ရောင့်ရဲခြင်းဆိုတဲ့ ဥစ္စာပစ္စည်းပိုင်ထားရင် သူ သူဋ္ဌေးကြီး ပဲ။ ဒီပြင်
လောကီပစ္စည်းတွေ ဘယ်လောက်ပဲ ပိုင်ပိုင် ရောင့်ရဲခြင်းဆိုတဲ့ ဥစ္စာပစ္စည်း
မရှိဘူးဆိုရင်တော့ သူဟာ လူဆင်းရဲ တစ်ယောက်ပဲ။
ဘေးအမြင်တော့ သူဋ္ဌေးကြီးပေါ့နော်။
ဒါပေမယ့် သူ ဆင်းရဲတာကိုပဲ သူ ခံစားနေရမှာ။ မရောင့် ရဲရင် ချမ်းသာခြင်းအရသာကို လုံးဝ မခံစားရနိုင်ဘူး။
ဒါကြောင့် ဒါလေးကို နည်းနည်း စဉ်းစားစေချင်တယ်ဗျ။
ရောင့်ရဲမူမရှိရင် ချမ်းသာသုခ လုံးဝ မရှိနိုင်ဘူး။ အဲဒီ အချိန်မှာ။
ဘယ်လောက်ပဲ ရှိရှိနော်။ ဦးပဉ္စင်း ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်---
ရှေးတုန်းက မြင်းတွေနှင့် ကုန်ကူးတဲ့ မြင်းကုန်သည်တစ်စု
အုပ်စုဖွဲ့ပြီးတော့ ကုန်ကူးကြတာ။ အဲဒါ အဲဒီလို ခရီးသွား ရင်းနှင့် အရေးကြီးတယ်ဆိုပြီးတော့၊ လကလည်း မှောင် မှောင်မိုက်မိုက်၊ တောအုပ်ကြီးတစ်ခုကို ဖြတ်ကြတာ။
အုပ်စုဖွဲ့ပြီးတော့ ကုန်ကူးကြတာ။ အဲဒါ အဲဒီလို ခရီးသွား ရင်းနှင့် အရေးကြီးတယ်ဆိုပြီးတော့၊ လကလည်း မှောင် မှောင်မိုက်မိုက်၊ တောအုပ်ကြီးတစ်ခုကို ဖြတ်ကြတာ။
ဖြတ်တော့ ချောင်းကလေးလို အရာလေး သူတို့ ဖြတ် တယ်။ ဘာမှ မြင်တာမဟုတ်ဘူး။ အဲဒီမှာ တောအုပ်ထဲက နေ လှမ်းပြီးတော့ အမိန့်ပေးတယ်---
"ဟေ့-အားလုံးရပ်"
ဟာ- ကြောက်တယ်၊ ဘာနှင့်များ လှမ်းပစ်လိုက်မလဲ မသိ ဘူး။ အဲဒါနှင့် မြင်းတွေ အကုန်ရပ်တော့--
"အဲဒီမြင်းပေါ်က အကုန်ဆင်း" အကုန်ဆင်းရတယ်။
"ပြီးတော့ မင်းတို့ ခြေထောက်အောက်က ကျောက်ခဲတွေ ကို မင်းတို့မှာ ပါတဲ့ အိတ်ထဲက ကုန်ကို သွင်ပြီးတော့ ထည့်"လို့ ဆိုတယ်တဲ့။
ဟာ-ဒုက္ခပဲ၊ ကုန်ကိုသွင်ပြီးတော့ ကျောက်ခဲထည့်ရမယ်။
အဲဒါနှင့် ကြောက်ကြောက်လန့်လန့်နှင့် အဲဒီမှာ အိတ်တစ် အိတ်ကို ဆွဲချပြီးတော့ အိတ်ထဲက ကုန်ပစ္စည်းတွေကို သွန် ပြီးတော့ အဲဒီ ကျောက်ခဲတွေကို ထည့်တယ်။
အဲဒါနှင့် ကြောက်ကြောက်လန့်လန့်နှင့် အဲဒီမှာ အိတ်တစ် အိတ်ကို ဆွဲချပြီးတော့ အိတ်ထဲက ကုန်ပစ္စည်းတွေကို သွန် ပြီးတော့ အဲဒီ ကျောက်ခဲတွေကို ထည့်တယ်။
