Saturday, 22 April 2017

ဘဝအတွက် အဖိုးတန် အဆုံးအမများ ****************************

Image may contain: text
 * ဓနကြောင့် မာနတက်တဲ့နေ့
ဓန ပျောက်တဲ့နေ့..
* အလှကြောင့် မာနတက်တဲ့နေ့
အလှ ပျောက်တဲ့နေ့..
*နေရာကြောင့် မာနတက်တဲ့နေ့
နေရာ ပျောက်တဲ့နေ့..
*ပညာကြောင့် မာနတက်တဲ့နေ့
ပညာ ပျောက်တဲ့နေ့..
*အလုပ်ကြောင့် မာနတက်တဲ့နေ့
အလုပ် ပျောက်တဲ့နေ့..
*သီလစောင့်မှ အူမတောင့်မယ်..
အူမတောင့်အောင် သီလစောင့်ကြပါ..
ငတ်သေရင် တစ်ဘဝပဲ..
သီလပျက်ရင် ဘဝများစွာ သေရမယ်..
အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့ မလုပ်ကျွေးပါနဲ့..
အများစားပြီး တစ်ယောက်ထဲ ခံရလိမ့်မယ်..
အကောင်းအဆိုး အကြောင်းအကျိုး
အမှားအမှန် ပိုင်းခြားသိတာ ဉာဏ်..
တရားမသိရင် အသိတရားမရှိဘူး..
အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး..
တရားနဲ့လျော်စွာမနေတတ်ရင် အပြစ်မကင်းဘူး..
အပြစ်မကင်းရင် ဆင်းရဲမယ်..
မဆင်းရဲချင်ရင် တရားသိအောင်လုပ်..
ကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟ မပါတဲ့အလုပ်..
ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင်လုပ်ကြ..
ကာယကံ ဝစီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ
တရားနဲ့လျော်အောင် ကျင့်ကြံနေထိုင်ပါ..
ချစ်ခြင်းမုန်းခြင်းကင်းအောင် ကျင့်ကြ..
မချစ်တတ် မမုန်းတတ်မှ သံသရာဝဋ်ဆင်းရဲက လွတ်ကင်းနိုင်မယ်..
ဘုရားကို ယုံသလား?တရားကို ယုံသလား?
သံဃာကို ယုံသလား?ဘာကြောင့် ယုံသလဲ?
ဘယ်လို ယုံတာလဲ? ဘယ်လောက်အထိ ယုံသလဲ?
ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ..
သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့..
သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး..
ရထားတဲ့ ဘဝတန်ဖိုးကို
ကောင်းကောင်းအသုံးချတတ်မှ လူ..
ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ်..
လျှာရှည်တယ် အငြိမ်မနေဘူး..
သူများအတင်းပြောတယ်..
ကိုယ့်အကြောင်း မကြည့်ဘူး..
သူများအကြောင်း ကြည့်တယ်..
အဲဒါ ပုထုဇဉ်အရူး..
ဘဝကူးကောင်းအောင် မလုပ်ပါနဲ့..
ဘဝပြတ်အောင် လုပ်ပါ..
ဒါနက သံသရာရှည်တာ မဟုတ်ဘူး..
ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာ..
ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support