❆ ပဉ္စဂ္ဂဒါယကသည် ပုဏ္ဏားကြီးတစ်ဦးဖြစ်သည် ။
သို့သော် ပုဏ္ဏားမျိုးနွယ်စုတို့၏ ရိုးရာစဉ်လာအတိုင်း `ဝေဒပညာရပ် ´ဖြင့် အသက်မွေးဝမ်းကျောင်း မပြုသလို ရိုးရာကိုးကွယ်မူ့ကိုလဲ မပြုသည့် ပုဏ္ဏားကြီးပင် ဖြစ်၏။
သို့သော် ပုဏ္ဏားမျိုးနွယ်စုတို့၏ ရိုးရာစဉ်လာအတိုင်း `ဝေဒပညာရပ် ´ဖြင့် အသက်မွေးဝမ်းကျောင်း မပြုသလို ရိုးရာကိုးကွယ်မူ့ကိုလဲ မပြုသည့် ပုဏ္ဏားကြီးပင် ဖြစ်၏။
❆ ပဉ္စဂ္ဂဒါယကပုဏ္ဏားသည်
လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုသလို ဗုဒ္ဓဘာသာဝင်
တစ်ဦးလည်း ဖြစ်ပေသည် ။ ထူးခြားသည့် ပုဏ္ဏားဟူ၍ ဆိုရမည်သာ ဖြစ်သည် ။
❆ ဤပုဏ္ဏားသည် လယ်လုပ်သော ပုဏ္ဏားဖြစ်၍ နှစ်စဉ်နှစ်တိုင်း ကောက်ဦးငါးကြိမ် ပေးလှူလျက်ရှိသူ ဖြစ်၏ ။
ကောက်ဦးငါးကြိမ်ဆိုသည်မှာ -
➳ မိမိ၏ လယ်မြေမှ ရှေးဦးစွာ မှည့်ရင့်သော စပါးများကို ရိတ်သိမ်းပြီး ဆန်ဖြစ်အောင်ပြုလုပ် ဆွမ်းချက်၍ သံဃာတော်များအား လှူသော လယ်ဦးအလှူ ၊
➳ စပါးကို ရိတ်သိမ်း စုပုံပြီး ထိုစပါးပုံထဲမှ အဦးအဖျားကို ဆန်ဖြစ်အောင် ပြုလုပ်ကာ ဆွမ်းချက်၍ သံဃာတော်များအား လှူသော စပါးပုံဦးအလှူ ၊
➳ စပါးမျယးကို ကျီ၌ထည့်သွင်းပြီးနောက် အချိန်တန်၍ ကျီဖွင့်သောအခါ ရှေးဦးထုတ်ယူသော စပါးကို ဆန်ဖြစ်အောင် ပြုလုပ်၍ သံဃာတော်များအား လှူသော ကျီဦးအလှူ ၊
➳ မိမိအိမ်၌ ထမင်းချက်တိုင်း အဦးအဖျားကို ခူးခပ်၍ သံဃာတော်များအား လှူသော အိုးဦးအလှူ ၊
➳ မည်သည့်အချိန်စားစား မိမိ၏ စားဦးကို မွန်းမလွဲမီဖြစ်လျှင် သံဃာတော်များလည်းကောင်း မွန်းလွဲချိန်ဖြစ်လျှင် သူတောင်းစား ၊ ခွေး ၊ ကျီး ၊ ငှက်တို့အား လှူသော စားဦးအလှူ ဟူ၍ ဖြစ်ပါသည် ။

❆ ဤကဲ့သို့ ကောက်ဦးငါးကြိမ်ကို မပျက်မကွက် လှူတန်းခြင်းကြောင့် ဤပုဏ္ဏားကြီး၏ အမည်သည် ပဉ္စဂ္ဂဒါယက ဟူ၍ တွင်ခဲ့လေသည် ။
ပဉ္စ ➳ ငါးမျိုး
အဂ္ဂ ➳ အဦးအဖျား
ဒါယက ➳ ပေးလှူသူ
ပဉ္စ ➳ ငါးမျိုး
အဂ္ဂ ➳ အဦးအဖျား
ဒါယက ➳ ပေးလှူသူ
❆ ဤသို့သော အလှူငါးမျိုးကို ပေးလှူနေသော ပုဏ္ဏားကြီးကား မိမိထံသို့
ရောက်ရှိအလှူခံလာသော အလှူခံများအား မပေးမလှူ ဟူ၍ မရှိပဲ အမြဲတမ်းပင်
ပေးလှူလျှက် ရှိနေသည် ။
❆ တစ်နေ့သော နံနက်ခင်းတွင်
