ဘုရားရှင် ကောသလတိုင်းအတွင်း ဒေသစာရီ လှည့်လည်ကာ သာသနာပြုနေစဉ်အတွင်း
ထူဏ မည်သော ပုဏ္ဏားရွာကြီးတစ်ရွာသို့ ကြွရောက်လေ၏ ထိုရွာသို့ ရောက်ရန်
မြစ်ကို ဖြတ်ကူးရ၏။
တစ်ရွာလုံး ဗြဟ္မဏအယူကို ယူသူများဖြစ်၍ ဘုရားရှင်နှင့် တပည့်သံဃာများကို ယုတ်ညံ့သူများဟု သတ်မှတ်ကြ၏။
ဗြဟ္မဏအနွယ်ဝင်များသည် ဗြဟ္မာကြီး၏ ပါးစပ်မှ ပေါက်ဖွားလာ၍ လူ့လောကတွင် အမြတ်ဆုံး ဖြစ်သည်ဟူ၏။
ပုဏ္ဏားတို့သည် ဘုရားရှင်အပေါ် အထင်မှားနေသော အချက်တစ်ချက်ရှိ၏။ ထိုအချက်ကား
. . ဘုရားရှင်သည် တရားနာယူလာသော ဘာသာခြားများအား ဗုဒ္ဓဘာသာထဲ ဝင်အောင်
လှည့်ပတ်ဖြားယောင်း သော ဝဉ္စနာခေါ် မာယာအတတ်ကို တတ်မြောက်သည်ဟု ယူဆချက်ပင်
ဖြစ်သည်။
သူတို့ထင်မည်ဆိုလျှင် ထင်သင့်ပေ၏ အိန္ဒိယနိုင်ငံတွင်
ဟိန္ဒူဘာသာဝင် ( ၁၀၀ ) ရှိနေချိန်တွင် ဗုဒ္ဓဘာသာ၌ ဘုရားရှင် တစ်ပါးတည်းသာ
ရှိ၏။ ထိုဘုရားရှင် တစ်ပါးထဲမှ တရားလာနာယူသူတိုင်း ဗုဒ္ဓဘာသာ သို့
ပြောင်းအောင် ဟောပြောပေးရာ နှစ်နှစ်ဆယ်ကျော် အတွင်း ဗြဟ္မဏဦးရေထက်
သုံးပုံနှစ်ပုံ ရှိလာ၏။
အမှန်ကား ဘုရားရှင်သည် မေတ္တာကို
အသုံးပြုခြင်းသာ ဖြစ်သည်။ ဗုဒ္ဓဘာသာ ရဟန်းတော် မှန်သမျှ ဘုရားရှင်ပေးသော
နည်းအတိုင်း မေတ္တာဓာတ်ဖြင့် သာသနာပြုလျှင် အောင်ပွဲရမည်သာ။ ဘုရားရှင်
ဟောတော်မူတိုင်း အကျွတ်တရား ရသွားခြင်းတွင် အကြောင်းလေးချက် တွေ့ရ၏
ပထမအချက်မှာ . . မေတ္တာရှေ့ထားပြီး ဟောခြင်း။
ဒုတိယအချက် . . ကျွတ်နိုင် , မကျွတ်နိုင်သည်ကို ကြိုတင်သိပြီးမှ ဟောခြင်း။
တတိယ . . . မည်သည့်တရားနှင့် ကျွတ်မည်ကို သေခြာ သိသောကြောင့် ဖြစ်၏
စတုတ္ထ. . .ကထာလေးချက်ကို အစဉ်အတိုင်း စိတ်ရှည်ရှည်ဖြင့် ညလုံးပေါက် ဟောကြားခြင်း ကြောင့် ဖြစ်သည်။
ဒုတိယအချက် . . ကျွတ်နိုင် , မကျွတ်နိုင်သည်ကို ကြိုတင်သိပြီးမှ ဟောခြင်း။
တတိယ . . . မည်သည့်တရားနှင့် ကျွတ်မည်ကို သေခြာ သိသောကြောင့် ဖြစ်၏
စတုတ္ထ. . .ကထာလေးချက်ကို အစဉ်အတိုင်း စိတ်ရှည်ရှည်ဖြင့် ညလုံးပေါက် ဟောကြားခြင်း ကြောင့် ဖြစ်သည်။
---------------------------------------------------
ထူဏရွာကြီးအကြောင်း ပြန်ဆက်အံ့။
ထူဏရွာသားများသည် ဘုရားရှင်နှင့်သံဃာများ ရွာသို့ ကူးမလာနိုင်ရန် မြစ်အတွင်းမှ လှေများ ဖောင်များ , တံတားများကို ဖျက်ဆီးကြ၏
အကယ်၍ တန်ခိုးသုံး၍ ရွာထဲ ရောက်လျှင် . .
ရေမလှူရ , ဆွမ်းမလှူရ , ခရီးဦး မကြိုဆိုရ ဟု အမိန့်ထုတ်၏
ရေမလှူရ , ဆွမ်းမလှူရ , ခရီးဦး မကြိုဆိုရ ဟု အမိန့်ထုတ်၏
ရေတွင်းမှ ရေကန်များထဲသို့ မြက်များ , ဖွဲများ , အမှိုက်များ ထည့်၍ သုံးမရအောင် လုပ်ပစ်ကြ၏ သူတို့သူံးဖို့ တွင်းတစ်တွင်းသာ ချန်ထား၏
ဘုရားရှင်ကား ထိုရွာသားများ တရားရမည့်အရေးကို ကြိုတင် မြင်တော်မူသည်။
ထို့ကြောင့် ကောင်းကင်ခရီးဖြင့် ကြွပြီး ရွာထိပ် သစ်ပင်ကြီးအောက်တွင်
သတင်းသုံး၏။
ထိုအချိန်တွင် ရွာထဲမှ ပုဏ္ဏားမလေးများသည် ရေခပ်ရန်
ဘုရားရှင် သတင်းသုံးရာ သစ်ပင်ကြီးကို ဖြတ်ရ၏။ ရေခပ်ပြီးအပြန်တွင်
ကျွန်မလေးတစ်ယောက်သည် ဘုရားရှင်ကို ဖူးမြော်မိသည်နှင့် ရေမလှူရ
မနေနိုင်အောင် ဖြစ်လာသဖြင့် . .
