▶ လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
▶ ပြန်သွားတော့လဲ တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
▶ လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ. လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျှင်
ခရီးနှင်သည် တို့လျှင်ဧည့်သည်ပါတကား။
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ. လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျှင်
ခရီးနှင်သည် တို့လျှင်ဧည့်သည်ပါတကား။
သီတဂူ ကြယ်တစ်ပွင့်
0 comments:
Post a Comment