Thursday, 6 April 2017

" အရပ်ခြောက်မျက်နှာကို စိတ်စွဲ၍ အမြဲလုံခြုံစေပါ "

Image may contain: 1 person, text
 မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်က ရာဇဂြိုလ်၌
သူကြွယ်တစ်ဦး ရှိခဲ့ဖူးလေ၏။ ထိုသူကြွယ်၌ သိင်္ဂါလ အမည်ရှိသော သား
တော်တစ်ပါးရှိလေသည်။ တစ်နေ့သောအခါ ထိုသူကြွယ်နာမကျန်းဖြစ်၍
သေအံဆဲဆဲ အချိန်တွင် သားဖြစ်သူ သိင်္ဂါလကို အနားခေါ်၍
" ချစ်သားသိင်္ဂါလ၊ သင်သည် အရပ်ခြောက်မျက်နှာ ကို စိတ်စွဲ၍ အမြဲရှိခိုးနေရစ်ပါ’’
ဟု မှာကြားခဲ့၏ ။
ထိုသူကြွယ် အနိစ္စ ရောက်ပြီး ချိန်၌ သိင်္ဂါလသတို့သား
မှာ အရပ် ၆ မျက်နှာ ဖြစ်သော အရှေ့၊ အနောက် ၊တောင် ၊ မြောက် ၊ အ
ထက် ၊ အောက် အရပ်တို့ကို ဖခင်ဖြစ်သူမှ လက်အုပ်ချီမိုး ရှိခိုးစေသည်
ဟု မှတ်ယူ လျှက် အခါမလပ် လှည့်လည်၍ ရှိခိုး နေလေတော့၏ ။
ထိုအဖြစ်ကို ဘုရားရှင် ရာဇဂြိုလ်မြို့အတွင်းသို့ဆွမ်းခံကြွဝင်တော်
မူစဉ်တွေ့မြင်သဖြင့် ခေါ်ယူမေးမြန်း တော်မူလေ သည် ။ ထိုအခါ သိင်္ဂါလ
သတို့သားမှ " ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... အရပ်မျက်နှာတွေ
ကို ရှိခိုးပြီးနေရစ်ပါ လို့ သေခါနီးဖခင်က မှာကြားခဲ့တဲ့စကားကို လေးစား
လိုက်နာတဲ့အနေနဲ့ ပြုလုပ်နေခြင်း ဖြစ်ပါတယ်ဘုရား " ဟု ... ပြန်လည်
လျှောက်ထားလေ၏။
တစ်ဖန်မြတ်စွာဘုရားက “ သူကြွယ်သား သိင်္ဂါလ သင့်ဖခင်ပြောတဲ့
အရပ် မျက်နှာဆိုတာ ရိုးရိုး အရပ်မျက်နှာ မဟုတ်ဘူး ၊ ရှိခိုးပါ ဆိုတာက
လည်း လက်အုပ်ချီပြီး ရိုးရိုးရှိခိုးတာမျိုးကို ဆိုလိုတာမဟုတ်ဘူး ၊ ငါဘုရား
ရဲ့သာသနာမှာ အရပ်မျက်နှာဆိုတာ ရှိတယ် ၊ သေချာစွာ နာယူ မှတ်သား
ပေလော့ ” ဟု အစချီလျှက် သင်္ဂါလောဝါဒသုတ်ခေါ် လူ့ကျင့်ဝတ် တရား
တော်ကို ဟောကြားတော်မူသည်။
“ ဆဒိသာယော နမသာန္တံ ၊ သိင်္ဂါလံ ယော တထာဂတော၊ ပသိတွာ
န တမောဝါဒံ ၊ ဒေသေသိတံ နမာမဟံ " အစချီလျှက် ဟောကြားတော်မူ
သော တရားတော်၏ အနှစ်ချုပ်မှာကား “ ငါဘုရား၏ သာသနာတွင် အမျိုး
ကောင်း သားတို့သည် ...
