Tuesday, 4 April 2017

``မြင်သူတကာနှလုံးနာ၏`` ~~~~~~~~~~~~~~~

Image may contain: 4 people, text
 မာနဆိုတဲ့ စကားလုံးကို လူအတော်များများ နားရည်ဝပြီးသားဖြစ်ပါတယ်။ မှန်ကင်းကဲ့သို့ ထောင်လွှားခြင်းလက္ခဏာရှိတယ်ဆိုတာလည်း သိကြမှာပါ။ မာနဆိုတာကို ဘယ်လိုပုံစံနဲ့ အနက်ဆိုဆို မာနဆိုတဲ့ တရားကတော့မြတ်နိုးစရာတစ်ခုမဟုတ်မှန်း လူတိုင်းသိကြပါတယ်။
သူတောင် ဥပုသ်စောင့်နိုင်သေးတာပဲ။ ငါကဘာလို့ မစောင့်နိုင်ရမှာလဲ။ သူတောင်စာမေးပွဲအောင်သေးတာပဲ ငါလည်းအောင်အောင် ကြိုးစားရမယ်ဆိုတဲ့ သေဝိတဗ္ဗမာနကောင်းမွန်ရိုးသားတဲ့ ယှဉ်ပြိုင်လိုစိတ်ကိုတော့မှီဝဲရမယ့် မာနလို့ခေါ်ပါတယ်။
လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ်ပျက်စီးချိန်တန်လာပြီဆိုရင် အယောနိသော မနသိကာရ မသင့်မတင့် နှလုံးသွင်းမှုတွေ တလွဲမာနတွေနဲ့ မကောင်းတာတွေကို အကောင်းလို့ထင်လာတတ်တယ်။
ဘုရားမှန်းမသိ တရားမှန်းမသိ သံဃာမှန်းမသိ မိတ်ဆွေမှန်းမသိရန်သူမှန်းမသိအောင် အမှောင်ဖုံးလာတတ်ပါတယ်။ 
အမှားဆိုတာ လူတိုင်းရှိတတ်ကြတယ်ဆိုပေမဲ့ သူ့အမှားက မြင်းမိုရ်တောင်ကို ကြက်ဥနဲ့ပေါက်တဲ့ အမှားမျိုးဖြစ်တာမို့ သူပြစ်မှားတဲ့ ပုဂ္ဂိုလ်တွေရဲ့သီလသမာဓိ ကိုယ်ခံအားမြင့်ရင် မြင့်သလောက် တန်ပြန်သက်ရောက်တဲ့ အကျိုးကတော့ မတောင်းဘဲနဲ့ တစ်လုံးတဝတည်း ပြည့်စုံသွားနိုင်ပါတယ်။
မြွေဟောက်တစ်ကောင်ရဲ့ တရှူးရှူးမြည်ကာ ပါပြင်းထောင်ပြခြင်းဆိုတာ ငါ့ကိုမြန်မြန်လာရိုက်သတ်ပါလို့ ဆုတောင်းနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း ကောင်းကွက်တစ်ကွက်မှမရှိတဲ့ တလွဲမာနအကြောင်းကို မန်လည်ဆရာတော်ဘုရားကြီးက ဒီလိုစပ်ဆိုခဲ့ပါတယ်။
'မာနပြောထူ၊ ထိုသည့်လူကို မြင်သူတကာ နှလုံးနာ၏။ ဌာနပွားစီးထက်လူကြီးတို့၊ မချီးမြှောက်လို့၊ ထင်းမီးတိုသို့၊ ထိုမာနရှင်၊ လူတွင်ကြီးပွားမထင်ရှားဘူး။ တရားကင်းပ၊ ယင်းမာနဖြင့်၊ ဒေါသမောဟ ခြံရံကြွ၍၊ ဖားကနွားကို၊ ဂုဏ်ပြိုင်လိုသို့၊ ကိုယ်သာဒုက္ခ၊ အပျက်ရ၏'(မဃဒေဝ ၂ဝ၃)
