Sunday, 7 May 2017

အားငယ်တတ်သူများသို့  *********************

Image may contain: text
 ❀ ဒီမှာ သူငယ်ချင်း ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ထမင်းကိုယ်စား
ပြီး ဝေဖန်ပေးကြတာ သူတို့ တာဝန် ။
ကောင်းတာလည်းပါမယ် မကောင်းပြောသည်လည်းပါမယ်
အဓိက ' က ကိုယ်သာသူတို့  တွေရဲ့ အရွေ့ ထဲမပါဖို့  သာ
အရေးကြီးတာပါ ။
" ကဲ့ရဲ့ ခုနှစ်ရက် ချီးမွမ်းခုနှစ်ရက် "ဆိုတဲ့စကားပုံတောင်ရှိ
သေးတာပဲ ကိုယ်သာကောင်းအောင်နေရင် ဘယ်သူ့ မှ
ဂရုစိုက်နေစရာမလိုဘူး ။
လူဆိုတာ ကိုယ့်ဝမ်းစာ ကိုယ်သာသိ တာမို့  ကိုယ့် လိုက်ရှင်း
ပြနေရင် ပိုရှုပ်တယ် ပြောချင်တာပြော မောရင်ရပ်သွား
လိမ့်မယ်လို့  ခံယူထားလိုက် ။
❀ လူဆိုတာ အမှားကင်းသူရှိရဲ့လား အမှားနည်းတာ များတာဘဲ
ကွာခြားလိမ့်မယ် ဘယ်သူမှ အပြစ်မကင်းခဲ့ကြဘူး ။
ကိုယ်မှန်တယ် ထင်တဲ့အလုပ်ကို ဆက်လုပ် ၊ ကိုယ်ကောင်း
မယ်ထင်တဲ့အရာကို ရအောင်ယူ ၊ မှားနေတယ်ထင်တဲ့အရာကို
ရပ်တန့်  ဘဝကြီးက သာယာလာပါလိမ့်မယ် ။
ကိုယ့်ဘဝကို ကိုယ်ဘဲပိုင်တယ် ကိုယ်ကျေနပ်ဖို့ သာအဓိက
သူများစိတ်တိုင်းကျ လိုက်နေပေးစရာ အကြောင်းမရှိဘူး ။
လူတွေဆိုတာက ပေးပါများရင် လောဘကြီးလာကြတယ်။
လိုက်လျောတာများရင် အနိုင်ပိုယူလာတတ်ကြတယ် ။
မပြောဘဲငြိမ်ခံနေရင် ပိုစွတ်စွဲတတ်ကြတယ် ။
ကြောက်မှန်းသိရင် ဖြဲခြောက်တတ်တာ သဘာဝ ။
မှန်တာပြော ဟုတ်တာလုပ်ပြီးနေလိုက် ဘာမှ တွေဝေနေစရာ
မလိုဘူး ။
❀ နေတတ်ရင် ကျေနပ်စရာပါဆိုတဲ့ စကားက အရမ်းပေါ့တယ် ။
မကျေနပ်လည်း ကျေနပ်သယောင်နေခဲ့ရတဲ့နေရာတွေ
အများကြီး ။ ဒါပေမဲ့ မကျေနပ်တဲ့ကြားက နောင်တမရှိတဲ့
သင်ခန်းစာတွေယူပြီး နေတတ်ခဲ့ရတာ အများသား ။
လူ့ လောကကြီးထဲမှာ ရှင်သန်နေသရွေ့ ကာလပတ်လုံး
လူဆိုတဲ့ သတ္တဝါတွေနဲ့  ပတ်သက်ဆက်ဆံနေရဦးမှာပဲ ။
❀ ဒါကြောင့်မို့  အစွယ် ၊ အဆိပ်မရှိတဲ့ လူတွေကို အသိ ၊ သတိ
ဆိုတဲ့ ဥာဏ်ပညာကတုတ်လေး နဲ့  နေထိုင်ရင်းဆက်ဆံပါ ။
❀ မကောင်းရင် ကင်းအောင်နေမယ်
မကင်းနိုင်သေးရင် ကောင်းအောင်ဆက်ဆံလိုက်မယ် ။
ဒါပေမဲ့ လူတွေအကြိုက်လိုက်ပြီးဆက်ဆံနေရတဲ့ မျက်နှာဖုံး
ဘယ်တော့မှ မတပ်ဆင်နဲ့  စိတ်အရမ်းပင်ပန်းသလို
အကုသိုလ်​ အရမ်းများပါတယ်​ ။
သူများစိတ်နဲ့ ကတော့ လုံးဝအသက်မရှင်သန်ချင်ပါနဲ့ ။
မင်းတို့  ငါတို့ တွေဟာ ဒီဘဝလူလာဖြစ်တာ နောင်ဘဝ
ကောင်းဖို့  ဒီဘဝကို ရရှိခဲ့ကြတာမမေ့ ပါနဲ့  ။
❀ သူများကို မကောင်းပြောချင်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်စမ်းစစ်
သူများကို အထင်နဲ့ ပြောချင်ရင် ကိုယ့်လိပ်ပြာကိုယ်ပြန်ငဲ့ ၊
သူများကို အကြားနဲ့ စွတ်စွဲချင်ရင် ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်
လိုက်ပါ ။ လူတိုင်းမှာ ကိုယ်ရေးခဲ့တဲ့ သမိုင်းဆိုတာ ကိုယ်စီ
ရှိပြီးသားမို့  နောက်ပြန်မြေလှန်ကြည့်ရင် ကိုယ့်သမိုင်းက
စကားပြန်ပြောတတ်ပါတယ် ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေရဘူး ။
ဘယ်သူ့ မှ ကိုယ့်ကိုအကြောင်ပြုပြီး မျက်ရည် ကျသော
အလုပ်ကို ဘယ်သောအခါမှ မလုပ်ဘူး ဆိုတဲ့ စိတ်ကလေး
နဲ့  လိပ်ပြာသန့် စွာရှင်သန်ခြင်းကို ရယူလိုက်ပါ သူငယ်ချင်း ။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support