(၁) ညစ်ညုးကံလေးပါး
(၂) အဂတိတရားလေးပါး
(၃) စည်းစိမ်ဖျက်ကြောင်း ခြောက်ပါး
အကြောင်းတစ်ဆယ့်လေးပါးကို ရှောင်ကြဉ်ကာ အရပ်မျက်နှာခြောက်ပါး
ကို လုံခြုံစေရမည်ဟူ၍ ဖြစ်လေသည်။
ညစ်ညူးသော ကံဆိုသည်မှာ ကြူးလွန်သူကို လူဆိုးလူညစ်ဖြစ်စေ
သော ကံဟု အဓိပ္ပါယ်ယူနိုင်ပြီး ညစ်ညူးကံလေးပါး တို့မှာ -
(၁) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်း
(၂) သူတစ်ပါးဥစ္စာကိုခိုးယူလုယက်ခြင်း
(၃) သူတစ်ပါးသားမယားကိုပြစ်မှားကျူးလွန်ခြင်း
(၄) လိမ်ညာပြောဆိုခြင်း တို့ဖြစ်လေသည်။
အဂတိ လိုက်စားခြင်း ဆိုသည်မှာ “ မလိုက်အပ်သည်သို့ အလိုက်
မှားခြင်း “ ဟုအဓိပ္ပါယ်ရပြီး အဂတိ ဟု ဆိုအပ်သော တရားလေးပါးရှိလေ
သည်။ ၄င်းတို့မှာ -
(၁) ဆန္ဒာဂတိ -- ချစ်ခင်၍ ဘက်လိုက်ပြီး ဆုံးဖြတ်မှားခြင်း
(၂) ဒေါသာဂတိ -- စိတ်ဆိုးမုန်းတီး၍ ဘက်လိုက်ပြီး ဆုံးဖြတ်မှားခြင်း
(၃) ဘယာ ဂတိ -- ကြောက်ရွံ့၍ ဘက်လိုက်ပြီး ဆုံးဖြတ်မှားခြင်း
(၄) မောာယာဂတိ -- မသိနားမလည် ၍ ဘက်လိုက်ပြီး ဆုံးဖြတ်မှားခြင်း
မိမိကိုယ်မိမိ စင်ကြယ်မူကို လိုလားသူတိုင်းသည် အဂတိတရား
လေးပါးလိုက်စားခြင်းမှ ရှောင်ကြဉ်ကြရန် လိုအပ်ပေသည်။
စည်းစိမ်ပျက်ကြောင်းတရားခြောက်ပါး ဆိုသည်မှာ -
(၁) အရက်သေစာ (မူးယစ်ဆေးဝါး ) သောက်စား သုံးစွဲခြင်း
(၂) အချိန်မဲ့ ၊အခါမဲ့ သွားလာလည်ပတ်ခြင်း
(၃) ပွဲလမ်းသဘင် ခုံမင်မက်မော အကြည်အရှုများခြင်း
(၄) လောင်းကစားမှုပြုခြင်း
(၅) မကောင်းသောမိတ်ဆွေနှင့် ပေါင်းသင်းခြင်း
(၆) ပျင်းရိလေ့ရှိခြင်း တို့ဖြစ်ကြလေသည်
မြတ်စွာဘုရားဟောကြားခဲ့သော အရပ်မျက်နှာ ခြောက်ပါးဆို
သည်မှာကား-
(၁) အမိအဖ တည်းဟူသော အရှေ့အရပ်
(၂) သားမယား တည်းဟူသောအနောက်အရပ်
(၃) ဆရာသမား တည်းဟူသော တောင်အရပ်
(၄) ဆွေမျိုးမိတ်သဟာ တည်းဟူသော မြောက်အရပ်
(၅) ရဟန်းသံဃာ တည်းဟူသော အထက်အရပ်
(၆) လက်အောက်ငယ်သား တည်းဟူသော အောက်အရပ် တို့ဖြစ်
ကြပြီး လုံခြုံစေရမည်ဟူသော အဓိပ္ပါယ်မှာ အထက်ပါ အရပ်မျက်နှာ
ခြောက်ပါး အသီးသီးတို့အပေါ်၌ ထားရှိရမည့် လူ့ကျင့်ဝတ်တရား
တို့ကို စောင့်ထိန်းလိုက်နာရမည်ဟု ဆိုလိုခြင်း ပင်ဖြစ်ပေသည်။
မိဘများသည် သားသမီးများ၏ အရှေ့ အရပ်ဖြစ်သည့်အား
လျှော်စွာ သားသမီးများက မိဘများအပေါ် စောင့်ထိန်းလိုက်နာရမည့်
ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ ကြရမည့်နည်းတူ အပြန်အလှန်အား