ဆရာတော်ကြီးရဲ့ ကဗျာက ထပ်ရှင်းပြစရာ မလိုလောက်အောင် ပြည့်စုံလှပါတယ်။ အနိမ့်ရွာကိုသွားပြီး နိမ့်တထက်နိမ့်ရာကို ဆင်းသွားတဲ့ မောဃပုရိသ တစ်ယောက်ရဲ့ အရူးချီးပန်းဟောပြောချက်တွေက ၉၆၉ ကို မုန်းတီးရာကနေ ဘုန်းကြီးမှန်သမျှကို စော်ကားခဲ့တာ ထင်ရှားလွန်းပါတယ်။
မတုပြိုင်သင့်တာကို တုပြိုင်မိတဲ့ သူ့ရဲ့တလွဲမာနတွေက မလွှဲသာတဲ့ဘဝကို ပို့ဆောင်ပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ခြင်္သေ့ကို ယှဉ်ပြိုင်မိတဲ့မြေခွေးအိုလို သေဆေးမလိုဘဲ တစ်စစီဖြစ်သွားခဲ့ရတဲ့ အကြောင်းလေး တင်ပြပါရစေ။
ရှေးအခါက ဟိမဝန္တာလိုဏ်ဂူတစ်ခုမှာ ခြင်္သေ့တစ်ကောင်နေပါတယ်။ တစ်နေ့မှာ ခြင်္သေ့က ကျွဲကိုသတ်စားပြီးစမ်းချောင်းရှိရာ ရေသောက်ဆင်းလာပါတယ်။
ရေသောက်နေတဲ့ မြေခွေးတစ်ကောင်က ခြင်္သေ့ကိုတွေ့တော့ ပြေးမလွတ်မှန်း သိတာမို့ အမြီးနှံ့ပြီး ခြင်္သေ့အရှေ့မှာ ဝပ်စင်းနေရတာပေါ့။
'ဟဲ့မြေခွေးဘာဖြစ်နေတာလဲ'လို့ မေးတဲ့အခါ 'အရှင့်ထံခစားချင်လို့ပါ'တဲ့။ အပြောကောင်းတဲ့ မြေခွေးကို ခြင်္သေ့ကသူ့နေရာခေါ်သွားပြီး စားကြွင်းစားကျန် အမဲသားတွေကို ကျွေးမွေးပါတယ်။
ဒီလိုနဲ့အနေကြာလာတော့ မြေခွေးရဲ့ ကြုံလှီတဲ့ ခန္ဓာကိုယ်ဟာ တဖြေးဖြေး ဆူဖြိုးသန်မာလာခဲ့ပါတယ်။ အင်အားရှိလာတဲ့မြေခွေးဟာ သူ့ကိုယ်သူ အထင်ကြီးပြီးမာနတွေ ဝင်လာပါတယ်။
တစ်နေ့မှာ 'အရှင်ခြင်္သေ့ ကျွန်ုပ်ဟာနေ့တိုင်း အရှင်ရှာကျွေးတာတွေစားနေရပါတယ်။ ဒီနေ့တော့ ကျွန်ုပ်ရှာကျွေးပါရစေ။ လိုဏ်ဂူအတွင်းမှာ အေးအေးသာနေပါ။ အကျွန်ုပ်ဆင်ကိုသတ်ပြီး အသားကိုယူလာပေးပါ့မယ်'လို့ မြေခွေးကပြောလာပါတယ်။
'ဟဲ့ မြေခွေး၊ မင်းက ဆင်ကိုသတ်စားနိုင်တဲ့ ခြင်္သေ့မျိုးမှမဟုတ်တာဆင်ဆိုတာ အားကြီးတယ် အစွယ်လည်းရှိတယ်။ မတန်မရာတွေ မလုပ်ပါနဲ့'လို့ သတိပေးရှာပါတယ်။
