
*လောဘ၊ဒေါသ၊မောဟ ကင်းခြင်းဟာ ဒုလ္လဘပဲကွယ့်။
*လောဘမီး ၊ဒေါသမီး
၊မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင်
တရားနဲ့စားနိုင်မှတကယ်မီးလွတ်တယ်လို့ခေါ်တယ်။သစ်သီးသစ်ဖုတွေစားရုံနဲ့
တကယ်မီးမလွတ်နိုင်ဘူး ။
*သူများကိုအလင်းပေးပြီး ကိုယ်ကျတော့
မမှောင်စေနဲ့ ။ လက်နှိပ်ဓာတ်မီးများ ထိုးသလိုပေါ့ ။ ရှေ့မှာသာ လင်းပေမယ့်
ဓာတ်မီးနောက်ကလူဘက်မှာတော့ အမှောင်ကျသွားတယ်မဟုတ်လား ။ကိုယ်ကိုတိုင်လည်း
အလင်းရဖို့ လိုတယ် ။ ဘာအလင်းလဲဆိုတော့ ဉာဏ်အလင်းဘဲ ။
*ဘုရားရှင်ရဲ့ သားသမီးအရင်းဆိုတာ တရားထိုင်ကြရမယ် ။
တရားထိုင်မှ ဘုရားရှင်ရဲ့ သားသမီးရင်းတွေ ဖြစ်ကြမှာနော် ။
တစ်ဝမ်းကွဲထက်စာရင် အရင်းက ပိုကောင်းတာပေါ့ ။မဟုတ်ဘူးလား ။
0 comments:
Post a Comment