ဖြင့်မိဘများကလည်းသားသမီးများ အပေါ် ကျင့် ကြံစောင့်ထိန်းရမည့်
ကျင့်ဝတ်များလည်း ရှိပြန်ပေသေးသည်။ အလားတူ ကျန်အရပ်ငါးပါးရှိ
သားမယား ကျင့်ဝတ်နှင့် အပြန်အလှန်ဖြစ်သော လင်သားကျင့်ဝတ် ၊
ဆရာသမားကျင့်ဝတ်နှင့် အပြန်အလှန်ဖြစ်သော တပည့်ကျင့်ဝတ်၊ မိတ်
ဆွေချင်း တုန့်ပြန် ပြုကျင့်ရမည့် ကျင့်ဝတ်၊ သခင် ( အလုပ်ရှင်) နှင့် အ
လုပ်သမားကျင့်ဝတ်၊ ရဟန်းဆရာနှင့်တပည့်ဒကာတို့ လိုက်နာကျင့်ကြံ
ရမည့် ကျင့်ဝတ်တို့လည်းရှိပေသည်။ ထို့ကြောင့် အဆိုပါကျင့်ဝတ်များ
ကို ဗဟုသုတ အလို့ငှာရေးသား တင်ပြလိုက်ပါသည်။
မိဘကျင့်ဝတ်ငါးဖြာ
(၁) မကောင်းမှုမှာတားမြစ်ခြင်း
(၂) ကောင်းမှုကို အားပေးညွှန်ပြပြုလုပ်စေခြင်း
(၃) အတတ်ပညာသင်ယူစေခြင်း
(၄) အိမ်ထောင်ပြုသင့်ချိန်တွင် အိမ်ထောင်ချထားပေးခြင်း
(၅) အမွေပေးသင့်ချိန်တွင် ခွဲဝေပေးခြင်း
သားသမီးကျင့်ဝတ်ငါးဖြာ
(၁) ကျေးဇူးရှင်မိဘတို့အားအလုပ်အကျွေးပြုစုခြင်း
(၂) မိဘပြုရမည့်ကိစ္စများကို မိဘ ကိုယ်စားစီမံဆောင်ရွက် ပေးခြင်း
(၃) အမွေခံယူထိုက်အောင် မိဘဆုံးမမှုကို နာခံယူခြင်း
(၄) မိဘများကွယ်လွန်ချိန်တွင် အလှူအတန်းပြုလုပ်အမျှဝေခြင်း
(၅) မိဘ အမျိုးအနွယ်အစဉ်အလာကောင်းကို စောင့်ထိန်းခြင်း
အတိတ်ကံဖြင့်အကြောင်းအားလျှော်စွာဆုံတွေ့နေထိုင်ပေါင်းသင်း
ကြရခိုက်တွင် လင်နှင့်မယား အဆင်ပြေစွာ ဆက်ဆံနေထိုင်သွားနိုင်ရန်
အရေးကြီး ပေသည်။ ထိုသို့နေထိုင်နိုင်ကြရန် လင်နှင့်မယားတို့၏ ကျင့်
ဝတ်များနှင့် အညီ ပြုကျင့် နေထိုင်သင့်ကြပေသည်။
လင်ယောင်္ကျားကျင့်ဝတ်ငါးဖြာ
(၁) ဇနီးကိုခေါ်ဆိုရာတွင် အမြတ်တနိုးခေါ်ဆိုခြင်း
(၂) နှိမ့်ချပြီး မပြောမခေါ်ဆိုခြင်း
(၃) မိမိမယားမှတစ်ပါး အခြားမိန်းမများနှင့် မပျော်ပါးခြင်း
(၄) မီးဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်း
(၅) အ၀တ်တန်ဆာ ဆင်ယင်ပေးခြင်း
မယားကျင့်ဝတ်ငါးဖြာ
(၁) အိမ်တွင်းပြုဖွယ် အမှုကြီးငယ်မှန်သမျှကို ကောင်းစွာစီရင်ခြင်း
(၂) နှစ်ဘက်ဆွေမျိုးများကို မျှတစွာ ပေးကမ်းချီးမြောက်ခြင်း
(၃) မိမိ လင်ယောင်္ကျားမှ တစ်ပါး အခြားယောင်္ကျားများနှင့်ဖောက်
ပြားမှုမရှိခြင်း
(၄) ရှာဖွေရရှိလာသော ဥစ္စာပစ္စည်းများကို ထိမ်းသိမ်းစောင့်ရှောက်ခြင်း
(၅) အမျိုးသမီးတို့ တတ်သိလိမ္မာရမည့် ကိစ္စရပ်တို့တွင်ပျင်းရိမှုမရှိခြင်း
တောင်အရပ်ဟု ဆိုအပ်သော ဆရာသမားများအပေါ် တပည့်ဝတ္တ
