
တရားကို
အမြဲတမ်းအားထုတ်နေတဲ့သူဟာ
လောဘ၊ ဒေါသ တဖြည်းဖြည်းနဲလာတယ်
အမြဲတမ်းအားထုတ်နေတဲ့သူဟာ
လောဘ၊ ဒေါသ တဖြည်းဖြည်းနဲလာတယ်
ပိုပြီးတော့ စိတ်က
သိမ်မွေ့နူးညံ့လာတယ်အေးချမ်းလာတယ်
အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် ဖြစ်တဲ့အခါမှာ
လူတစ်ယောက်ကို မြင်လိုက်ရင်
အလိုလိုနေရင်း မေတ္တာစိတ် ရှိတယ်
ချစ်ခင်တဲ့စိတ်လေးစားတဲ့စိတ်
ဒုက္ခနဲစေချင်တဲ့စိတ် စိတ်ချမ်းသာ ကိုယ်ချမ်းသာ
ဖြစ်စေချင်တဲ့စိတ်ဖြစ်လာတယ်
ပြောတဲ့ဆိုတဲ့အခါမှာလည်း
တစ်ဖက်သားကို စိတ်ဆင်းရဲသွားစေမယ့်
စကားမျိုးကို မပြောဖြစ်ဘူး
သတိမရှိတဲ့သူဟာ
အမှတ်တမဲ့ သူများစိတ်ဆင်းရဲမယ့် စကားမျိုးကို
ပြောတတ်တယ်
သတိရှိလာတဲ့သူကျတော့
စိတ်ချမ်းသာမယ့်စကားကို ပြောတယ်
အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်
သတိနဲ့နေတဲ့သူက ဒေါသ အဖြစ်နဲတယ်
မေတ္တာက အလိုလိုစိတ်ထဲမှာ ရှိနေတယ်
သူတစ်ပါးကို အထင်သေး
အမြင်သေး မဖြစ်ဘူး
သူတစ်ပါးရဲ့အပြစ်ကိုအလိုလိုနေရင်း
ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။
ဒီလိုလူရဲ့စိတ်က
မြင့်မြတ်နေတယ်တဲ့လေ
(ဆရာတော်ဦးဇောတိက)
သိမ်မွေ့နူးညံ့လာတယ်အေးချမ်းလာတယ်
အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် ဖြစ်တဲ့အခါမှာ
လူတစ်ယောက်ကို မြင်လိုက်ရင်
အလိုလိုနေရင်း မေတ္တာစိတ် ရှိတယ်
ချစ်ခင်တဲ့စိတ်လေးစားတဲ့စိတ်
ဒုက္ခနဲစေချင်တဲ့စိတ် စိတ်ချမ်းသာ ကိုယ်ချမ်းသာ
ဖြစ်စေချင်တဲ့စိတ်ဖြစ်လာတယ်
ပြောတဲ့ဆိုတဲ့အခါမှာလည်း
တစ်ဖက်သားကို စိတ်ဆင်းရဲသွားစေမယ့်
စကားမျိုးကို မပြောဖြစ်ဘူး
သတိမရှိတဲ့သူဟာ
အမှတ်တမဲ့ သူများစိတ်ဆင်းရဲမယ့် စကားမျိုးကို
ပြောတတ်တယ်
သတိရှိလာတဲ့သူကျတော့
စိတ်ချမ်းသာမယ့်စကားကို ပြောတယ်
အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်
သတိနဲ့နေတဲ့သူက ဒေါသ အဖြစ်နဲတယ်
မေတ္တာက အလိုလိုစိတ်ထဲမှာ ရှိနေတယ်
သူတစ်ပါးကို အထင်သေး
အမြင်သေး မဖြစ်ဘူး
သူတစ်ပါးရဲ့အပြစ်ကိုအလိုလိုနေရင်း
ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။
ဒီလိုလူရဲ့စိတ်က
မြင့်မြတ်နေတယ်တဲ့လေ
(ဆရာတော်ဦးဇောတိက)
0 comments:
Post a Comment