ပုဏ္ဏားကြီးသည် ထမင်းစားရန် အတွက် အသင့်ပြင်ဆင်ထားသော
ထမင်းစားပွဲတွင် ဝင်၍ထိုင်လိုက်သည် မိန်းမဖြစ်သူ ပုဏ္ဏေးမကြီးမှာ
ယောင်္ကျား ဖြစ်သူနှင့် အတူတူမစားပဲ အနားတွင် ထိုင်၍
ယပ်ခတ်ပေးနေသည် ။
❆ ပုဏ္ဏားကြီး ထမင်းစားနေစဉ်မှာပင်
မြတ်စွာဘုရားရှင်သည် အိမ်ရှေ့သို့ ကြွရောက်တော်မူလာပြီး
ဆွမ်းရပ်တော်မူလေသည် ထိုသည်ကို အိမ်အတွင်းဘက်သို့ မျက်နှာမူ၍
ထမင်းစားနေသော ပုဏ္ဏားကြီးမှာ မမြင်ပေ ၊ ပုဏ္ဏေးမကြီးမှာ
မြင်လိုက်သည် ရုတ်တရက်မို့ မျက်စိမျက်နှာပင်
ပျက်လုချင်ချင်ဖြစ်သွားသလိုလို `ဟင်-အလို ´ဟူသည့် အာမေဍိတ်သံပင်
ထွက်လုဆဲဆဲပါးစပ်ကို အချိန်မီ လက်ဝါးဖြင့် ပိတ်လိုက်ရသည် ။
❆
အမှန်တော့ ပုဏ္ဏေးမကြီးသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဘုရား တရား
သံဃာကို ရိုသေကိုင်းရိုင်းသူ ကြည်ညိုလေးစားသူ တစ်ဦးပင်ဖြစ်သည်
ထို့အပြင် မိမိယောင်္ကျားကဲ့သို့ အလှူရေစက် လက်နှင့်မကွာအောင်
သဒ္ဓါတရား ထက်သန်သူလည်း ဖြစ်သည် ။
❆ ယခုလို မြတ်စွာဘုရား
ဆွမ်းရပ်တော်မူနေတာသာ ပုဏ္ဏားကြီး မြင်တွေ့သွားပါက
ချက်ချင်းဆိုသလို ထမင်းစားနေခြင်းကို ရပ်၍ ထမင်းဟင်းများ
လောင်းလှူလိုက်မည်သာ ဖြစ်သည် ။
❆ ထိုသို့ဖြစ်ပါက
ပုဏ္ဏေးမကြီးသည် ပုဏ္ဏားကြီး ဆက်လက်၍ စားသသောက်ရန်အတွက်
ထမင်းဟင်းများကို ထပ်မံ၍ ချက်ပြုပ်ရမည် ဖြစ်၏ နံနက်စောစောထ၍
တမနက်ခင်းလုံး ထမင်းဟင်း ချက်ပြုပ်နေရသဖြင့် လွန်စွာမှပင်
ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ ထပ်မံ၍ မချက်ပြုပ်ချင်တော့ပါ ထပ်မံ
ချက်ပြုပ်ရန် ဝန်လေးနေပါသည် ။
❆ ထို့ကြောင့်လည်း
မြတ်စွာဘုရားရှင်အား ပုဏ္ဏားကြီး မမြင်တွေ့စေရန်အတွက် ခတ်နေသည့်
ယပ်ဖြင့် ကွယ်ထားလိုက်သလို မိမိ၏ ခန္ဓာကိုယ်နှင့်လည်း မသိမသာ
ကွယ်ထားလိုက်မိသည် ။
`နှုတ်မှလည်း တိုးတိုးဖြင့် ကန်တော့ဆွမ်းပါ ဘုရား ´ဟူ၍ လျှောက်ထားလိုက်သည်
`နှုတ်မှလည်း တိုးတိုးဖြင့် ကန်တော့ဆွမ်းပါ ဘုရား ´ဟူ၍ လျှောက်ထားလိုက်သည်
❆ သို့သော် မြတ်စွာဘုရားရှင်သည် ငါကြွသွားမည်မဟုတ် ဟူသည့်
သဘောဖြင့် ဦးခေါင်းတော်ကို လှုပ်ယမ်းခါပြလိုက်သည် ထိုအခါ
မြတ်စွာဘုရားရှင်၏ ထူးထူးခြားခြား ဦးခေါင်းတော် လှုပ်ယမ်းပြမူ့ကို
