★ ကလေးတို့ကိုအမျိုး ဘာသာ
သာသနာစောင့်ရှောက်ခြင်းနဲ့
ပတ်သက်ပြီးနည်းနည်းပြောမယ်။
အခုကလေးတို့အရွယ်ဟာ ပထမအရွယ်ပိုင်းမှာ
ရှိတဲ့အတွက်ကြောင့် ကိုယ်ကာယအနေအထားရော
စိတ်ဓာတ်ရေးရာဆိုင်ရာ အစိတ်အပိုင်းရော
ပညာရေးဆိုင်ရာရော
လေ့လာနေရမယ့်အချိန်ပိုင်းလည်းဖြစ်တယ်။
သာသနာစောင့်ရှောက်ခြင်းနဲ့
ပတ်သက်ပြီးနည်းနည်းပြောမယ်။
အခုကလေးတို့အရွယ်ဟာ ပထမအရွယ်ပိုင်းမှာ
ရှိတဲ့အတွက်ကြောင့် ကိုယ်ကာယအနေအထားရော
စိတ်ဓာတ်ရေးရာဆိုင်ရာ အစိတ်အပိုင်းရော
ပညာရေးဆိုင်ရာရော
လေ့လာနေရမယ့်အချိန်ပိုင်းလည်းဖြစ်တယ်။
★ ဒါကြောင့်မို့လို့ ဘုန်းဘုန်းအနေနဲ့အခု ပြောချင်တာက
ဘုန်းဘုန်းတို့ မြန်မာစကားထဲမှာ
အမျိုး ဘာသာ သာသနာဆိုတဲ့ စကားရှိတယ်။
အမျိုး ဘာသာ သာသနာဆိုရာမှာ
ကိုယ့်ကိုယ်ကို ငါဘာလူမျိုးလဲလို့
ပြန်မေးကြည့်လို့ရှိရင် မြန်မာလူမျိုးလို့
ဒီလိုပြောရမယ်။မြန်မာလူမျိုးဆိုရင်
ကိုယ့်အမျိုးကို ချစ်တဲ့စိတ်ရှိရမယ်။
ကိုယ့်အမျိုးကိုချစ်တယ်ဆိုတာ အခြားအမျိုးကို မုန်းရမယ်။ဒီလိုဆို
လိုတာ မဟုတ်ဘူး။ကိုယ့်အမျိုးကို ချစ်ပြီးတော့ ကိုယ့်ရဲ့
Tradition၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို
မြတ်နိုးတတ်ဖို့ကို ဆိုလိုတာပါ။

★ မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာကြည့်မယ်ဆိုရင်
အလွန်ကောင်းတဲ့ဓလေ့ထုံးတမ်းအစဉ်အလာတွေ
ရှိတယ်။ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာလူမျိုးတွေရဲ့
စိတ်ထဲ နှလုံးသားထဲမှာ အလွန်ယဉ်ကျေးတဲ့
ဗုဒ္ဓရဲ့တရားတော်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ
သရေခေတ္တရာ ပြည်ခေတ်လောက်ကတည်းက
ရှိနေခဲ့တယ်။ရာစုနှစ်နဲ့ပြောမယ်ဆိုရင် ၇- ရာစု၊
၈ ရာစုနှစ်လောက်ကတည်းက။ဒီလိုမြန်မာလူမျိုးတွေရဲ့
ရင်ထဲနှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေ
ကိန်းဝပ်လာခဲ့တဲ့အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့
ဗုဒ္ဓယဉ်ကျေးမှုဟာ ခွဲခြားလို့
မရလောက်အောင် ယှဉ်တွဲပြီးတော့နေတယ်။

★ မိမိထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားမှု
လူကြီးသူမစကားကို ရိုသေလေးစားမှု
မိမိတို့ကိုးကွယ်တဲ့ ဘာသာတရားကို လေးစားလိုက်နာမှု
ရဟန်းသံဃာတော်များကို ရိုသေလေးစားမှု၊
အချင်းချင်းလေးစားမှု ချစ်ခင်မှု ယှဉ်တွဲမှုဆိုတာ
မြန်မာလူမျိုးတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ကမ္ဘာမှာ
အလွန်ရှားတဲ့ Traditional တစ်ခု ဖြစ်တယ်။
အဲ့ဒီ ကိုယ့်လူမျိုးရဲ့ Traditional ကိုမထိန်းလို့ရှိရင်
ဘယ်သူက လာထိန်းမလဲ
ဘယ်သူကမှ မထိန်းဘူးနော်။ကိုယ့်လူမျိုးရဲ့
ဓလေ့ထုံးတမ်းအစဉ်အလာကို ကိုယ်ပဲထိန်းကြရမှာ ဖြစ်ပါတယ်။

