Monday, 26 March 2018

ရှည်လွန်းလှတဲ့သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့သူ မရှိပါ။ ■■■■■■■■■■■■■■■■■■■■■■■■

Image may contain: sky, cloud, text, outdoor and nature
 သံသရာဆိုတာ ရှည်လွန်းလှပါတယ်။
ရှည်လွန်းလှတဲ့ သံသရာဝဲသြဃထဲမှာ
ဘဝမျိုးစုံနဲ့ မြှုပ်ချည်တစ်ခါ ပေါ်ချည်တလှည့်
အောက်ရောက်လိုက် အထက်ဆန်လိုက်နဲ့
ကျင်လည်ခဲ့ရတဲ့ မရေတွက်နိုင်တဲ့
ဘဝမျိုးစုံထဲမှာ သားနဲ့သမီး၊ လင်နဲ့မယား၊
အမိနဲ့အဖ၊ ဆွေမျိုးသားချင်းဆိုတာ
မတော်စပ်ခဲ့ဘူးသူ မရှိဘူးလို့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
မိန့်ကြားခဲ့တာကို ကြားနာခဲ့ရပါတယ်။
နာကြားခဲ့ရတဲ့ ဒေသနာတော်တွေကို
အဖန်တလဲလဲ တွေးရင်း
ငါ့သားသမီးတွေ ဇနီးမယားတွေ
အဖေအမေတွေ ငါ့ဆွေမျိုးတွေထဲက
တချို့လည်း အပါယ်(၄)ဘုံထဲမှာ
ကူးခါ ခပ်ခါ နေကြဆဲ ဖြစ်မှာပါ။
တချို့ကြတော့
သုဂတိဘုံမှာ ကျင်လည်နေကြတာ ရှိမှာပါပဲ။
တချို့လည်း ခန္ဓာရုပ်သိမ်းတဲ့ နိဗ္ဗာန်ကို
အပြီးတိုင် စံမြန်းကြသူတွေလည်း
ရှိကြမှာပါဆိုပြီးတော့-
အဲဒါတွေ တွေးမိတိုင်း
သက်ရှိသတ္တဝါတွေ အပေါ်မှာ
မေတ္တာတွေ ထားနိုင်အောင်
ဂရုဏာတွေ ထားနိုင်အောင်
မုဒိတာတွေ ပွားနိုင်အောင်
သတိကပ်ပြီး ကိုယ့်ကိုယ် ကို ဆုံးမမိပါတယ်။
ရုပ်စွအဆုံး ခွေးလေး ကြောင်လေးတွေက အစ
သေးငယ်တဲ့ သတ္တဝါလေးတွေ အထိ
မရိုက်မိအောင် မသတ်မိအောင်
အဖန်တလဲလဲ ဆုံးမပြီး တခုသောဘဝမှာ
ငါနဲ့ပက်သက်တဲ့ ဆွေတ်ာမျိုးတော်တွေဘဲလို့
ဆင်ခြင်လိုက်တာနဲ့
အကုသိုလ်ကံမြောက်အောင်
မပြုလုပ်မိတော့ပါဘူး။
ဆွေတော်မျိုးတော်-
ဓမ္မမိတ်ဆွေတို့ အနေနဲ့လည်း
"သံသရာကမတော်စပ်ခဲ့ဘူးသူမရှိ" ဟု ဆိုတဲ့
အသိတရား နဲ့ ဆင်ခြင်ပြီး
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေ
မဖြစ်ရအောင် ပယ်သတ်ပြီး
ဖြစ်ပေါ်နေဆဲ ကုသိုလ်တွေကိုသာ ပွားများရင်း
မဂ်ကုသိုလ်နဲ့ သံသရာကို ချဲ့ထွင်စေသည့်
ပပဉ္စတရားဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိ တို့ကို
ပယ်သတ်နိုင်အောင် ကြိုးစားကြပါလို့
လက်တွဲဖော် ဓမ္မမိတ်ဆွေ
ဆွေတော်မျိုးတော် အပေါင်းတို့အား
ရင်ထဲက နှစ်နှစ်ကာကာ
တိုက်တွန်းကုသိုလ် ပြုလိုက်ရပါတယ်။
သံဝေဂ နဲ့ မေတ္တာ ရင်ထဲမှာ ပေါ်လာလို့
ဤပို့စ်လေးကို ရေးသားကုသိုလ်ယူလိုက်တာပါ။
✍️စာရေးသူ - ဇာဏီ(ကံမ)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support