ရားနှင့်အညီ ပြုကျင့်နေထိုင်ခြင်းသည် တောင်အရပ်ကို ရှိခိုးခြင်း (တစ်
နည်း) လုံခြုံစေခြင်းမည်ပြီး ထိုသို့နေထိုင်ခြင်းဖြင့် ဆရာကြောင့်တပည့်
အပေါ်အပြစ်မရောက်ဟု ဆိုသည် ။ အပြန်အလှန်အားဖြင့် ဆရာဖြစ်သူမှ
ဆရာ၏ ၀တ္တရားနှင့်အညီ ပြုကျင့်နေထိုင်ပါက တပည့်ကြောင့်လည်း ဆ
ရာအပြစ်မရောက်နိုင်ပေ။
ဆရာကျင့်ဝတ်ငါးဖြာ
(၁) ဆုံးမသင့်သောအရာကို ကောင်းစွာဆုံးမခြင်း
(၂) အတတ်ပညာကိုကောင်းစွာသင်ကြားပြသခြင်း
(၃) သင်ပြသင့်ရာကို အကုန်အစင် သင်ပြပေးခြင်း
(၄) ကောင်းသောမိတ်ဆွေဆရာသမားများထံ အပ်နှံပေးခြင်း
(၅) ဘေးရန်မြင်လျှင် ကြိုတင်ကာကွယ်ပေးခြင်း
တပည့်ကျင့်ဝတ်ငါးဖြာ
(၁) ဆရာသမားများအား နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း
(၂) ဆရာခေါ်လျှင် ရိုသေစွာချဉ်းကပ်နေထိုင်ခြင်း
(၃) ဆရာများ၏ ဆုံးမစကားကိုနာယူလိုက်နာခြင်း
(၄) လုပ်ကိုင်ပေးစရာရှိလျှင် ရိုသေစွာလုပ်ကိုင်ပေးခြင်း
(၅) စည်းကမ်းရှိရှိ ရိုသေစွာအတတ်ပညာသင်ယူုခြင်း
မိတ်ဆွေသင်္ဂဟ ၊ ဆွေမျိုးညာတိများသည် မြောက်အရပ်
မျက်နှာဖြစ်သည်။ ဆွေမျိုး မိတ်သဟာများတွင် လည်း မိတ်ဆွေ
စစ် ၊ မိတ်ဆွေတု ဟူ၍ ခွဲခြားသိရှိရန်လိုအပ်ပြီး မိတ်ဆွေအတုအ
စစ် ခွဲခြားနိုင်သည့် အချက် လက္ခဏာများကိုလည်း တင်ပြ လိုပါ
သည်။
မိတ်ဆွေစစ် လက္ခဏာ
(၁) မိမိအားကျေးဇူးပြုတတ်သူ
(၂) မိမိနှင့်ဆင်းရဲချမ်းသာအတူဖြစ်သူ
(၃) မိမိ ၏ အကျိုးစီးပွားကို ပြောဆိုတတ်သူ
(၄) မိမိ ကို အစဉ်သနားတတ်သူ
မိတ်ဆွေတု လက္ခဏာ
(၁) မိမိ ထံမှ ယူသာယူတတ်သူ
(၂) ပါးစပ်ကသာပေးတတ်သူ
(၃) အကြိုက်လိုက်ပြီးပြောတတ်သူ
(၄) ပျက်စီးကြောင်းမှာ အပေါင်းအဖော်ဖြစ်သူ
မိတ်ဆွေအတုအစစ် ခွဲခြားသိရှိနားလည်ပြီးသည့်နောက် မိတ်
ဆွေချင်းပေါင်းသင်းဆက်ဆံကြရာတွင်လည်း အပြန်အလှန်အား ဖြင့်
မိတ်ဆွေချင်း ပြုကျင့်လိုက်နာကြရမည့် ကျင့်ဝတ်များကိုလည်း သိရှိ
ရန် လိုပေသည်။
မိတ်ဆွေကျင့်ဝတ်ငါးဖြာ
(၁) မိတ်ဆွေစစ်များအား ပေးကမ်းမျှဝေခြင်း
(၂) ချစ်ဖွယ်စကားကိုပြောကြားခြင်း
(၃) မိတ်ဆွေ၏အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း
(၄) တန်းတူရည်တူဆက်ဆံခြင်း
(၅) မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း
မိတ်ဆွေတို့အပေါ် တုန့်ပြန်ပြုကျင့်ရန်ဝတ္တရားငါးဖြာ
(၁) မူးယစ်သောမိတ်ဆွေကို စောင့်ရှောက်ပေးခြင်း
(၂) မူးယစ်သောမိတ်ဆွေ၏ ပစ္စည်းကို စောင့်ရှောက်ပေးခြင်း