★ ဒီကနေ့ခေတ် တောရွာတွေကိုသွားပြီးကြည့်ကြည့်လိုက်ရင်
မြန်မာလူမျိုးစစ်စစ်တွေရဲ့ တစ်ဦးနှင့်တစ်ဦး
ရိုင်းပင်းကူညီမှု တစ်ယောက်ကိစ္စကိုတစ်ယောက်ဝိုင်းဝန်းကူညီမှု
တစ်ရွာလုံး တစ်ဦးကိစ္စပေါ်ရင် အားလုံးဝိုင်းဝန်း
ကူညီနေကြတဲ့ မြန်မာတွေရဲ့ ထုံးတမ်းအစဉ်အလာတွေဟာ
ဒီကနေ့အထိ တချို့နေရာတွေမှာ ရှိနေတုန်းပါ။
အဲ့ဒီအစဉ်အလာတွေ ပျောက်ပျက်ပြီးတော့
မသွားအောင် ထိန်းသိမ်းရမယ်။

★ အခုကလေးတို့ဟာ Generation တစ်ခုပေါ့နော်
ကိုယ့်ရဲ့ Generation တစ်ခု
မျိုးဆက်သစ်တစ်ခုဖြစ်လာတာ။
ဒီမျိုးဆက်သစ်တစ်ခုဖြစ်လာတဲ့အချိန်မှာ
အင်မတန်ကောင်းတဲ့ အမွေအနှစ်တွေ
မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ဒါကို အမျိုးချစ်တယ်လို့ ပြောတာပါ။
ကိုယ့်အမျိုးချစ်ပြီးတော့ ကိုယ့်ရဲ့Traditional ကို
ထိန်းသိမ်းပြီးတော့ ကမ္ဘာမှာ ကိုယ့်လူမျိုးကို
ဂုဏ်ယူဝင့်ကြွားနိုင်တဲ့
အနေအထားမျိုး ရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။

★ေ အးကမ္ဘာမှာ မြန်မာ-ဆိုတာ အင်မတန်ကောင်းတဲ့
အစဉ်အလာရှိတဲ့ လူမျိုး ညံ့တဲ့လူမျိုးမဟုတ်ဘူး
ဒီလိုအစဉ်အလာကောင်းတွေ ရှိနေတယ်။
ဘုန်းဘုန်းတို့ နိုင်ငံခြားသွားတဲ့အခါ တွေ့ခဲ့သမျှ
မြန်မာလူမျိုးတွေဟာ Bright ဖြစ်တယ်ဆိုတာ
တစ်ကမ္ဘာလုံးက သိတယ်။လက်ခံထားတယ်။
မြန်မာလူမျိုးတွေဟာ တက်ကြွတယ်
ပင်ကိုယ်ဉာဏ်အရည်အရည်အချင်းတွေ ကောင်းတယ်ဆိုတာ
အများက အသိအမှတ်ပြုတယ်။အဲ့ဒီတော့
ကိုယ့်ကိုယ်ကိုလည်း တို့ဟာ လူညံ့မဟုတ်ဘူး။မညံ့တဲ့လူတွေဟာ
ညံ့မနေစေရအောင် တို့ကြိုးစားအားထုတ်ကြရမယ်။
ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်သတိထားနေတာလည်း
အမျိုးချစ်တယ်လို့ ခေါ်တာပေါ့နော်။ကိုယ့်ရဲ့လူမျိုး
ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့သာသနာကို
ထိန်းသိမ်းစောင့်ရှောက်တာဟာ
အမျိုးချစ်တာပဲ။ဘယ်နေရာသွားသွား ကိုယ့်ရဲ့
Tradition ကို မဖျောက်ဖျက်တာမျိုးပေါ့။