"ပြီးရင် စည်းပြီးတော့ အဲဒီမြင်းပေါ်ကို အဲဒီကျောက်ခဲ အိတ်တင်ပြီးတော့ မြန်မြန်သွားကြ၊ ငါ မမြင်ချင်ဘူး"လို့ ပြောတယ်တဲ့။
ဟာ-ကြောက်တယ်၊ အဲဒါနှင့် တစ်ခါတည်း အကုန်လုံး အဲ ဒီကြောက်ခဲအိတ်ကြီး
တင်ပြီးတော့ မြင်းတွေ ဒုန်းစိုင်းပြီး တော့ စီးတယ်။အဲဒါနှင့် ရန်သူနှင့်
ဝေးအောင်ဆိုပြီး အ တင်းစိုင်းတယ်။ မရပ်ရဲဘူး။အဲဒါနှင့် အရုဏ်လေးကျင်း
အလင်းရောက်ပြီဆိုတော့၊ မိုးသောက်လေး၊ အလင်း ရောင်လေး၊ ရောင်နီလေးလည်း
လာပြီဆိုတော့၊ မြင်းတွေ ကိုယ်စီရပ်၊ နည်းနည်းဝေးခဲ့ပါပြီ၊ ကဲ-မြင်းတွေလည်း
လေးလှပါပြီဆိုပြီးတော့ အဲဒီ ကျောက်ခဲအိတ်ကို အောက် ဖြုတ်ချ၊ ကျောက်ခဲတွေ
သွန်မယ်ဆိုပြီးတော့ မြင်းပေါ်က ဆင်း၊ အဲဒီမှာ ကျောက်ခဲအိတ်ကို ဖြေကြည့်တော့
အံ့သြ စရာ ကောင်းတယ်၊ ကျောက်ခဲတွေ မဟုတ်ဘဲနှင့်၊ ကျောက်သံပတ္တမြားတွေ
ဖြစ်နေတယ်တဲ့။
အဲဒါ ပုံပြင်ပြောတဲ့လူက ပြောထားတယ်။ အဲဒီကုန်သည်
တွေဟာ တစ်ယောက်မှ ဝမ်းမသာပါဘူးတဲ့။ ကျောက်သံ ပတ္တမြားတွေကို အိတ်ကြီးနှင့်
အပြည့်ရခဲ့တာကို တစ် ယောက်မှ ဝမ်းမသာနိင်ဘူးတဲ့။ တစ်ယောက်မှ စိတ်မချမ်း
သာဘူးတဲ့။
ဘာဖြစ်လို့လဲဆိုတော့- "ဒီလိုမှန်းသိရင် ကျန်တဲ့ အိတ်ထဲ က ကုန်တွေပါ သွန်ပြီးတော့ အိတ်တွေ အကုန်လုံး ထည့်ခဲ့
ပါတယ်လို့" စဉ်းစားနေလို့တဲ့။
ပါတယ်လို့" စဉ်းစားနေလို့တဲ့။
တကယ်ဆိုရင် တစ်အိတ်ဆိုရင် တော်တော်ကြီးကို လုံ လောက်သွားပါပြီ။ သို့သော်လည်းပဲ အဲဒီတစ်အိတ်ကဟာ ကို သူတို့ မခံစားဘူး။
" မထည့်ခဲ့ရသော အိတ်တွေအတွက် ခံစားတာ"
ဒါကြောင့် ဒါယကာ ဒါယိကာမတို့မှာ အဆင်ပြေနေတာ တွေ အများကြီး ရှိတယ်ဗျ။
ကိုယ့်မှာ ရှိနေတာ ရတာနေ တာတွေကို ခံစားပါအုံး။ မရှိတာ၊ မရသေးတာကိုလှမ်း
မျှော်ပြီးတော့ မောနေမှာ စိုးလို့။
လူဆိုတာနော်-တစ်ခါတလေ
ခက်တော့ခက်တယ်၊ ကိုယ့် ကောင်းတာတွေ ရှိနောကို သတိမထားမိဘဲနှင့် ကိုယ်ရ
ချင်တာတွေ မောပြီးတော့ လောနေတာတွေ အများကြီး ရှိတယ်။
သစ္စာရွှေစည်ဆရာတော်
0 comments:
Post a Comment