ဒါပေမဲ့ သူ့ကိုယ်သူ ဟုတ်လှပြီလို့ထင်နေတဲ့ မြေခွေးက 'သူလည်းအမဲစားပြီး ဆူဖြိုးတယ်။ အားရှိတယ်။ ငါလည်း အမဲသားစားပြီး အားရှိတယ်။
ဆူဖြိုးတယ်။ သူလည်းအစွယ်နဲ့ ငါလည်းအစွယ်နဲ့ သူတောင်ဆင်ကို ဖမ်းနိုင်ရင် ငါလည်းဖမ်းနိုင်ရမှာပေါ့'ဆိုပြီးမာနသွေး နားထင်ရောက်ကာ မြောက်ကြွကြွဖစ်နေတာပေါ့၊ အမြော်အမြင်ရှိသူက တားမြစ်တာကို မခံယူဘဲ ဆင်အမဲလိုက်ဖို့ ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့တောင်ကုန်းထိပ် တစ်ခုကိုရောက်တဲ့အခါမှာ အောက်နားမှာ အစားစားနေတဲ့ဆင်တစ်ကောင်ကို သူတွေ့ရှိခဲ့ပါတယ်။ဆင်ကလည်း သူ့ကိုတွေ့ပါတယ်။ မြေခွေးကတောင်ကုန်းထိပ်ကနေ ခြေလေးချောင်းကို စုံရပ်ပြီး ခြင်္သေ့ဟောက်တဲ့အတိုင်း ဟောက်တော့တာပေါ့။
သုံးကြိမ်တိုင်တိုင် ဟောက်ပြီးတော့ ဆင်ကိုသူလှမ်းကြည့်လိုက်တယ်။ ဆင်ကငြိမ်ပြီး အစာစားနေပါတယ်။ ဒါကိုမြေခွေးက သူ့ကိုကြောက်လို့ ငြိမ်ကုတ်နေတယ်လို့ ထင်ပါတယ်။
သူ့ကိုယ်သူ အထင်ကြီးနေဆဲပါပဲ။ သူက ခြင်္သေ့မှမဟုတ်တာ သူဟောက်တဲ့အသံက ခွေးသံပဲထွက်တာပေါ့။ သူကဆင်ကို သတ်ဖို့ရာ ဟိန်းဟောက်ဟစ်ြေ<ွကးနေပေမဲ့ ဆင်ကြီးက အဲဒီလိုမထင်ပါဘူး။ 'ဘယ်က မြေခွေးတစ်ကောင် ဝဲခြောက်ကိုက်လို့ လာအူနေတာလဲ။
ကျားတစ်ကောင်ကို တွေ့လို့ကြောက်လန့်တကြား လာအော်နေတာလား'ဆင်က အဲဒီလိုတွေးပြီး အစာစားတောင် မပျက်ပါဘူး။ ဟုတ်တယ်လေမြေခွေးဆိုတာ သူ့အတွက် ဂရုစိုက်စရာမှ မဟုတ်တာဘဲ။ ဒါကို အခြေအနေမှန်ကို နားမလည်တဲ့ မြေခွေးကတောင်ထိပ်ပေးကနေ ဆင်ဦးကင်းပေါ်ကို မှန်းပြီး တအားကုန် ခုန်အုပ်ခဲ့ပါတယ်။
သူ့အစွယ်နဲ့ ဆင်ဦးခေါင်းကိုအစွမ်းကုန် ကိုက်ဖောက်နေတာပေါ့။ဆင်က အယားတောင် မပြေဘူး ဖြစ်နေပါတယ်။ ခဏအတွင်းမှာပဲ ဆင်းကခါချပြီး ခြေထောက်နဲ့နင်းကာ တစ်စစီဆွဲဖြုတ်ပြီး လွှင့်ပစ်လိုက်ပါတော့တယ်။
