Friday, 16 March 2018

( ကိုယ့်အကျိုး သူ့အကျိုး ) •••••••••••••••••••••••••••••••

Image may contain: text
 ❆ မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို ရှင်းပြထားပါတယ်။
❆ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊မောဟတွေလွှမ်းမိုးနေ
တယ် လောဘလွှမ်းမိုးတဲ့အခါမှာလိုချင်
စိတ်တွေများပြီးတော့သူများအသက်သတ်ချင်လည်းသတ်မယ်၊သူများဥစ္စာခိုးချင်
လည်းခိုးမယ်၊သူတစ်ပါးသားမယား
စော်ကားချင်စော်ကားမယ်၊လိမ်ပြောချင်
လည်းပြောမယ် ။
❆ သူများကိုလည်းပဲ ဒီအလုပ်တွေလုပ်ဖို့ တိုက်တွန်းချင် တိုက်တွန်းမယ်၊ မကောင်းတဲ့ အလုပ်တွေဘက်ကို လောဘလွှမ်းမိုးလာတဲ့လူတစ်ယောက်ဟာဦးလှည့်သွားတတ်ပါတယ် ဒေါသလွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာ
လည်း ထို့အတူပဲ၊ ဒီ ဒုစရိုက်တွေဘက်
ကို ဦးလှည့်သွားပါတယ်။
❆ မောဟဆိုတာကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာမသိပါ၊မသိသည့်အတွက်
ကြောင့်မလုပ်သင့်တာကိုလုပ်သင့်
တယ်လို့ထင်တယ်၊လုပ်သင့်တာကိုမ
လုပ်သင့်ဘူးလို့ထင်တယ်ဆိုတဲ့မောဟ
လွှမ်းမိုးခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာလည်းဒီအ
တိုင်းပါပဲ၊ဒုစရိုက်တွေဘက်ကိုဦးလှည့်သွားပါတယ်။
❆ အဲဒါဆိုရင် ကိုယ့်ဟာကိုယ် ဆင်ခြင်ဆုံးဖြတ်ကြည့်ရပါမယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်တဲ့
အခါမှာ ဒီအလုပ်တွေက မကောင်းဘူးဆိုတာကို သိရပါမယ်။
❆ လောဘ၊ ဒေါသ၊ မောဟ ရှိနေရင်လောဘ၊ ဒေါသ၊မောဟအကြောင်းပြုပြီးပါဏာတိပါတ➳ ❆ လုပ်မိတယ် ခြင်ကလေးတစ်ကောင် ကိုယ့်ကိုက်လာလို့ရှိရင်ဒေါသနဲ့ရိုက်
လိုက်တာမျိုးပေါ့။
❆ လောဘ ဖြစ်ရင်လည်း မကောင်းတဲ့အလုပ် လုပ်မိပါတယ် ဒေါသဖြစ်ရင်လည်း မကောင်းတဲ့အလုပ်လုပ်မိပါတယ် မောဟ လုပ်ကောင်းတယ်၊ မလုပ်ကောင်းဘူး မသိသည့်အတွက်ကြောင့်လည်း
လုပ်မိပါတယ် ဒီအလုပ်တွေက မကောင်းဘူးဆိုတာ သိရပါမယ်။
❆ ထို့အတူပဲ ကုသိုလ်ဘက်က ကြည့်မယ်ဆိုရင် အလောဘ၊ အဒေါသ၊ အမောဟ၊အလောဘရှိရင်ဒါနကောင်းမှု
တွေလုပ်တယ်၊ အဒေါသ (မေတ္တာ) ရှိလို့ရှိရင် လူမှုကူညီရေးတွေ လုပ်တယ်၊
အမောဟ ရှိလာလို့ရှိရင် အရာရာ ဆင်ခြင်တိုင်းထွာပြီးလုပ်တယ်၊
❆ ပါဏာတိပါတက ရှောင်တယ်၊
အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ ဒါတွေလည်း ရှောင်တယ်၊ သူများကိုလည်း မကောင်းတဲ့ဘက်က မတိုက်တွန်းဘူး၊ ဟော--ဒုစရိုက်တွေဘက်က ရှောင်တယ်။
❆ ရှောင်သည့်အတွက်ကြောင့်
အပြစ်ကင်းတယ်၊ ပညာရှိတွေက ချီးမွမ်းတယ်၊ ဘ၀မှာ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုးဝေဖန်သုံးသပ်ပြီး
တော့မကောင်းတာဆိုရင်စွန့်၊ကောင်းတာဆိုရင်လက်ခံကျင့်သုံးရပါမယ်။
❆ ဒီလိုဆိုရင် ဘ၀မှာ တစ်ဦးတစ်ယောက် အတွက်တော့ ပြည့်စုံသွားပြီ ဖြစ်ပါတယ် သို့သော်လူဆိုတာဟာ ကိုယ်တစ်
ယောက်တည်းကောင်းလို့ မရသေးပါ။
❆ လူဆိုတာ ပတ်ဝန်း
ကျင် အပေါင်းအသင်းနဲ့နေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့နေရင် ဘယ်လို နေရမလဲဆိုတာကို
မြတ်စွာဘုရားက အလောဘ၊ အဒေါသ အမောဟ ဆိုတဲ့ သဘာဝတရားတွေ သူ့မှာရှိလာရင် သူက လောဘလည်း ကင်းနေတယ်၊ ဒေါသလည်း နည်းတယ် တွေဝေမှုလည်း မရှိဘူး၊ အသိဉာဏ်တွေ
စဉ်းစားဉာဏ်တွေ ရှိလာပါတယ်။
❆ သူ့စိတ်နေသဘောထားတွေဟာ မြင့်မြတ်လာတယ်၊ အများရဲ့အကျိုးကို လိုလားတယ်ဆိုတဲ့ မေတ္တာစိတ် ၀င်လာတယ်၊မေတ္တာနဲ့နေတတ်လာတယ် ကောင်းတဲ့ဘက် ရွေးချယ်လိုက်တဲ့အခါ...
❆ ငါ့ရဲ့ ပတ်ဝန်းကျင်ကလူတွေ ကောင်းကျိုး ချမ်းသာတွေရကြပါစေ၊အဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေနဲ့ မေတ္တာစိတ် ထားတတ်လာပါတယ်၊ အကျိုးစီးပွား
ကို လိုလားလာပါတယ်။
❆ နိမ့်ကျပြီး ဆင်းရဲဒုက္ခရောက်နေတဲ့၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေလည်း အဆင်ပြေကြပါစေ၊ ကရုဏာ ထားတတ်လာပါတယ်၊အောင်မြင်ကြီးပွားသွားတဲ့ ပုဂ္ဂိုလ် အောင်မြင်မှုတွေ ဆက်လက် ရရှိကြပါစေလို့ မုဒိတာပွားနိုင်တယ်။
❆ ဒါတင်မကဘူး၊ အားလုံးအပေါ်မှာ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်
လာတာ ဖြစ်သောကြောင့် တွယ်တာမှု ဆိုတဲ့ ရှုထောင့်ကနေ မကြည့်ဘဲနဲ့ ကံတရားဆိုတဲ့ ရှုထောင့်ကနေကြည့်ပြီး လူတွေကိုကူညီစောင့်ရှောက်လာတတ်ပါတယ်၊ဥပေက္ခာတရားတွေဖြစ်ပေါ်လာပါ
တယ်။

