မသိလို့မှားမိသူ
အမှားမှန်း သိတဲ့အချိန်
မိမိအမှားက ချက်ချင်းပြင်ဆင်နိုင်ဖို့ ကြိုးစားပါ
ပစ္စည်းတစ်ခုကို ရိုးရိုးသားသား
ပိုင်ဆိုင်ရတဲ့သူ ဖြစ်ဖို့ပဲကြိုးစားပါ
ရရှိရင်လည်း တန်ဖိုးထားပါ
မရိုးမသား ပိုင်ဆိုင်ရသူက
ဘယ်အချိန် ကိုယ့်လက်က ထွက်သွားမလဲ
ကိုယ်က မရိုးသားမိတာ တခြားသူများသိသွားမလား
သိသွားခဲ့ရင်လည်း ကိုယ့်သိက္ခာတွေ တစ်စစီ ပျက်စီးသွားပါလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်က လူကိုပင်ပန်းစေပါတယ်...
အဲ့လိုစိတ်တွေနဲ့ မအေးချမ်းနိုင်ပါဘူး
လောကမှာ ရိုးသားသူတွေ အလိမ်ခံရတယ်
မရိုးသားသူတွေ အောင်ပွဲခံနေကြရတယ်
ဒါဟာ ဝဋ်ကြွေဆိုရင်တော့ ကျေအောင်သာဆပ်ပြီး
ကိုယ့်ကြိုးစားမှုနဲ့ ရိုးသားစွာ
ပိုင်ဆိုင်ရမယ့် ပစ္စည်းလေးက
တန်ဖိုးနည်းလဲ တန်ဖိုးထားနိုင်ဖို့သာ ကြိုးစားပါ....

0 comments:
Post a Comment