(စတုက္ကနိပါတ် ဇမ္ဗုကဇာတ်)အခုလည်းပဲ ထင်လင်းဦးရဲ့ ဟိန်းဟောက်သံကိုကြားရတဲ့ ချောင်းဦးနယ်က သံဃာတွေက ဘယ်ကမြေခွေးတစ်ကောင် ဝဲခြောက်ကိုက်လို့ လာအော်နေတာလဲဆိုပြီး ကရုဏာသက်နေကြမှာပဲလို့ တွေးမိပါတယ်။
သူ့ကိုယ်သူ ဟုတ်လှပြီထင်ပေမဲ့ မြေခွေးဟာ မြေခွေးသံပဲထွက်မှာပေါ့၊ ထုထည်ကြီးမားလှတဲ့ ရတနာသုံးပါးကို စိဉ္စမာနရဲ့ ခြေမှုန်အဆင့်လောက်မှ မရှိတဲ့ ကိုယ်ကျင့်တရားတွေနဲ့ အံတုယှဉ်ပြိုင် မိုက်ရိုင်းဝံ့တာအတော်ကို အံ့သြစရာ ကောင်းလှပါတယ်။ တစ်ခါမှ ဒီလိုမကြားဖူးတာမို့ထင်လင်းဦးပြောတာမှ ဟုတ်ရဲ့လား။
မာနတ်ကဝင်ပူးပြီး ပြောနေသလားလို့တောင် ထင်ရပါတယ်။ တကယ်တော့မာနတ်ဝင်ပူးတာ မဟုတ်ပါဘူး။ မာနတ်ထက်ဆိုးတဲ့ မာန ဒိဋ္ဌိ ဒေါသစတဲ့ ပပဉ္စတရားတွေ သူ့နှလုံးသားမှာ ဝင်ရောက်ပူးကပ်နေတာပဲဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်တဲ့ မာန၊ အနိမ့်ရွာ မြောက်ကျောင်းကဖွင့်လိုက်တဲ့ ၉၆၉ ဘာသာသွေးနွေး
သီချင်းကိုကြားပြီးကတည်းက မုန်းတီးမှုနဲ့ဝင်ပူးလာတဲ့ ဒေါသတရားတွေကသူ့ကို ရိုင်းစိုင်းတဲ့သတ္တဝါတစ်ကောင်အဖြစ် ဖန်ဆင်းပေးလိုက်တာပါပဲ။
'ဒေါသအတံ္ထနဇာနာတိ'တဲ့။ ဒေါတရားဆိုတာဖြစ်စဉ်အမှန်ကို ဝေဖန်ဆုံးဖြတ်နိုင်တဲ့ပညာမျက်လုံးကို ကန်းစေပါတယ်။ လူတိုင်းမှားတတ်တာကို နားလည်ပေးလို့ရနိုင်ပေမဲ့ သူ့ရဲ့ ဝက်ကန်းတွင်းတူးအရူးချေးပန်း စကားလုံးလက်နက်တွေက မျိုးဆက်သစ် သာသနာ့ဒါယကာလေးတွေရဲ့ နှလုံးသားမြို့တော်ကိုအသေခံ ဗုံးခွဲလိုက်သလို အဖျက်စွမ်းအားကြီးမားလှပါတယ်။ ဒေါသပြီးတော့ဒိဋ္ဌိ၊ သူက သံဃာကို မှားမှားယွင်းယွင်းမြင်နေခဲ့ပါတယ်။
မဘသ သံဃာတော်တွေနဲ့ ဝံသာနုလူပုဂ္ဂိုလ်တွေက မုတ်ဆိတ်မွေးနဲ့ ကုလားကို မုန်းနေတယ်လို သူ့အထင်မှားနေရှာတယ်။ အပွေးမြင် အပင်သိဆိုသလို သူရော သူ့အဖွဲ့သားတွေပါ မျိုးချစ်တွေက မုတ်ဆိတ်ကုလားကို မုန်းနေတယ်လို့ မြင်နေကြမှာပါပဲ။
ဒီနေရာမှာပြတ်ပြတ်သားသား ပြောလိုက်မယ်။ကျွန်ုပ်တို့မုန်းတာ မုတ်ဆိတ်ကိုလည်းမဟုတ်ဘူး။ ကုလားကိုလည်း မဟုတ်ဘူး။ ကုလားကိုလည်း မမုန်းပါဘူး။
