ကိုယ့်ကို စွန့်ခွာသွားသူကိုလည်း
နားလည်ခွင့်လွှတ်ပေးနိုင်ပီး
နေတတ်လာခဲ့ပြီ။
နားလည်ခွင့်လွှတ်ပေးနိုင်ပီး
နေတတ်လာခဲ့ပြီ။
ပျော်ရွှင်မှူတွေ ကြုံတွေ့လာရင် အရမ်းကြီးမပျော်တတ်သလို
စိတ်ညစ်စရာတွေကိုလည်း လက်ခံဖြေရှင်းနိုင်လာပီး
နေတတ်ခဲ့ပြီ။
စိတ်ညစ်စရာတွေကိုလည်း လက်ခံဖြေရှင်းနိုင်လာပီး
နေတတ်ခဲ့ပြီ။
အောင်မြင်မှူ ၏ အရသာကို ခံစားတတ်လာသလိုပဲ
ရူံးနိမ့်ရခြင်းရဲ့ အရူံးဒဏ်ကိုလည်း နားလည်လာပီး
နေတတ်ခဲ့ပါပြီ။
ရူံးနိမ့်ရခြင်းရဲ့ အရူံးဒဏ်ကိုလည်း နားလည်လာပီး
နေတတ်ခဲ့ပါပြီ။
တွေ့ဆုံကြုံကွဲ ၊ ဖြစ်ပီးရင်ပျက်တတ်တယ်ဆိုတဲ့
နိယာမကို သဘောပေါက်လာပီး အနေသာဖို့ထက်
နေတတ်အောင်ကြိုးစားတတ်လာခဲ့ပြီ။
နိယာမကို သဘောပေါက်လာပီး အနေသာဖို့ထက်
နေတတ်အောင်ကြိုးစားတတ်လာခဲ့ပြီ။
ကိုယ်ကောင်းနေလည်း
ကိုယ့်တန်ဖိုးကို နားမလည်သူတွေ
အနားမှာ နေတတ်အောင် ကြိုးစားတတ်လာပီ။
ကိုယ့်တန်ဖိုးကို နားမလည်သူတွေ
အနားမှာ နေတတ်အောင် ကြိုးစားတတ်လာပီ။
ကိုယ်အကောင်းဆုံး ပေးဆပ်နေပါလျက်နဲ့
ကိုယ့်ဆီက ရသမျှယူသွားတတ်တဲ့
လူတစ်ချို့ရဲ့ သဘာဝကို
ိနားလည်လက်ခံတတ်လာပီး ပျော်အောင်နေတတ်လာခဲ့ပြီ။
ကိုယ့်ဆီက ရသမျှယူသွားတတ်တဲ့
လူတစ်ချို့ရဲ့ သဘာဝကို
ိနားလည်လက်ခံတတ်လာပီး ပျော်အောင်နေတတ်လာခဲ့ပြီ။
ခန္ဓာရှိရင် ဝေဒနာဆိုတာ ရှိလာမှာဖြစ်သလို
လူရယ်လို့ဖြစ်လာပီဆိုတာနဲ့ အငိုနဲ့စပီး တစ်ချိန်ချိန်ကျရင် အငိုနဲ့လမ်းခွဲ
ရမယ်ဆိုတာကိုလည်း လက်ခံတတ်လာပီး နေတတ်လာခဲ့ပြီ။
လူရယ်လို့ဖြစ်လာပီဆိုတာနဲ့ အငိုနဲ့စပီး တစ်ချိန်ချိန်ကျရင် အငိုနဲ့လမ်းခွဲ
ရမယ်ဆိုတာကိုလည်း လက်ခံတတ်လာပီး နေတတ်လာခဲ့ပြီ။
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးရတဲ့အခါမှာလည်း
သူမထားခဲ့လည်း တစ်ချိန်ချိန်မှာ ကိုယ်ကထားခဲ့ရမယ်ဆိုတာ သိလာပီး
နေတတ်လာခဲ့ပြီ။
သူမထားခဲ့လည်း တစ်ချိန်ချိန်မှာ ကိုယ်ကထားခဲ့ရမယ်ဆိုတာ သိလာပီး
နေတတ်လာခဲ့ပြီ။
ဆင်းရဲခြင်း နှင့် ချမ်းသာခြင်းရဲ့ အလွှာပါးလေးမှာ
ငွေကြေးထက် မေတ္တာတရားက ပိုအရေးပါတယ်ဆိုတာသိလာပြီး
နေတတ်ခဲ့ပြီ။
ငွေကြေးထက် မေတ္တာတရားက ပိုအရေးပါတယ်ဆိုတာသိလာပြီး
နေတတ်ခဲ့ပြီ။
ပကာသနတွေကြောင့် ပူလောင်မှူတွေကြားမှာ
ထင်ပေါ်ကျော်ကြားဖို့ထက် ရိုးရိုးအေးအေးနေခြင်းက
အေးချမ်းမှု အစစ်အမှန်ဆိုတာ သိလာပီး ရောင့်ရဲလာတတ်ခဲ့ပြီ။
ထင်ပေါ်ကျော်ကြားဖို့ထက် ရိုးရိုးအေးအေးနေခြင်းက
အေးချမ်းမှု အစစ်အမှန်ဆိုတာ သိလာပီး ရောင့်ရဲလာတတ်ခဲ့ပြီ။
မတော်လောဘကြောင့် ရလာတဲ့ အကျိုးအမြတ်ထက်
သူများမျက်ရည်မပါတဲ့ ထမင်းက အဆိပ်မသင့်ဘူးဆိုတာသိလာပြီး
သင့်တော်တဲ့လောဘကို ထားတတ်လာခဲ့ပြီ။
သူများမျက်ရည်မပါတဲ့ ထမင်းက အဆိပ်မသင့်ဘူးဆိုတာသိလာပြီး
သင့်တော်တဲ့လောဘကို ထားတတ်လာခဲ့ပြီ။
အသိပညာတွေမြင့်မားလာတာနဲ့အမျှ လူ့ဘဝမှာ
အရေးအကြီးဆုံးက လူပီသဖို့ဆိုတာ သိလာပြီး
အမှားတွေမလုပ်မိအောင် သတိထားနေထိုင်တတ်လာခဲ့ပြီ။
အရေးအကြီးဆုံးက လူပီသဖို့ဆိုတာ သိလာပြီး
အမှားတွေမလုပ်မိအောင် သတိထားနေထိုင်တတ်လာခဲ့ပြီ။
တကယ်တော့ လူ့ဘဝဆိုတာ
အနေသာဖို့ထက် နေတတ်ဖို့လိုပါတယ်
အသေသာဖို့ထက် ကောင်းသောသေခြင်း ဖြစ်ဖို့လိုပါတယ်။
အနေသာဖို့ထက် နေတတ်ဖို့လိုပါတယ်
အသေသာဖို့ထက် ကောင်းသောသေခြင်း ဖြစ်ဖို့လိုပါတယ်။
0 comments:
Post a Comment