Monday, 26 March 2018

“သင်သေသွားသော်” (ဆရာဇော်ဂျီ) ••••••••••••••••••••••

Image may contain: text

  သြော်...၊
လူ့ပြည်လောက လူ့ဘ၀ကား၊
အိုရ...နာရ...သေရဦးမည်၊
မှန်ပေသည်တည့်၊
သို့တပြီးကား...၊
သင်... သေသွားသော်၊
သင်ဖွားသောမြေ၊
သင်တို့ပြည်သည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏၊
သင်၏ မျိုးသား၊
စာစကားလည်း၊
ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊
အမျှဝေရာစေတီသာနှင့်၊
သစ္စာအရောင်၊
ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက်၊
ကျန်စေတည်း။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support