ဝါဒကိုမုန်းတာ၊ အကျင့်စရိုက်ကိုမုန်းတာပါ။ သူများနိုင်ငံနဲ့ လူမျိုးကို မကောင်းကြံမယ်။ များလာရင် အပြတ်ရှင်းတတ်တယ်။ ကျေးဇူးရှင်ကို ပစ်မှားမယ်ဆိုရင်ကုလားမှ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းလည်း မုန်းမှာပါပဲ။
လူမဆန်မူဝါဒကို ကျင့်သုံးနေတယ်။ ဒီဝါဒကို မျိုးရိုး အစဉ်အဆက်ဖြန့်ဖြူးပို့ချနေတယ်ဆိုရင် ကျွန်ုပ်တို့မှမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးရဲ့ အမုန်းကို ခံရမှာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းမုန်းတီးခဲ့တာ နယ်ချဲ့အင်္ဂလိပ်၊ ဂျပန်လူမျိုးကို မုန်းတီးခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ လူမဆန်တဲ့ ဖက်ဆစ်ဝါဒကို မုန်းခဲ့တာပါ။
ဒါကြောင့်လည်း အမြစ်ပြတ်တိုက်ထုတ်ခဲ့တာပေါ့။ အခုလက်ရှိဂျပန်အားလုံးက ချစ်တဲ့ဂျပန်ဖြစ်သွားပါပြီ။ကျွန်ုပ်တို့က လူကိုမုန်းတာမဟုတ်ဘူး။
ယုတ်မာပက်စက်တဲ့ မူဝါဒကို မုန်းတာပါ။
အခုကမ္ဘာမှာ အိုင်ဆက်၊ ဘိုကိုဟာရမ်၊ တာလီဘန်၊ အယ်ခိုင်ဒါ။ အစေ့ဖြတ်တယ်၊ လည်လှီးတယ်၊ အတင်းအဓမ္မဘာသာပြောင်းခိုင်းတယ်။ ဗီဒီယိုဖိုင်တွေ ကမ္ဘာကိုလွှင့်ပြတယ်။
အဲဒီလို ပြနေတဲ့ လူတွေက မုတ်ဆိတ်မွေး ဗရပွနဲ့ လူတွေဆိုတော့ လူတွေမုတ်ဆိတ်မြင်ရုံနဲ့လန့်တယ်၊ မုန်းတယ်ဆိုတာ အပြစ်ပြောလို့ မရနိုင်ပါဘူး ဘယ်မုတ်ဆိတ်က သူတော်ကောင်းလည်းဆိုတာခွဲဖို့ခက်နေမှာပေါ့။
အမေရိကန် ဇာတ်ကားတွေမှာဆံပင်ဘုတ်သိုက်နဲ့ သွေးစုပ်ဖုတ်ကောင်တွေ လူသားစားပြနေတာတွေ့တော့ကလေးတွေက အပြင်မှာ ဆံပင်ဘုတ်သိုက်နဲ့ ညှင်းသိုးသိုး လူတွေတွေ့ရင်ကြောက်မှာပဲ မုန်းမှာပဲ။ ဒါလူတိုင်းရဲ့သဘာဝပါပဲ။ လူတွေမမုန်းစေချင်ရင်လူတွေအများစု ချစ်တဲ့ပုံပန်းသဏ္ဍာန်နဲ့နေကြပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ် ကိုယ်မှီခိုရာ ဝန်းကျင်ကိုတော့ ဂရုစိုက်သင့်တာပေါ့။ အခုဖြစ်နေတာက 'မင်းတို့ဟာမင်းတို့ ချစ်ချစ်မုန်းမုန်း ငါတို့က ဂရုမစိုက်ဘူး။ ငါတို့နေချင်သလို နေမယ်ဆိုတဲ့'ပုံစံမျိုးတွေ ဖြစ်နေတယ်ဆိုတော့ပဋိပက္ခ မဖြစ်စေချင်ဘူးဆိုသူတွေအနေနဲ့ လိုအပ်သလို ဝိုင်းထိန်းပြုပြင်ပေးသင့်ပါတယ်။
