုက်​လာကြတယ်​....
ဆောင်းကလဲ ​အေးလိုက်​တာ အရိုးကွဲမတက်​ အပြင်​မှာလည်း နှင်းမုန်​တိုင်းသံ​တွေ ဆူညံ​နေတယ်​...
★ ဒီလိုနဲ့ ထင်း​တွေ ထည့်​ထားကြတဲ့ မီးဖိုဟာ တ​ဖြေး​ဖြေးနဲ့ မီးအားနည်းလာတယ်​ မီးညွန့်​က​လေးဟာ အား​ပျော့လာတယ်​...မီးဖိုထဲ ထင်းထပ်​ထည့်​ဖို လိုလာပြီ....
သိပ်​​အေး​တော့ လူတစ်​​ယောက်​ နိုးလာတယ်​ ​လောင်ကုတ်​အင်္ကျီ အရှည်​ကြီးထဲကို နှိုတ်​လိုက်​တယ်​ ထင်းတစ်​​ချောင်း ထည့်​​တော့မယ်​​ပေါ့....
အဲ့ဒီအချိန်​မှာပဲ သူနဲ့ မျက်​နှာချင်းဆိုင်​ လူတစ်​​ယောက်​ကလဲ ​အရမ်း​အေးလာ​တော့ နိုးလာတယ်​ မီးဖိုရဲ့ အ​ရောင်​ဖျဖျ​အောက်​မှာ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ မြင်​လိုက်​ရတယ်​ အဲ့ဒီတစ်​​ယောက်​က သူတို့ရွာမှာ လူတိုင်းကို ​ငွေတိုး​ချေးစားတဲ့ စီးပွား​ရေးသမား ပိုက်​ဆံရှိ သူ​ဌေး..
မြင်​တဲ့တစ်​​ယောက်​က သူ့အိမ်​မှာ ​မြေ​ပေါင်​ အိမ်​​ပေါင်​ပြီး ​မြေဆုံး အိမ်​ဆုံးထားတဲ့လူ ဆင်းရဲသား...
★ ​မြေဆုံး အိမ်​ဆုံးထားတဲ့သူက သူ့စိတ်​ထဲမှာ ...
ဒီလို ​တွေးလိုက်​တယ်
ဒီလို အမြ​​တ်​ကြီးစားတဲ့ အတ္တသမားနဲ့ မီးတစ်​ဖိုထဲမှာ အတူလာပြီး မီးလှုံရတာ ငါ့နှယ်​ ကံဆိုးလိုက်​တာ ငါတို့ ဘိုးဘွားပိုင်​ အိမ်​​တွေ ​မြေ​တွေကို အတိုး​တွေ မတရားယူပြီး သိမ်းထားတဲ့​ကောင်​ ငါဒီမီးဖိုထဲကို ထင်းထည့်​လိုက်​ရင်​ ဒီ​ကောင်​ ​တော်ပြီ ငါ့အိတ်​ထဲက ထင်းကို မီးဖိုထဲ မထည့်​​တော့ဘူးလို့ ​တွေးပြီး မီးဖိုကို ​ကျော​ပေးကာ ​လောင်းကုတ်​အင်္ကျီရှည်​ကြီးကို ခြုံပြီး ​ကွေး​နေလိုက်​တယ်​....
★ ထို့နည်းတူပဲ ​ငွေတိုး​ချေးစားတဲ့ သူ​ဌေးကလဲ စိတ်​ထဲမှာ ​တွေး​နေတယ်
ဟင်း ...ငါ့နှယ်​ ဒီဆင်းရဲသား အစုတ်​ပလုတ်​နဲ့ ဒီမီးဖို​ဘေးမှာမှ အတူလာပြီး ​နေရတယ်​လို့ကွာ ဒီ​ကောင်​မျက်​နှာ ကြည့်​ရတာ ကျက်​သ​ရေ ယုတ်​လိုက်​တာ
တော်​ပြီ ငါ့အိတ်​ထဲက ထင်းကို မီးဖိုထဲ မထည့်​​တော့ဘူးဆိုပြီး မီးဖိုကို ​ကျော​ပေးကာ ​​ကွေး​နေလိုက်​​တော့တယ်​...
★ ဒီလိုနဲ့ ​နောက်​ထပ်​လူ တစ်​​ယောက်​ နိုးလာပြန်​တယ်​ ​ဆောင်းကလည်း တအား​အေးတာကို ထင်းထည့်​မယ်​အလုပ်​ သူနဲ့မျက်​နှာချင်းဆိုင်​လူကလည်း သူ့လိုပဲ နိုးလာတယ်​...
တစ်​​ယောက်​ အလုပ်​ရှင်​ တစ်​​ယောက်​က အလုပ်​သမား....