မြင်တွေ့လိုက်ရသော ပုဏ္ဏေးမကြီးသည် တအံ့တဩထြစ်ကာ
မအောင့်အည်းနိုင်တော့ပဲ ပြင်းစွာရယ်မောမိလိုက်သည် ။
❆
ပုဏ္ဏေးမကြီး၏ ရယ်မောခြင်းနှင့်တစ်ဆက်တည်းလိုလိုမှာပင်
မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ( ၆ ) ပါးကို ပုဏ္ဏားထံသို့
လွှတ်လိုက်ပါသည် ။
ရောင်ခြည်တော် ( ၆ ) ပါးမှာကား -
၁ ။ နီလရောင်ခြည်တော်
၂ ။ ပီတရောင်ခြည်တော်
၃။ လောဟိတရောင်ခြည်တော်
၎ ။ ဩဒါတရောင်ခြည်တော်
၅ ။ မဥ္ဇိဋ္ဌရောင်ခြည်တော်
၆ ။ ပဘဿ ရရောင်ခြည်တော်တို့ပင် ဖြစ်သည်
ရောင်ခြည်တော် ( ၆ ) ပါးမှာကား -
၁ ။ နီလရောင်ခြည်တော်
၂ ။ ပီတရောင်ခြည်တော်
၃။ လောဟိတရောင်ခြည်တော်
၎ ။ ဩဒါတရောင်ခြည်တော်
၅ ။ မဥ္ဇိဋ္ဌရောင်ခြည်တော်
၆ ။ ပဘဿ ရရောင်ခြည်တော်တို့ပင် ဖြစ်သည်
❆ ထိုအခါ ထမင်းကို မြိန်ရေရှက်ရေ စားသုံးနေသော ပုဏ္ဏားကြီးသည်
မိမိနားမှာနေ၍ အကြောင်းမဲ့ ရယ်မောလိုက်သော ပုဏ္ဏေးမကြီး၏
ရယ်မောသံကြောင့် တအံ့တဩဖြစ်သွားရသလို ကွန့်မြူးလာသော
မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်ကြောင့်လည်း ရုတ်တရက်ဖြစ်၍
အထိတ်တလန့်ဖြစ်ကာ -
`ဟင်....အို....အလို......´ဟူသည့် အာမေဍိတ်သံထွက်၍ နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်၏ ထိုအခါ ဣနြေ္ဒသိက္ခာအပြည့်ဖြင့် ဆွမ်းရပ်နေသည့် မြတ်စွာဘုရားရှင်အား တွေ့မြင်လိုက်ရသည် ။
``ဟင် -မြတ်စွာဘုရားရှင် ဆွမ်းရပ်နေပါလား ´´ထိုကဲ့သို့ ရေရွတ်လိုက်ပြီး မိန်းမဘက်သို့ လှည့်၍
``အို...ရှင်မ ၊ သင်ဟာ မြတ်စွာဘုရားရှင် ဆွမ်းရပ်လာသည်ကို မြင်တွေ့ပါလျက်နဲ့ အဘယ်ကြောင့် မပြောကြားသနည်း ´´ဟူ၍ မကျေမနပ်ဖြင့် ပြောဆိုလိုက်ပါသည် ပုဏ္ဏေးမကြီးသည် မိမိ၏ အပြစ်ကြောင့် မည်သို့မျှပြောဆိုခြင်းမပြုဘဲ ခေါင်းငုံ့၍နေပါသည် ပုဏ္ဏားကြီးက ဤသို့ပြုမူသည်ကို မကျေနပ်နိုင်ပါ ။
``အိုး...ရှင်မ ၊ သင်ဟာ ပျက်စီးပြီ ၊ သာကီဝင်မင်းသား မြတ်စွာဘုရားဟာ ငါတို့ရဲ့ အိမ်ရှေ့တံခါးဝမှာ ရပ်နေသည်ကို မြင်တွေ့ပါလျက်နဲ့ ငါ့အား မပြောကြားဒူ ။သင်ဟာ လွန်စွာဝန်လေးသည့် အပြုအမူကို ပြုပေတာပဲ ´´
