"ကိုယ့်ရဲ့စိတ်ကလေး
သန့်ရှင်းဖြူစင်အောင် ကြိုးစားဖို့လိုအပ်ခြင်း"
သန့်ရှင်းဖြူစင်အောင် ကြိုးစားဖို့လိုအပ်ခြင်း"
➳ ရုပ်ညစ်နွမ်းလို့ သတ္တဝါ ညစ်နွမ်းတာမဟုတ်ဘူး။
➳ ရုပ်စင်ကြယ်လို့ သတ္တဝါ စင်ကြယ်တာမဟုတ်ဘူး။
➳ ရုပ်စင်ကြယ်လို့ သတ္တဝါ စင်ကြယ်တာမဟုတ်ဘူး။
★ စိတ်ညစ်နွမ်းရင် သတ္တဝါ ညစ်နွမ်းတယ်။
စိတ်စင်ကြယ်ရင် သတ္တဝါ စင်ကြယ်ရတယ်လို့ နားလည်ပြီးတော့ မိမိတို့ရဲ့စိတ်ကို ဖြူစင်အောင် သန့်ရှင်းအောင် ကြိုးစားဖို့လိုတယ်။
စိတ်စင်ကြယ်ရင် သတ္တဝါ စင်ကြယ်ရတယ်လို့ နားလည်ပြီးတော့ မိမိတို့ရဲ့စိတ်ကို ဖြူစင်အောင် သန့်ရှင်းအောင် ကြိုးစားဖို့လိုတယ်။
➳ များသောအားဖြင့် လူတွေက သူများတွေရဲ့
အပေါ်မှာတော့ မိမိတို့က ဘယ်လိုခံစားသလဲဆိုရင်
စိတ်ဓာတ်လေးတွေ အတော့်ကို ကောင်းမှ ကြိုက်တာ။
အပေါ်မှာတော့ မိမိတို့က ဘယ်လိုခံစားသလဲဆိုရင်
စိတ်ဓာတ်လေးတွေ အတော့်ကို ကောင်းမှ ကြိုက်တာ။
➳ လောဘတွေကြီးတယ်ဆိုရင် ကြိုက်လား?
➳ တစ်ခြားသူတွေ လောဘတွေ
မတရားကြီးတယ်ဆိုရင် မကြိုက်ဘူး မုန်းတယ်။
မတရားကြီးတယ်ဆိုရင် မကြိုက်ဘူး မုန်းတယ်။
➳ အဲလိုပဲ ထစ်ခနဲရှိ စိတ်တိုတယ် ဒေါသတွေ အားကြီးတယ်ဆိုရင်လည်း အဲလူကို မကြိုက်ဘူး။
➳ မာနတွေကြီးတယ်ဆိုရင်လည်းမကြိုက်ဘူး။
➳ မနာလိုမှုတွေ ဝန်တိုမှုတွေ ကောက်ကျစ်မှုတွေ
ရှိနေရင် ကိုယ်ကမကြိုက်ဘူး။➳
ရှိနေရင် ကိုယ်ကမကြိုက်ဘူး။➳
➳ သူများသန္တာန်မှာ မကောင်းတဲ့စိတ်တွေ ရှိရင် ကိုယ်ကမကြိုက်ဘူး။
➳ လူတစ်ယောက်ကို မုန်းတယ်ဆိုတာ များသောအားဖြင့် ရုပ်ကြီးကို မုန်းတာထက် စိတ်ကိုမုန်းကြတာဟုတ်လား?
➳ ရုပ်က ဘယ်လောက်ပဲ မလှရင် နေပါစေ
စိတ်ကလေးက တကယ်မြတ်နိုးစရာကောင်းတယ်ဆိုရင်
ရေစက်နီးကြတာပဲ ဟုတ်တယ်မဟုတ်လား?
စိတ်ကလေးက တကယ်မြတ်နိုးစရာကောင်းတယ်ဆိုရင်
ရေစက်နီးကြတာပဲ ဟုတ်တယ်မဟုတ်လား?
➳ စိတ်ကို အဓိက လူတွေဟာ
တစ်ယောက်နဲ့ တစ်ယောက် ခံစားကြတာ။
တစ်ယောက်နဲ့ တစ်ယောက် ခံစားကြတာ။
➳ အပေါ်ယံကြည့်ရင်တော့
ရုပ်ကိုခံစားတယ်လို့ ထင်ရပေမယ့် များသောအားဖြင့်
စစ်စစ်ပေါက်ပေါက် လေးလေးနက်နက် စဉ်းစားကြည့်ရင်
တစ်ယောက်နဲ့တစ်ယောက် ဘာကိုခံစားကြတာလဲ
စိတ်ကိုခံစားကြတာ။
ရုပ်ကိုခံစားတယ်လို့ ထင်ရပေမယ့် များသောအားဖြင့်
စစ်စစ်ပေါက်ပေါက် လေးလေးနက်နက် စဉ်းစားကြည့်ရင်
တစ်ယောက်နဲ့တစ်ယောက် ဘာကိုခံစားကြတာလဲ
စိတ်ကိုခံစားကြတာ။
➳ အစက အင်မတန်ချစ်မြတ်နိုးတယ်လို့
ဆိုသော်လည်းပဲ နောက်တော့ စိတ်ဓာတ်ကြီးကို
သဘောမကျရင် မုန်းသွားတယ်ဆိုတာမျိုး မရှိဘူးလား?
ဆိုသော်လည်းပဲ နောက်တော့ စိတ်ဓာတ်ကြီးကို
သဘောမကျရင် မုန်းသွားတယ်ဆိုတာမျိုး မရှိဘူးလား?
➳ ဒီလူ ဒီလူကိုပဲ အစက မြတ်နိုးတယ် ပြီးတော့ မမြတ်နိုးနိုင်ဘူး။
➳ ဘာကိုမကြိုက်လို့ အဲလို ဖြစ်သွားတာလဲ?
➳ စိတ်ဓာတ်ကို မကြိုက်ကြလို့။
➳ အဲတော့ မိမိရဲ့စိတ်ဟာ သူတစ်ပါးကိုကြတော့ စိတ်ကလေးတွေ ကောင်းမှ မြတ်နိုးနိုင်ကြတယ် မေတ္တာထားနိုင်ကြတယ်။
➳ စိတ်ဓာတ်မကောင်းလို့ရှိရင် မမြတ်နိုးနိုင်ဘူး မုန်းတီးကြတယ်။
➳ အဲလိုဆိုရင် ငါတကယ်လို့ စိတ်ဓာတ်မကောင်းဘူး
ညစ်နွမ်းမှုတွေများနေမယ်ဆိုရင် အောက်တန်းကျနေမယ်ဆိုရင် တစ်ပါးသောသူတွေကလည်း
ငါ့ကို မြတ်နိုးနိုင်ကြမယ် မဟုတ်ဘူးလို့ကိုယ်နဲ့ နှိုင်းစာပြီးတော့
ကိုယ့်ရဲ့စိတ်ဓာတ်ကလေး သန့်ရှင်းအောင်ြ့ဖူစင်အောင်
ကြိုးစားဖို့လိုတယ်နော်။
ကိုယ့်ရဲ့စိတ်ဓာတ်ကလေး သန့်ရှင်းအောင်ြ့ဖူစင်အောင်
ကြိုးစားဖို့လိုတယ်နော်။
သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ
0 comments:
Post a Comment