ဥပေက္ခာဆိုတာဂရုမစိုက်ဘဲနဲ့ပစ်ထားတာမျိုးမဟုတ်ပါစိတ်ဓာတ်အနေနဲ့တည
်ငြိမ်တာကို ခေါ်ပါတယ် ဥပေက္ခာဆိုတာ သြော် --သူလည်း သူ့ကံနဲ့သူ လာတာ၊ ငါလည်း ငါ့ကံနဲ့ငါ လာတာပါ
❆ ကောင်းကျိုးချမ်းသာရအောင် ကိုယ်က ဦးတည့်ပေးရပါမယ်၊ လုပ်ပေးရပါမယ်၊ ဒါက- ကိုယ့်တာဝန်လုပ်ပေးတာပါ
သို့သော်လုပ်ပေးတာကိုမရကောင်းလား
ဆိုပြီး ဒေါသဖြစ်နေရင် ဒါ-ဥပေက္ခာမထား
နိုင်တဲ့သူလို့ ဆိုလိုပါတယ်။
❆ အဲဒီတော့ ဥပေက္ခာဆိုတာ ကံတရားကို ဆင်ခြင်သုံးသပ်ပြီးစိတ်ကိုတည်ငြိမ်
အောင်၊ အစွန်းမရောက်အောင် ထားနိုင်တဲ့ အနေအထား ဖြစ်ပါတယ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒီလေးခုနဲ့နေလိုက်လို့ရှိရင်အားလုံး
အဆင်ပြေမှာဖြစ်တယ်။
❆ အားလုံးအပေါ်မှာ ခြုံငုံပြီး မေတ္တာထား၊
မုဒိတာထား၊ အားလုံးကိုတစ်ခါ ခြုံငုံပြီးတော့ သံယောဇဉ်ဖြစ်ခြင်းဆိုတာ မဖြစ်စေဘဲနဲ့ အားလုံးဟာ
သူ့ကံနဲ့သူ လာကြတာဆိုတဲ့ အတွေးအခေါ်နဲ့ ဥပေက္ခာထား။
❆ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ဆိုတဲ့ ဒီတရားတွေဟာ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ထားနိုင်ပြီဆိုလို့ရှိရင် ကိုယ့်အတွက်လည်း လုံလောက်တယ်၊ အားလုံးပတ်ဝန်းကျင်အတွက်လည်း လုံလောက် သွားပါတယ်။
❆ ဆိုလိုတာက လောဘ၊ ဒေါသ၊မောဟတွေ ဖယ်ရှားပြီးအလောဘ၊အဒေါသ၊အမောဟတွေ ဦးစီးပြီးတော့လုပ်ဆောင်သွားပြီ ဆိုလို့ရှိရင်တစ်ကိုယ်ရည်တစ်ကာယအ
တွက်လုံလောက်လို့စိတ်ဖြူစင်သွားပါပြီ။
❆ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ပြီ ဆိုလို့ရှိရင် အများကောင်းကျိုး
အတွက် ဖြစ်စေပြီး ဘ၀မှာ ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုး ပြည့်စုံသွားပါပြီ ဆိုတာ နားလည်သဘောပေါက်ကြပြီးကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်း။

( ကျေးဇူးတော်ရှင် ပထမပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ )
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support