★ နီတိကျမ်းမှာဆိုတဲ့ စကားလေးတစ်ခုရှိတယ်။
မြတ်လေးပန်းကို ကလေးတို့ မြင်းဖူးကြလိမ့်မယ်ထင်ပါတယ်။
မြတ်လေးပန်းဟာ နှစ်မျိုးရှိတယ်လို့တော့ ပြောတယ်။
အဲ့ဒီမြတ်လေးပန်းပွင့်လေးတွေမှာ ဘယ်တော့မှ
ကြွေမကျတဲ့ မြတ်လေးပန်းရှိတယ်။မြတ်လေးပန်းတွေမှာ
ခေါင်းပေါ်မှာ တယုတယပန်မယ့်သူရှိရင် ခေါင်းပေါ်မှာနေတယ်။
အဲ့ဒီလိုပန်မယ့်သူမရှိရင် အပင်မှာ အခြောက်ခံတယ်ဆိုတဲ့
စကားလေးလည်းရှိတယ်။အောက်ကိုတော့
ကြွေမကျဘူးတဲ့။ဒါမြတ်လေးပန်းရဲ့ ဂုဏ်သတ္တိလေးပေါ့။
မြန်မာလူမျိုးဟာလည်းထို့အတူပဲ ဘယ်နေရာ
ဘယ်နိုင်ငံပဲရောက်ရောက် ဘယ်လူမျိုးတွေရဲ့ကြားမှာပဲနေနေ
ကိုယ့်ရဲ့ Traditional ကိုယ့်ရဲ့ဇာတိမာန်ကို
မစွန့်လွှတ်ရဘူး။ပင်ကိုယ်
အရည်အချင်းတွေပျက်ယွင်းသွားအောင် မလုပ်ရဘူး။
ဒါကို အမျိုးချစ်တယ်လို့ပြောတာနော်။

★ ဘာသာ-ဆိုရာမှာ မြန်မာလူမျိုးတွေဟာ
ယဉ်ကျေးမှုနဲ့ခွဲမရလောက်အောင် ကိုးကွယ်လာခဲ့တဲ့ ဘာသာဟာ
ဗုဒ္ဓဘာသာပဲ။ရှေးမြန်မာလူကြီးတွေက သာကီမျိုးဟေ့
တို့ဗမာ- ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်။မြန်မာလူမျိုးနဲ့
သာကီ လူမျိုး ဘယ်လိုဆိုင်သလဲ လို့ဆိုရင်
လွန်ခဲ့တဲ့အတိတ်ကိုမကြည့်နဲ့ ဒီကနေ့ သကျ-သူတို့ အသံနဲ့ဆိုရင်
ဆကျ(ဆက်ကယ)လို့ခေါ်တယ်။
ဟိုးနီပေါနိုင်ငံမှာ သကျလူမျိုးတွေရှိတယ်။
အဲ့ဒီလူမျိုးတွေဟာ မြန်မာလူမျိုးတွေနဲ့
တစ်ထေရာတည်း။တစ်ပုံတည်းတူတယ်။
ရေကြည်ရာမြက်နုရာပြောင်းရွေ့ပြီးတော့ လာကြတာ။
ဘုန်းဘုန်းတို့ နီပေါနိုင်ငံရောက်တဲ့အခါကျတော့
အဲ့ဒီသကျလူမျိုးတွေဟာ ဘယ်ကနေ ဆင်းသက်လာတာတုန်း
လို့မေးလိုက်တော့ တိဗက်တိုဘားမင်းဆိုတဲ့ အမျိုးအနွယ်က
ဆင်းသက်လာတယ်လို့ပြောတယ်။ဘုန်းဘုန်းတို့
မြန်မာသမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲ
မြန်မာလူမျိုးဟာ တိဗက်တိုဘားမင်းက ဆင်းသက်လာတယ်။
နောက်ပြီး တစ်ခဏလောက်လေ့လာကြည့်တာနဲ့ အများသုံးနဲ့
ဘာသာစကားတွေ တူနေတာတွေ့ရတယ်။
ဘာတွေတူလဲဆိုရင် မြန်မာလူမျိုးတွေက
လမ်း-လို့ပြောတာကို သူတို့ကလည်း လမ်း-ပဲ။
ဒီက မီး-ဆိုတာ သူတို့ကလည်း မီး-ပဲ။ဒီက ငါး-ဆိုရင် ရေထဲက
ငါးပဲဖြစ်ဖြစ် နံပါတ်ငါးပဲဖြစ်ဖြစ်- သူတို့လည်း
ငါး-ပဲ။စကားတွေ လုံးဝတူနေတာ ရှိတယ်။