ထို့ကဲ့သို့ ရေရွတ်ပြောဆိုကာ စားပြီး၍ တစ်ဝက်မျှသာ ကျန်တော့သည့် ထမင်းဟင်း ထည့်ထားသည့် ခွက်များကို ယူဆောင်၍ ဆွမ်းရပ်နေသည့် မြတ်စွာဘုရားရှင်ရှိရာသို့ ထွက်လာခဲ့ပါသည် ပုဏ္ဏေးမကြီးလဲ ပုဏ္ဏားကြီး၏ နောက်မှကပ်ခါ ခပ်ယို့ယို့ကလေး လိုက်ပါလာခဲ့သည် ။

အရှင်ဂေါတမ တပည့်တော် ရုတ်တရက် မမြင်တွေ့မိသည်ကို သည်းခံ
ခွင့်လွှတ်တော်မူပါ ဘုရား ။ အရှင်ဂေါတမဘုရား ၊ တပည့်တော်သည်
ငါးပါးသောအရာတ်ု့၌ အဦးကို ပေးလှူပြီးမှသာ စားလေ့ရှိပါသည် ဘုရား ။
ဤထမင်းကို တပည့်တော်သည် အလယ်မှခွဲကာ တစ်ပုံစားပြီး၍
တစ်ပုံကြွင်းကျန်ပါသည် ဤကြွင်းကျန်သော တစ်ပုံကို အရှင်ဂေါတမအား
လောင်းလှူချင်ပါသည် ။ အရှင်ဂေါတမ အလှူခံပါမည်လား ဘုရား ။
❆
ပုဏ္ဏားကြီး ဤသို့ မဝံ့မရဲနှင့် လျှောက်ထားလိုက်သည် ။ အမှန်တော့
မိမိမှာ ယခုလို ထမင်းမစားသေးခင်တွင် မြတ်စွာဘုရားရှင် ကြွလာပြီး
ဆွမ်းရပ်လာပါက ဤသို့ လျှောက်ထားပြောကြားစရာမလိုပဲ
လောင်းလှူလိုက်မည်သာ ဖြစ်သည် ။ ယခုတော့ မိမိစားပြီးသည့်
အကြွင်းအကျန်ဖြစ်နေသည် အမျိုးအနွယ်အားဖြင့် ဖြစ်စေ
အခုလက်ရှိအနေအထားဖြင့် ဖြစ်စေ လွန်စွာမှပင်
မြင့်မြက်နေသည်ဖြစ်၍ အကြွင်းအကျန်အား အလှူခံလိုသည့် ဆန္ဒ ရှိ မရှိ
ကို မေးမြန်းလိုက်ခြင်းပင် ဖြစ်ပါသည် ။
ပုဏ္ဏားကြီး၏ စိတ်ထဲတွင်တော့ - `အို...ယခုလို မေးမြန်းသည်မှာ သင့်တော်ပါ့မလား ။ အကြွင်းအကျန်ကို လှူတန်းချင်သည့် ငါ၏ စိတ်ကကော ဖြူစင်ပါ့မလား ဒါပေမယ့်.... မြတ်စွာဘုရားရှင်ကတော့ ငါရဲ့အကြွင်းအကျန်ကို အလှူခံမှာ မဟုတ်ပါဘူးလေ´ဟူ၍ ထင်ထားသည် ယုံကြည်ထားသည် ။သို့သောလည်း -
``အို...ပုဏ္ဏားကြီး သင်၏စိတ်ထဲ စနိုးစနှောင့်မဖြစ်လင့် ။ သင်၏ စားဦးစားဖျားဖြစ်စေ ၊စားလယ်ဖြစ်စေ ၊ နောက်ဆုံး စားကြွင်းစားကျန်ဖြစ်စေ ငါဘုရား အလှူခံပါ၏ ´´

❆ ထိုသို့
မြတ်စွာဘုရားရှင်၏ ဖွင့်ဟပြောကြားမူ့ကို ကြားလိုက်ရသော
ပုဏ္ဏားကြီးခမျာမှာ မိမိထင်ထားသကဲ့သို့မဟုတ်ပဲ တခြားစီဖြစ်နေ၍
များစွာမှပင် အံ့ဩသွားသလို တိုး၍ တိုး၍ ၊ပို၍ ပို၍
ကြည်ညိုမိသွားပါတော့သည် ။
❆ စိတ်ထဲမှာလည်း -
