Saturday, 22 April 2017

ကံရယ် ဥာဏ်ရယ် ဝီရိယရယ် **********************

Image may contain: text

 လောကကြီးမှာ သုံးဆယ့်တစ်ဘုံသားတွေဟာ
ဘဝဆိုတဲ့ပင်လယ်ပြင်ကြီးမှာ
ခန္ဓာဆိုတဲ့ လှေငယ်လေးနဲ့လှော်ခတ်ရင်း
သွားနေရတယ်။
တစ်ဘက်ကမ်းကိုရောက်ဖို့ဆိုရင် ကံရယ်
ဥာဏ်ရယ် ဝီရိယရယ် လိုအပ်ပါတယ်။
ဥပမာအားဖြင့် ပင်လယ်တဘက်ကမ်းရောက်ဖို့
ဆိုရင် တက်ရယ် ရွက်ရယ် လက်ရယ်
လိုအပ်တယ်။
အကြောင်းသုံးခုလုံးညီညွတ်မှရောက်နိုင်မယ်။
လောကပင်လယ်ကြီးမှာ လိုင်းတွေကထန်
မုန်တိုင်းတွေကလည်းတွေ့လိမ့်ဦးမယ်နော်
ကြံ့ကြံ့ခံနိုင်အောင် အချိုးညီညွတ်အောင်
အသုံချရမယ်။
တခါက တံငါသည်တစ်ယောက်ဟာ
လှေလေးလော်လာပြီးငါးဖမ်းနေတယ်တဲ့
ငါးတွေရလာတော့ အသေဆိုရင်ပုပ်သွားမှာစိုးလို့
လှေဝမ်းထဲ ရေထည့်ပြီးဖမ်းမိထားတဲ့ငါးသုံး
ကောင်ကို ထည့်ထားလိုက်တယ်
အဲဒီမှာ ငါတစ်ကောင့် စဉ်းစားတယ်
ငါဝီရိယရှိရင်လွတ်မှာပဲဆိုပြီး ဆပ်ဆပ်နဲ့
ခုန်နေတယ်ကြာလာတော့ တံငါသည်က
အမြင်ကပ်လာလို တုတ်နဲ့ငါးခေါင်းကိုထုချ
လိုက်ပါတယ်။စောစောစီးစီးသေရတယ်။
နောက်တစ်ကောင်က စဉ်းစားတယ်တဲ့ငါ့ကံ
ကောင်းရင်လွတ်မှာပဲဆိုပြီး ငြိမ်ငြိမ်လေးနေ
နေတယ်တဲ့ အဲဒီငြိမ်နေတဲ့ ကံကိုအား
ကိုးနေတဲ့ကောင်ကအိမ်ရောက်တော့ထုသတ်ခံရတယ်တဲ့။
နောက်တစ်ကောင်ကတော့ ကံ ဥာဏ်ဝီရိယ
အချိုးကျအသုံးချတယ် လေနှံစောင်းတဲ့
အခါကိုကြည့်ပြီး ခုန်လိုက်တော့ လွတ်မြောက်
သွားတယ်တဲ့။
ဆိုလိုချင်တာကတော့ ကံကိုပဲအားကိုးမနေနဲ့
ဝီရိယပဲထုတ်သုံးမနေနဲ့ ပညာသက်သက်ပဲလည်း
အလုပ်မဖြစ်ပြန်ဘူးလေ။
ဒါကြောင့်အချိုးကျ အသုံးချမှသာလျှင်
လောကီစီးပွားမှာလည်းအောင်မြင်သလို
သံသရာလွတ်ကြောင်းအားထုတ်မယ့်
ယောဂီဟာလည်း ကံရယ် ဥာဏ်ရယ်
ဝီရိယရယ် အချိုးကျ အသုံးချတတ်ဖို့
အရေးကြီးလှပါပေတယ်။
ဒါကြောင့် ဘဝပင်လယ်ကြီးကို တက်ရယ်
ရွက်ရယ် လက်ရယ် ညီညွတ်အောင် အသုံးချ
ပြီးဟိုမှာဘက်ကမ်းနဲ့တူတဲ့ နိဗ္ဗာန်တိုင်အောင်
အရောက်လှမ်းနိုင်ကြပါစေလို့။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support