★ ဒီလို လုံးဝတူနေတာရှိတော့ ရှေးလူကြီးတွေပြောခဲ့တဲ့
'သာကီမျိုးဟေ့ တို့ဗမာ' ဆိုတာ အလဟဿပြောခဲ့တာ
မဟုတ်ဘူး။တနည်းအားဖြင့် မြန်မာလူမျိုးတွေဟာ
ဟိုးတိဗက်ကုန်းမြင့်ကနေ Marger လုပ်ပြီးတော့ ဒီဘက်ကို
တဖြည်းဖြည်းရွေ့လျားပြီးတော့ ရောက်ရှိလာတာ။အဲ့ဒီတော့
ပင်ကိုယ်အားဖြင့် ဘယ်လိုပဲဖြစ်ဖြစ် အနေအထားဟာ
ဗုဒ္ဓမြတ်စွာရဲ့ ဆွေတော်မျိုးတော်တွေလို့ ဒီလိုပြောနိုင်ပါတယ်နော်။
တစ်နည်းအားဖြင့် ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာ
သွေးသားထဲမှာ ဗုဒ္ဓရဲ့ယဉ်ကျေးမှုတွေ
ကိန်းအောင်းပြီး မိမိတို့ရဲ့ နှလုံးသားထဲမှာ
ယဉ်ကျေးမှုတစ်ခုအနေနဲ့ လက်ခံထားကြတာ။
အဲ့ဒီ ကိုယ့်ဘာသာဟာ ဘာတုံး? ဆိုရင် ဗုဒ္ဓဘာသာပဲ။

★ ဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ အခြားဘာသာတွေနဲ့
တူသလား? လို့ဆိုတော့ တချို့ကပြောလေ့ရှိတယ်
လောကမှာ ဘုရားဆိုတာ တစ်ဆူတည်းပဲရှိတယ်။
အကုန်အတူတူပါပဲ- လို့ပြောတတ်တယ်။
ကလေးတို့စဉ်းစားရမှာက ဘယ်ဘုရားကို
ရည်ညွှန်းတာလည်း? လို့ မေးဖို့လိုတယ်။
ဘုရားလို့နာမည်ခံတာတွေအများကြီးရှိတယ်နော်
ဘုရားဆိုတာမျိုးဟာ ကရုဏာရှိရမယ် ပညာရှိရမယ်။
အေးကရုဏာဆိုတဲ့နေရာမှာ- သာမန်ကရုဏာမဟုတ်ဘူး။
မဟာကရုဏာ ၊ပညာကလည်း မဟာပညာ-
ပညာရှိတယ် ကရုဏာရှိတယ် ပညာသာရှိပြီး
ကရုဏာမရှိရင် ရက်စက်တယ်။
ကရုဏာသာရှိပြီး ပညာမရှိရင် လမ်းမှန်ကိုမပေးနိုင်ဘူး။

★ ကရုဏာရော ပညာရောနှစ်ပါးလုံးစုံမှ ဘုရားဖြစ်ပါတယ်။
တခြားအရည်အသွေးတွေလည်း ရှိသေးတယ်နော်။
"ရက်စက်ပြီးတော့ ဒဏ်ခတ်တယ်ဆိုတာ" - ဘုရားမဟုတ်ဘူး။
မြတ်စွာဘုရားဟာ ဆင်းရဲဒုက္ခရောက်နေတဲ့
သတ္တဝါတွေ အားလုံးအပေါ်မှာ အကြင်နာထားတာ ကရုဏာပဲ။
ထိုဆင်းရဲဒုက္ခတွေက လွတ်အောင် လမ်းမှန်ကို
ညွှန်နိုင်တာ ပညာ။အေးကရုဏာပညာနှစ်ခုပေါင်းလိုက်မှ
တကယ် ဘုရားအစစ်။
ပညာရှိပြီး ကရုဏာမရှိဘူးဆိုရင် ကောက်ကျစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
ကရုဏာတော့ရှိတယ် ပညာမရှိဘူးဆိုရင်
တလွဲတွေ လုပ်တယ်။အေးအဲ့ဒါမျိုး မဖြစ်ရအောင် တို့ဗုဒ္ဓမြတ်စွာက
ပညာလည်းရှိတယ် ကရုဏာလည်း ရှိတယ်။
မဟာကရုဏာနဲ့ မဟာပညာပြည့်စုံသည့်အတွက်ကြောင့်
အများအပေါ်မှာလည်း အကြင်နာတရားကြီးမားတယ်။
အကြင်နာတရားကြီးမားတဲ့အတိုင်း
မှန်ကန်တဲ့လမ်းကိုလည်းညွှန်ပြနိုင်တယ်။

