❀ ❀ ❀
အသက် ၇၀ ကျော် အဖွားအိုကြီး တစ်ဦးသည် လူအို၏
ဧည့်ခန်းတွင် ထိုင်စောင့်နေသည်၊ နာရီအနည်းငယ် ကြာအထိစောင့်နေပြီးမှ သူနာပြုဆရာမတစ်ဦးက လာခေါ်သဖြင့် လက်တွန်းကုလားထိုင်တစ်ခုဖြင့် လိုက်ပါလာသည်၊ လမ်းတလျောက်တွင် သူနာပြုဆရာမလေးက အဖွားအတွက် အခန်းမှာ ယခုမှပင် အဆင်သင့်ဖြစ်သဖြင့် လာခေါ်ရခြင်းဖြစ်ကြောင်း ပြောပြ
သည်၊ ထိုအခါအဖွားအိုက လာခေါ်သည်ကို အထူး ကျေးဇူးတင်ကြောင်း၊ ပြုံးရယ်လျှက်ပြန်ပြောသည်၊ ထိုပြင် ယခုပြင်ဆင်ထားသော အခန်းကို လည်း သူမကျိန်းသေပေါက် ကြိုက်နှစ်သက်မှာ ဖြစ်ကြောင်းပြန်ပြောပြသည်၊
ထိုအခါ သူနာပြုက အဖွားက မြင်တောင်မမြင်ရသေးတဲ့
အခန်းကိုဘာကြောင့် ကြိုက်မည်ဟု ပြောတာလဲဟုမေးရာ
အဖွားအိုက "အခန်းကို ကြိုက်တယ် မကြိုက်ဘူး၊ နေပျော်မယ် မပျော်ဘူးဆိုတာ
အခန်းရဲ့ အပြင်အဆင် ထက် မိမိရဲ့စိတ်နဲ့ဘဲပိုဆိုင်တယ်၊ မိမိရဲ့
စိတ်က လက်ခံအောင် ကြိုက်အောင်ကြိုပြင်ထားရင်
ကြိုက်မှာအမှန်ဘဲ၊ တဆက်တည်းပြောရရင်
အဖွားမှာ မနက်မိုးလင်းလာရင် ရွေးစရာနှစ်ခုရှိတယ်၊
အိပ်ရာပေါ်မှာဘဲနေပြီး မစွမ်းဆောင်နိုင်တော့တဲ့အခြေအနေတွေကို တွေးပြီး စိတ်ပျက်နေမလား၊ ဒါမှမဟုတ် အိပ်ရာကထပြီး တတ်နိုင်သလောက် လုပ်နိုင်တာလေးတွေလုပ်ပြီး နေထိုင်မလား ဆိုတာပါဘဲ၊ အဖွားက ဒုတိယနည်းနဲ့ နေထိုင်ပါတယ်၊ မိုးလင်းလို့ မျက်စေ့ပွင့်တာနဲ့ ငါနေခွင့်ရတဲ့ တနေ့တာဟာ ငါ့အတွက် အင်မတန်ကောင်းတဲ့ လက်ဆောင်မွန်ပါလား
ဆိုတဲ့ အသိနဲ့ ရှင်သန်ပါတယ်၊
နောက်ပြီး အခုအချိန်အသက်ကြီးလာတဲ့အခါ အရင်က စုဆောင်းထားခဲ့တဲ့ ဘဝတသက်တာ ကောင်းကောင်းမွန်မွန် နေခဲ့တာတွေ သူများကို ကူညီခဲ့တာလေးတွေကို တွေးပြီးပျော်နေရတာပေါ့၊ ဒါကြောင့်ဘဝ ဆိုတာ ငွေစာရင်းတစ်ခုလိုပါဘဲ၊ ကောင်းတာလေးတွေကို စုဆောင်းထားဖို့လိုအပ်ပါတယ်၊ သမီးတို့လည်းအခုအဖွားကို ကူညီတယ်ဆိုတာ သမီးတို့ရဲ့ငွေစာရင်းနဲ့တူတဲ့ဘဝထဲမှာကောင်းတာလေးတွေကို စုဆောင်းနေတာဘဲလေ၊ အဲဒီလို ကောင်းတာလေးတွေလုပ်နိုင်ဖို့ကး
အမုန်းတရားတွေ ကင်းအောင်နေရမယ်၊ စိတ်ပူပန်တာတွေ လျော့ရမယ်၊ ရိုးစင်းစွာ နေထိုင်တတ်ရမယ်၊
သူတပါးကို ကိုယ်က ပေးနိုင် ကူညီနိုင်အောင်ကြိုးစားရမယ်၊
သူများဆီက ရယူလိုတဲ့ စိတ်ဓါတ်ကို လျော့ရမယ်
ဟု စိတ်ပါလက်ပါ ရှင်းပြလေသည်။ ။

Credit Ashoka Rama
0 comments:
Post a Comment