▶
တရားဟူရာ၌ ကြားနာရွှတ်ဖတ်ရုံတွင်မကပဲ ထိုတရားတော်လာသည့်အတိုင်း
မိမိစိတ်ဖြစ်အောင် အလေ့အကျင့်ပြုထားသော ကိုယ့်ကျင့်တရား ဖြစ်မှသာ
အရေးကြုံလာလျှင် အားကိုးရာ ရနိုင်သည် ။
▶
ခန္ဓာကိုယ့် ကျန်းမာအောင် အစားအသောက် အနေအထိုင် စသည်ကို စည်းကမ်းကျကျ
ပြုပြင်ပါလျှင် ကျန်းမာနိုင်သကဲ့သို့ စိတ်ကိုလည်း တရားစည်းကမ်းကျအောင်
အလေ့အထပြုလျှင် စိတ်ချမ်းသာ၍ ဒုက္ခတွေ့သောအခါ ခံနိုင်ရည်ရှိ၏
▶ ထို့သို့ စိတ်ကိုပြုပြင်သော ကိုယ့်ကျင့်တရား မဟုတ်ပဲ နားထောင်ကောင်း၍ နာကြသာ တရားမျိုးကား အရေးကျလျှင် ကိုးကွယ်ရာမရနိုင်ချေ ။
▶
အလုပ်တွေက မမှန်ဘူး ။ ကာယကံ ဝစီကံ မနောကံတွေက မမှန်ကြဘူး ။ မှန်ဘူးဆိုတာ
မကောင်းဘူးလို့ ပြောရမှာပဲ ။ မကောင်းဘူး ဆိုရင်တော့ ကံလည်းမကောင်းဘူး ။
ကံမကောင်းရင် အကျိုးပေးလည်း မကောင်းတော့ဘူး ။
▶
အဲဒါကြောင့် ကံကောင်းအောင်ဆိုရင် နေ့စဉ်ပြုလုပ်သမျှ ကာယကံ ဝစီကံ မနောကံ
တွေလည်း ကောင်းအောင် ပြုပြင်ကြပါ ။ ပြောင်းလဲကြပါလို့ ဘုန်းကြီးက
သတိပေးနေတာ ။
▶
အချိန်တွေ ကုန်သမျှ ကုသိုလ်တွေနဲ့ချည်း ဖြစ်ပါစေ ။ ဒီသာသနာတော်ကြီးနဲ့
အကြောင်းကောင်းလို့ တွေ့ခွင့်ရကြတာ ကျေးဇူးဆပ်တဲ့ အနေနဲ့ သာသနာတော်ပေးတဲ့
အဆုံးအမအတိုင်း လိုက်နာ လိုက်ကြစမ်းပါ ။
▶
လူချင်းတူပေမဲ့ အတွင်းစိတ်ဓာတ်ချင်း မတူတာတွေ ရှိတယ် ။ ဒါကြောင့်
အကျိုးပေးပြီး ဆိုတော့လည်း အတွင်းစိတ်ဓါတ်အရ ကွာခြား သွားကြတော့တာပဲ ။
ဒါကိုပြောတာ ( ကံ ညဏ် အသံ ဆံ )ကို ပြိုင်လို့ မရဘူးဆိုတာ ။
ဒါကိုပြောတာ ( ကံ ညဏ် အသံ ဆံ )ကို ပြိုင်လို့ မရဘူးဆိုတာ ။
⏩ '' ကောင်းတာလုပ်ရင် ကောင်းကျိုးရ |
မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် '' ဆိုတာ ဒီဘုရား အဆုံးအမနဲ့ သိကြရတာ ။ ဒါကြောင့် ကောင်းတဲ့ အကြောင်းတွေ လုပ်ကြပါ ။
မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် '' ဆိုတာ ဒီဘုရား အဆုံးအမနဲ့ သိကြရတာ ။ ဒါကြောင့် ကောင်းတဲ့ အကြောင်းတွေ လုပ်ကြပါ ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
0 comments:
Post a Comment