" ငါသည် အတိတ်ဘဝက ဘာဒါနမှ မရှိခဲ့၍
သူတပါးအိမ် ကျွန်ဖြစ်ရ၏ ယခု တစ်လောကလုံး မှာ အမြတ်ဆုံး အလှူခံ ဖြစ်တဲ့
ဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်တွေကို ဖူးတွေ့ရပြီ။
ဒီလို အမြတ်ဆုံး
အလှူခံတွေနဲ့ တွေ့ရဲ့သားနဲ့ မလှူဖြစ်ဘူး ဆိုရင် ငါဟာ ကျွန်ဘဝမှ
လွတ်တော့မည်မဟုတ်။ ဘုရားရှင်နှင့် သံဃာတော်တွေကို ရေလှူလို့
သခင်ပုဏ္ဏားကြီးနဲ့ ရွာသားတွေ သတ်လျှင်လည်း သတ်ပါစေ။ လှူဖြစ်အောင် လှူမည်
ဆိုသော . . အတွေးနှင့်အတူ ခပ်လာသောရေကို ကပ်လှူလေသည်။
ဘုရားရှင်သည်
ထိုအမျိုးသမီး၏ သဒ္ဓါတရားကို ချီးမြှောက်သောအားဖြင့် ရေကို ရေစစ်နှင့်ယူကာ
သောက်သုံးတော်မူ၏ ခြေလက်များကိုလည်း ဆေးကြောတော်မူ၏ ထို့အတူ
ရဟန္တာအရှင်မြတ်အားလုံးကလည်း ထိုမိန်းကလေး၏ ရေကို သောက်သုံးတော်မူ၏ အိုးထဲမှ
ရေသည် လျော့မသွားပေ။
မိန်းကလေးသည် ဝမ်းသာရွှင်မြူးစွာဖြင့် အိုးကို
ရွက်ပြီး အိမ်သို့ပြန်၏ အိမ်ဝိုင်းထဲ ဝင်သည်နှင့် သခင်လုပ်သူ၏
ဆဲဆိုကြိမ်းမောင်းခြင်း , ရင်ဝကို ဖနောင့်ဖြင့် ဆက်ကာဆက်ကာ ပေါက်ခြင်းဖြင့်
သွေးများ အန်ထွက်ကာ သေပွဲ ဝင်ရှာ၏။
သို့သော် အသက်စွန့်ကာ ရေလှူရသော
ကုသိုလ်ကြောင့် လူသက်ဖြင့် တွက်လျှင် နှစ်ပေါင်း သုံးကုဋေခြောက်သိန်း
အသက်ရှည်သော တာဝတိံသာနတ်ဘုံသို့ နတ်သမီး အဖြစ် ရောက်ရ၏။
----------------------------------------------------
----------------------------------------------------
ဘုရားရှင်သည် အရှင်အာနန္ဒာကို ရေတွင်း တစ်တွင်းမှ ရေကို သွားယူခိုင်း၏။
ရွာသားများ ဖျက်စီးထား၍ ရေမရနိုင်ကြောင်း ပြန်လည် လျောက်ထားသော်လည်း
ဘုရားရှင်က သုံးကြိမ် တိုင်တိုင် ယူခိုင်းသောကြောင့် ရေတွင်းရှိရာသို့ ကြွ၏
ထိုသို့ ကြွသည်နှင့် ရေတွင်း , ရေကန်မှ ရေများ စက်နှင့် ပန်းထုတ်သကဲ့သို့
ပန်းထွက်လာကြရာ ထူဏရွာကြီး တစ်ရွာလုံး ရေများ ဖုံးလွှမ်းသွားလေ၏
ထိုအခါမှ ရွာသားများသည် သူတို့၏အပြစ်ကို မြင်ကာ ဘုရားရှင် ရှိရာသို့
လာရောက် ဝန်ချကာ တောင်းပန်ကန်တော့ကြလေ၏ ထိုအခါ ကျမှ တက်လာသော ရေများ
ချက်ချင်း ပြန်ဆင်းသွား၏ အဆုံးတွင် ဘုရားရှင်၏ တရားကို နာယာကာ ထူဏရွာကြီး
တစ်ရွာလုံး အကျွတ်တရား ရကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~~
ထူဏရွာမှ ကျွန်မလေးသည် ရတနာသုံးပါးအတွက် အသက်စွန့်ပြီး သောက်ရေ လှူရဲသကဲ့သို့ မိမိတို့လည်း ထိုကဲ့သို့ လှူရဲသော စိတ် ရှိ , မရှိ ဝိပဿနာစာမေးပွဲကို ဖြေကြည့်ကြပါရန်။
~~~~~~~~~~~~~~~~~~~~~~~~
ထူဏရွာမှ ကျွန်မလေးသည် ရတနာသုံးပါးအတွက် အသက်စွန့်ပြီး သောက်ရေ လှူရဲသကဲ့သို့ မိမိတို့လည်း ထိုကဲ့သို့ လှူရဲသော စိတ် ရှိ , မရှိ ဝိပဿနာစာမေးပွဲကို ဖြေကြည့်ကြပါရန်။
" မေတ္တာရှင် ရေပြည်သာ "
0 comments:
Post a Comment