ကြည့်စမ်း..အင်မတန်မှ အမျိုးမြတ်လှတဲ့ သာကီဝင်မင်းသားဖြစ်သလို ဘုရားမလုပ်လျှင် နတ်စည်းစိမ်မက ခံစား စံစားနိုင်တဲ့ စကြာဝတေးမင်း ဖြစ်နိုင်သူ ယခုကြည့်စမ်း လူအများရဲ့ ကြည်ညိုမူ့ ရှိခိုးကော်ရော်မူ့ကို ခံစားနေရတဲ့ အတုမရှိ အနှိုင်းမဲ့ မြတ်စွာဘုရရှင် ။ ဒီလိုပုဂ္ဂိုလ်က ငါ့ရဲ့ စားကြွင်းစားကျန်ကို အလှူခံသတဲ့ ။ အို...အံ့ဩဖွယ်ရာဖြစ်သလို ချီးကျူးဖွယ်ရာပါကလား ။ မယုံကြည်နိုင်စရာကောင်းလှတဲ့ ဖြစ်ရပ်ပေတကား ။

ထိုသို့တွေးတောကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် မိမိ၏
စားကြွင်းစားကျန် တစ်ပုံကို သဒ္ဓါတရား ထက်သန်စွာဖြင့်
မြတ်စွာဘုရားရှင်အား လောင်းလှူလိုက်သည် မြတ်စွာဘုရားရှင်လည်း
ဆွမ်းကို အလှူခံလိုက်သည် ။
``အို...ပုဏ္ဏားကြီး ၊ဆွမ်းဦးကို လှူသည်ဖြစ်စေ အကြွင်းအကျန်ကို လှူသည်ဖြစ်စေ လှူ၍ကောင်းသည်ချည်းပင် ဖြစ်သည် ။ ကိလေသာကုန်ခန်းပြီးသော ပုဂ္ဂိုလ်တို့ကား မည်သို့မျှ ထူးခြားမူ့ မဖြစ်ပါ ။ဆွမ်းဦးကို ရခြင်းကြောင့်လည်း ဝမ်းမြောက်ဝမ်းသာ မဖြစ်သလို ဆွမ်းကျန်ကို ရခြင်းကြောင့်လည်း ဝမ်းနည်းခြင်းမရှိပါ ပုဏ္ဏားကြီး ´´

အရှင်ဂေါတမဘုရား ၊ တပည့်တော်က စိုးရိမ်ပူပန်သည်မှာ တပည့်တော်၏
စားကြွင်းစားကျန်သဖွယ် ဖြစ်နေသော ဆွမ်းကို အရှင်ဂေါတမဘုရားမှ
အလှူခံပါ့မလားဆိုပြီး ၊ အလှူခံသည့်တိုင်အောင် စင်ကြယ်သောဒါန
ဖြစ်မှဖြစ်ပါ့မလား ဟူ၍ ဖြစ်ပါသည်ဘုရား ။
``အို..ပုဏ္ဏားကြီး ၊ သီလပြည့်စုံသူ အလှူခံပုဂ္ဂိုလ်အား သီလရှိသူ အလှူရှင်က တရားသဖြင့် ရှာဖွေရရှိထားသော ဓမ္မိယလဒ္ဓပစ္စည်းကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းသော ဒါနမျိုးကား -
လယ်မြေကောင်းတွင် မျိုးစေ့ကောင်းကို စိုက်ပျိုးသကဲ့သို့ အကျိုးကြီးမြင့်သော ဒါနပင်ဖြစ်သည်
ဤသို့သော ဒါနသည်ကား အလှူရှင်နှင့် အလှူခံ နှစ်ဦးနှစ်ဖက်စုလံးမှ စင်ကြယ်သောဒါန ဟူ၍ ခေါ်ဆိုပါ၏ ပုဏ္ဏားကြီး ´´

❆ မြတ်စွာဘုရားရှင်၏ မြွက်ကြားချက်ကို ကြားရ၍ ရှင်းရှင်းလင်းလင်း
သိလိုက်ရသည့် ပုဏ္ဏားကြီးတို့ လင်မယားမှာ များစွာမှပင်
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည် ။
❆ မြတ်စွာဘုရားရှင်က
ဆက်လက်၍ တရားဟောကြားရာ တရားဆုံးသည်နှင့် ပုဏ္ဏားကြီးနှင့်
ပုဏ္ဏေးမကြီးတို့ လင်မယားနှစ်ယောက်သည် အနာဂါမ်တည်သွားကြပါတော့သည် ။
မောင်မောင်ချစ်ဦး ( မုံရွာ )
သူရဇ္ဇမဂ္ဂဇင်း အတွဲ (၁၁)အမှက် (၂)
0 comments:
Post a Comment