★ ဗုဒ္ဓဘာသာဝင်တွေဆုတောင်းတယ် ။
တခြားဘာသာဝင်တွေလည်း
ဆုတောင်းတယ်။တခြားဘာသာဝင်တွေ
ဆုတောင်းတာက ရလိုမှုနဲ့ ဆုတောင်းကြတာများတယ်။
ဗုဒ္ဓဘာသာတွေဆုတောင်းတာနဲ့ တခြားဘာသာတွေ
ဆုတောင်းတာ တူတယ်လို့မထင်နဲ့။
ဗုဒ္ဓဘာသာတွေ ဆုတောင်းလို့ရှိရင်
"ဤယခုပြုရသော
ကုသိုလ်ကောင်းမှုကြောင့်" ဒီလီုပါတယ်နော်။
တချို့ကတော့ မဟုတ်ဘူး တခြားဘာသာဝင်တွေမှာဆိုရင်
"အဖ ဘုရားသခင်ကယ်တော်မူပါ ဆင်းရဲဒုက္ခက
လွတ်မြောက်အောင် ..." ဘာလုပ်တယ်ဆိုတာ
မပါဘူး။ဟုတ်ရဲ့လား ခွင့်လွတ်တော်မူပါ ဒါပဲ။

★ ဗုဒ္ဓဘာသာက အဲ့ဒီလိုမဟုတ်ဘူး ကိုယ့်လုပ်အားအတွက်
ကိုယ်လိုချင်တာ ရည်ညွှန်းတာ။တောင်းယူတဲ့
ဆုတောင်းမဟုတ်ဘူး။ကိုယ့်လုပ်အားဟာ ကုသိုလ်ကောင်းမှု
တစ်ခုလုပ်တယ်။အဲ့ဒီကုသိုလ်ကောင်းမှုဟာ
ဘာအတွက်ဖြစ်ချင်ပါတယ်။အလုပ်လုပ်ပြီးမှ
ပြောတဲ့စကားမျိုး မတူဘူးနော်။လုပ်ချင်တာတွေ လုပ်ပြီးတော့
ဒူးထောက်ပြီးတော့ ခွင့်လွတ်ပါဆိုတာမျိုး မဟုတ်ဘူး။အေး
ဒါ့ကြောင့်မို့ အသွင်သဏ္ဍာန်ချင်း အနှစ်သာရချင်း
ဟာ လုံးဝကွဲပြားတယ်ဆိုတာ ကလေးတို့ သိရမယ်။
ဘယ်အရာပဲဖြစ်ဖြစ် လေးလေးနက်နက်စဉ်းစားတတ်ကြရမယ်နော်။
အဲ့ဒီလိုလေးလေးနက်နက်စဉ်းစားပြီးတော့
လက်ခံတတ်လာမယ်ဆိုရင် ဒါ အမျိုး ဘာသာ
သာသနာကို ချစ်မြတ်နိုးတယ်
တန်ဖိုးထားတတ်တယ်လို့ ဒီလိုဆိုတယ်။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
"လူငယ်များသို့ သြဝါဒ" -တရားစာအုပ်မှ
ဆရာတော်ကြီးကတော့ လူငယ်တွေပဲပြောတော့တယ်
ကြီးတွေပြောမရလို့ထင်ပါ့။ ယိုင်နဲ့နဲ့လေးနဲ့ အကာအကွယ်
ပေးထားတာလေးကို တွန်းလဲချင်တဲ့သူတွေကလည်း
အများသား။အနာဂတ်အတွက်ကြည့်ပြီး ဆရာတော်ကြီးတွေက
ဘယ်သူ့မှ မထိခိုက်ပဲ ကာကွယ်ပေးထားတာ ။
ဘာလို့ တခါလာလည်း ဒါလေးပဲ လာလာပြင်ချင်နေရတာလည်း
နားလည်၍ မတတ်နိုင်တော့ပါ။
_/\_ ပရေသံ ဟိတ မိစ္ဆေယျံ _/\_

credit # တရား page မှကူးယူ ဖော်ပြပါသည်
0 comments:
Post a Comment