★ တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့
ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေ တဲ့
လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ
ရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက်
ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏစဉ်းစားပြီး
အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။
★ “ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့
နိုင်ငံခြားကိုထွက်သွားပြီး အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့
ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။
➳
အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ၊
ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာမရှိကြောင်း
သတိထားမိသွားတယ် ။
★ ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ
အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ
အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့
သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ
လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ် လည်း အလုပ်လုပ်ပြီး
ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင် သမျှ ချွေတာနိုင်သမျှ
ချွေတာမယ်လို့ တွေးလိုက်တယ် ။
★ အဲဒီလိုနဲ့အချိန်ကာလ ၎
နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ်
အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။
ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့နိုင်ငံခြားကုမ္မဏီတွေမှာ
သူအလုပ်လျှောက်ခဲ့တယ် ။
★ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့ ။
ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့
ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့်
နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ
ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံး ကုမ္ပဏီတစ်ခုကိုတော့ သူ
စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာ
သူ့ဆီရောက်လာခဲ့တယ် ။
★ စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့
ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့
သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု အတိုင်းအတာကို
ကျွန်တော် တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ
ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင် ခဲ့ရကြောင်းကို ကျွန်တော်တို့
ဝမ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ
- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ အဲ့ဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ အဲ့ဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။
★ “
စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက
အမြဲတမ်းလိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက်
ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက ဘယ်တော့မှ
လိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”
★ အဲဒီပြန်စာရပြီး
နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြော ချင်တာ
ကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကိုဖြေလိုက်တယ် ။
➳ လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။
ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ”
ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ”
★ “ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က
ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က
ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက်
သင်ခန်းစာယူပြီးအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။
----------------------------------------
★ ဘယ်သူမှ မသိဘူး
ဆိုပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုဖောက်ဖျက်လိုက်ခြင်းဟာ တကယ်တော့ ကိုယ့်အ
တွင်းစိတ်ကိုကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့တူပါတယ် ။
မနေ့ကပြုလုပ်ခဲ့တဲ့အမှားတွေနောင်တတွေကို ဒီနေ့အထိ
သယ်ဆောင်လာခဲ့ရမှာမဟုတ်ပါဘူး ။ ဖြစ်ခဲ့သမျှကို အကောင်းဆုံးသင်ခန်းစာယူလို့
ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို
မြင့်မားအောင် တည်ဆောက်ပါ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့
နိမ့်ပါးတဲ့အသိ ဥာဏ်ကို ကောင်းမွန် တဲ့ကိုယ်ကျင့်တ ရားက
ကာကွယ်ဖြည့်ဆည်းပေးပါလိမ့်မယ် ။
Interview with the success man အား ခံစားဘာသာပြန်သည် ။
သက်တန့်ချို
သက်တန့်ချို
0 comments:
Post a Comment