လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက်
လူရှင်းရှင်း နားအေးအေးနေရာမှာ
သက်တောင့်သက်သာလေး ပိုနေချင်လာတယ်..
လူရှင်းရှင်း နားအေးအေးနေရာမှာ
သက်တောင့်သက်သာလေး ပိုနေချင်လာတယ်..
အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက်
ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ
လုံလောက်လာတယ်..
ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ
လုံလောက်လာတယ်..
'ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်'
ဆိုတာတွေလည်း နည်းလာပြီး
ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်..
ဆိုတာတွေလည်း နည်းလာပြီး
ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်..
'ဘာရလို့ ပိုပျော်တယ်' ဆိုတာလည်း
မရှိသလောက် ရှားသွားပြီး
ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း
အလိုက်သင့်လေး နေတတ်လာတယ်..
မရှိသလောက် ရှားသွားပြီး
ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း
အလိုက်သင့်လေး နေတတ်လာတယ်..
ငွေတန်ဖိုးကို ပိုသိလာတယ်..
မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်..
မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်..
ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး
ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်..
ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်..
အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်း ဦးစားပေးတတ်လာတယ်..
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်း ဦးစားပေးတတ်လာတယ်..
ကြီးရင့်ခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်
တည်ငြိမ်ရင့်ကျက်ခြင်းရဲ့
အစဖြစ်ကြောင်းကိုလည်း
ပြောင်းလဲစပြုလာတဲ့
ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
သတိထား လက်ခံတတ်လာတယ်...။
တည်ငြိမ်ရင့်ကျက်ခြင်းရဲ့
အစဖြစ်ကြောင်းကိုလည်း
ပြောင်းလဲစပြုလာတဲ့
ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
သတိထား လက်ခံတတ်လာတယ်...။
Ashin Vicitta
0 comments:
Post a Comment