ဒါကလည်း ထင်လင်းဦးက မုတ်ဆိတ်မွေးကို မုန်းနေပါတယ်လို့ စွပ်စွဲလာတဲ့အတွက် မုတ်ဆိတ်မွေးကို မုန်းတာမဟုတ်တဲ့ အကြောင်း ရှင်းပြတာပါ။မိစ္ဆာဒိဋ္ဌိကနေ သမ္မာဒိဋ္ဌိ ဖြစ်သွားစေချင်လို့ပါ။
လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ်တလွဲမာနတွေ ဝင်လာပြီဆိုရင် ပျက်စီးချိန်တန်လာပြီလို့ ဆိုရမှာပါ။ လူရဲ့အတွင်းစိတ်မှာ မေတ္တာ ကရုဏာ မုဒိတာစတဲ့ ဗြဟ္မစိုရ်တရားတွေ ကိန်းအောင်းလာပြီဆိုရင် လူဟာဗြဟ္မာကြီးလို ပဲတဲ့။
အင်မတန် ယဉ်ကျေးသိမ်မွေ့သွားတတ်တယ်။ လောဘ၊ ဒေါသဆိုတဲ့ ကိလေသာ တရားဆိုးတွေ ကိန်းအောင်းခိုဝင်လာပြီဆိုရင်တော့ လူဟာတိရစ္ဆာန်တစ်ကောင်လိုပဲ အင်မတန်ရိုင်းစိုင်းယုတ်မာသွားတတ်ပါတယ်။
ဘုရားမှန်းမသိ၊ တရားမှန်းမသိအောင် အမှောင်ဖုံးသွားတတ်ပါတယ်။ မာနဆိုတာကတော့ ဘယ်မာနမှ အဆင်ပြေမယ်မထင်ပါဘူး။
ဒါ့ကြောင့် ကိုယ်မကြေညက်နိုင်တဲ့ ယုံကြည်မှုမျိုးကို ဘယ်တော့မှ မမျိုချသင့်ပါဘူး။ ကိုယ့်ကိုပြန်ပြီး ရစ်ပတ်လာတတ်ပါတယ်။ ဖြည့်စွက်လုပ်ရပ်တွေနဲ့ အချိန်ပိုကုန်တတ်ပါတယ်။ ထွေးမရ အံမရနဲ့ တစ်ဆို့ကြီးဖြစ်နေတဲ့အခါအားကိုးရာကား ရတနာ(၃)ပါးဖြစ်နေပြန်တယ်။
ခင်ပွန်းကြီး ၁ဝ ပါးကို ပြစ်မှားသူတွေအတွက် လူနဲ့ လူ့ပတ်ဝန်းကျင်က ခွင့်လွှတ်တာတောင်မှ ကံကြမ္မာကခွင့်ပြုမယ်မထင်ပါဘူး။ ဒါကြောင့် ဒီအမှားမျိုး နှောင်းလူတွေ မမှားကြစေဖို့ဆန္ဒအမှန်နဲ့ ရေးသားတင်ပြအပ်ပါတယ်။အားလုံး တွေးဆဆင်ခြင် ခံစားနိုင်ကြပါစေ။
``သူရိန်စိုး(ဓမ္မဒူတ)``
အောင်ဇေယျတုဂျာနယ်အမှတ်(၅၃)
``မဘသ(ဗဟို)Online Media``
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support