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာဖြစ်စေခြင်း
(၄) ဘေးရန်တွေ့နေသူမိတ်ဆွေကို စွန့်ပစ်မသွားခြင်း
(၅) မိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကို တုန့်ပြန်ချီးမြှောက်ခြင်း
အလုပ်ရှင်ကျင့်ဝတ်ငါးဖြာ
(၁) ခွန်အားနှင့်တန်ရုံအလုပ်ကိုသာ ခိုင်းစေရခြင်း
(၂) ထမင်းရိက္ခာအလုံအလောက်ပေးရခြင်း
(၃) မနာမကျန်း ဖြစ်လျှင် ဆေးဝါးကုသပေးရခြင်း
(၄) စားသောက်ဖွယ် အထွေအထူးကို ခွဲဝေပေးရခြင်း
(၅) အားလပ်ခွင့်ပေးသင့်ချိန်တွင်ပေးရခြင်းနှင့် အ၀တ်တန်ဆာ
ဆင်ယင်ပေးရခြင်း
အလုပ်သမားကျင့်ဝတ်ငါးဖြာ
(၁) အလုပ်ရှင်မထမီ အိပ်ရာမှ ထရခြင်း
(၂) အလုပ်ရှင် အိပ်ပြီးမှ အိပ်ရခြင်း
(၃) အလုပ်ရှင်ပေးမှ သာ ယူရခြင်း
(၄) အမှုကိစ္စများကို ကောင်းမွန်သေသပ်စွာစေတနာထားပြုလုပ်
ပေးရခြင်း
(၅) အလုပ်ရှင် ၏ ကောင်းသတင်းကိုသာပြောဆိုကြရခြင်း
ရဟန်းသံဃာ တို့နှင့်ကိုးကွယ်ဆည်းကပ်သူ ဒါ ယကာတို့၏
လိုက်နာ ကျင့်ကြံရမည့် ကျင့်ဝတ်များလည်း အောက်ပါအတိုင်းရှိပေ
သည်-
ရဟန်းကျင့်ရာဝတ်ခြောက်ဖြာ
(၁) မကောင်းမှု မှ တားမြစ်ခြင်း
(၂) ကောင်းမှုပြုရန်တိုက်တွန်းအားပြုခြင်း
(၃) ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ခြင်း
(၄) မဟောရသေးသောတရားအသစ် ကို ဟောပြောပြခြင်း
(၅) အဓိပ္ပါယ်ပိုမိုရှင်းလင်းအောင်ဟောပြီးတရားကိုလည်းထပ်မံဟော
ကြားပေးခြင်း
(၆) နိဗ္ဗာန်ရောက်ရန် ခရီးလမ်းမှန်ကို ဟောကြားခြင်း
ဒါယကာကျင့်ရာဝတ်ငါးဖြာ
(၁) မေတ္တာစိတ်ဖြင့် အမှုကြီးငယ်ပြုလုပ်ပေးခြင်း
(၂) မေတ္တာစိတ်ဖြင့်ပြောဆိုနှုတ်ဆက်ခြင်း
(၃) ရဟန်းတော်များ အပေါ်မေတ္တာ ထားခြင်း
(၄) ပစ္စည်းလေးပါးကို အလိုရှိက အလှူခံရန် ဖိတ်ကြားခြင်း
(၅) အလှူခံ လာလျှင် တတ်စွမ်းသမျှ ပေးလှူခြင်း
ထို့ကြောင့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည်
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ညစ်ညူးကံလေးပါး ၊ အဂ
တိ တရားလေးပါး၊ စည်းစိမ် ပျက်ကြောင်း ခြောက်ပါး တို့ကို ရှောင်
ကြဉ် ၊ အရပ်မျက်နှာ ခြောက်ပါးတို့အပေါ် စောင့်ထိန်း လုံခြုံစေကာ
ငြိမ်းချမ်း သာယာသော မြန်မာ့လူမှု ဘ၀နယ်ပယ် ကို စီးမျော ဖော်
ဆောင်နိုင်ကြစေရန် ရည်သန်လျှက်... နှိုးဆော်ရေးသားလိုက်ရပေ
သည်။
မျှဝေသူ:ချစ်ပန်းရုံ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support