★ အလုပ်​ရှင်​က ​တွေးတယ်​...
အလကား အလုပ်​မလုပ်​ပဲ ​ငွေကို အလကားလိုချင်​​နေတဲ့ ​ကောင်​နဲ့မှ မီးတစ်​ဖိုထဲမှာ အတူတူရှိ​နေရတယ်​လို့ကွာ...
★ ဒီလိုပဲ အလုပ်​သမားကလဲ ​တွေးတယ်​...
ငါတို့ လုပ်​အား​တွေကို ​ခေါင်းပုံဖြတ်​ပြီး ကြီးပွား​နေတဲ့​ကောင်​နဲ့မှ ဒီ​နေရာမှာ လာပြီး ဆုံရတယ်​လို့ ​တော်​ပြီ ငါ့အိတ်​ထဲက ထင်းကို မထည့်​​တော့ဘူးဆိုပြီး ၂ ​ယောက်​လုံး မီးဖိုကို ​ကျော​ပေးကာ ဆက်​ပြီး အိပ်​ငိုက်​​​နေ​တော့တယ်​....
မီးဖိုထဲမှာ မီးကနည်းသထက်​ နည်းလာပြီး အပြင်​မှာလဲ နှင်းမုန်​တိုင်းက တဝုန်းဝုန်းနဲ့ ​အေးလိုက်​တာလဲ လွန်​​ရော....
★ အဲ့အချိန်​မှာပဲ....
ကျန်​တဲ့လူ ၂ ​ယောက်​လဲ နိုးလာကြတယ်​ ထင်းထည့်​မယ်​အလုပ်​ မီး​ရောင်​​အောက်​မှာ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ မြင်​လိုက်​ရတယ်​ နှစ်​​ယောက်​လုံးရဲ့ စိတ်​ထဲမှာလဲ ​တွေး​နေကြတယ်​....
★ ငါ့နှယ်​​နော်​ ဒီလိုဘာသာမတူတဲ့ မိစ္ဆာဒိဌိအယူရှိတဲ့ သူနဲ့မှ မျက်​နှာချင်းဆိုင်း လာ​တွေ့​နေရတယ်​လို့.....
သူတို့နှစ်​​ယောက်​ဟာ ကိုးကွယ်​ယုံကြည်​မူ့ခြင်း မတူကြဘူး ကိုယ့်​အိတ်​ထဲမှာပါတဲ့ ထင်း​တွေကို ပြန်​သိမ်းလိုက်ပြီး မီးဖိုကို ​ကျော​ပေး​နေလိုက်​ကြတယ်​....
★ ​နောက်​တ​နေ့ မနက်​မှာ ကယ်​ဆယ်​​ရေး အဖွဲ့​တွေ အဲ့ဂူထဲကို ​ရောက်​လာကြတယ်
မီးမရှိ​တော့တဲ့ မီးပုံ​ဘေးမှာ ​အေးခဲပြီး ​သေဆုံး​နေကြတဲ့ အ​လောင်း ၆ ​လောင်းကို သူတို့​တွေ့ရတယ်​ သူတို့အ​လောင်းကို စစ်​​ဆေးကြည့်​​တော့ ​လောင်းကုတ်​အင်္ကျီအရှည်​​တွေထဲမှာ
ထင်းကိုယ်​စီ မီးခြစ်​ကိုယ်​စီ ထင်းရှူးဆီကိုယ်​စီနဲ့ စားစရာ​တွေနဲ့​​ပေါ့....
★ ထင်း​တွေ မီးခြစ်​​တွေ စားစရာ​တွေ ထင်းရှူးဆီိကိုယ်​စီနဲ့ ဘာ​ကြောင့်​များ ​အ​အေးမိပြီး ​သေဆုံးသွားကြတာလဲ​နော်​.....လို့ ​တွေး​တောရင်း အ​လောင်း ၆ ​လောင်းကို သယ်​သွားကြတယ်​....
★ ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာလဲ မီးဖို​ဘေးက လူ ၆ ​ယောက်​လို အာဃာတ အဆိပ်​ကို ​သောက်​ပြီး ​သေဖို့ ကြိုးစား​နေကြတဲ့သူ​တွေ အများကြီးပါပဲ...
မီးဖို​ဘေးက လူ ၆ ​ယောက်​လို မင်း ဘယ်​သူလဲ ?... ငါ ဘယ်​သူလဲ ?...မင်းဘာလဲ ?...ငါဘာလဲဆိုတဲ့ အတ္တစိတ်​​တွေ အတက်​နိုင်​ဆုံး ပယ်​နိုင်​ကြရင်​ သိပ်​​ကောင်းမှာပဲဗျာ.........
Credit ဦးဘုန်း ( ဓာတု ) မန္တ​လေး
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support