Monday, 26 March 2018

❝ တရားသိလျှက် အကျင့်ခက် ❞ ■■■■■■■■■■■■■■■■

 Image may contain: 1 person, text
 " တရားသိလျှက် အကျင့်ခက် " ဆိုတာ
သိတော့သိတယ်။
သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့
မလွယ်ကူဘူးတဲ့။
သိတယ်ဆိုတဲ့နေရာမှာ
သင်ထားလို့ သိတဲ့ အသိက တစ်မျိုးပေါ့။
လက်တွေ့ကျင့်သုံးပြီး သိတဲ့ အသိက
တစ်မျိုးဖြစ်တယ်။
အဲဒီ (၂) မျိုးထဲမှာ သင်ထားလို့ သိတဲ့ အသိက
လက်တွေ့ကျင့်သုံးပြီးတော့
သိတဲ့ အသိလောက်...
ခိုင်မာမှု ရင့်ကျက်မှု မရှိဘူးတဲ့။
ဘာဖြစ်လို့ သတ္တဝါတွေဟာ...
သိလျက်သားနဲ့ မကျင့်နိုင်တာလဲဆိုတော့...
မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့...
လောဘ ဒေါသ မောဟ စတဲ့...
ကိလေသာတွေ လွှမ်းမိုးမှုက
အင်မတန်မှ အားကောင်းပြီးတော့
အသိဥာဏ်က
အားပျော့သေးသိမ်နေလို့ပဲ ဖြစ်တယ်။
အကယ်၍သာ အသိဥာဏ်က
လွှမ်းမိုးသွားမယ်ဆိုရင် ……
လောဘ ဒေါသ မောဟ စတဲ့
ကိလေသာတွေက အင်အားပျော့သွားပြီး
တရားသိလျက် အကျင့်ခက်စရာ
မရှိတော့ဘူးတဲ့။
သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်
အားထုတ်နေမှာ ဖြစ်ပါတယ်။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support