Tuesday, 4 April 2017

ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချပြီး ရွှေအိုးမြှုပ်ခြင်း ************************************

Image may contain: 1 person, standing and text
  ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။ ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။
လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့ ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊ ဘာကြောင့် ကိုက်ချီ ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊ ဒါမှမဟုတ် သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။
ထိုအခါ ကျေးသားကြီးက “ အဆွေ ဗြဟ္မဏ၊ အသင်သည် ကျွန်ုပ်၏ ရန်ဖက်လဲ မဟုတ်ပါ၊ ၀မ်း
ဗိုက်လဲ အပိုမရှိပါ၊ စပါးကျီလဲ မရှိပါ။ ကြွေးဟောင်းလဲ ပေးဆပ်နေရပါတယ်၊ ကြွေးသစ်ချခြင်းလဲ လုပ်ရ
ပါတယ်၊ ရွှေအိုးမြှုပ်ခြင်းကိုလဲ ပြုလုပ်လို၍ ယူဆောင်သွားခြင်း ဖြစ်ပါတယ်။ ” ဟု အဖြေပေးရာ ကျေး
သား၏စကားကို နားမရှင်းသော ဗြဟ္မဏက ထပ်မံမေးသဖြင့် ကျေးသားက ရှင်းပြသည်မှာ ------
“ အဆွေ ကောသိယ၊ ကျွန်ုပ်မှာ မိအို၊ ဖအိုများရှိပါသည်။ ထို မိအို၊ ဖအိုများကို ပြုစုလုပ်ကျေးခြင်း
သည် ကြွေးဟောင်းဆပ်ခြင်း မည်ပါသည်။ အတောင် မစုံသေး၍ မပျံနိုင်သေးသော သားငယ်၊ သမီးငယ်
များ ရှိပါသည်။ ထို သားငယ်၊ သမီးငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ခြင်းသည်၊ ကျွန်ုပ် အိုမင်းမစွမ်း ရှိ
သောအခါ သူတို့က ပြန်လည်ကျွေးမွေး စောင့်ရှောက်ကြမည် ဖြစ်၍ ကြွေးသစ်ချခြင်း မည်ပါသည်။ အို
မင်းနေကြပြီဖြစ်၍ မပျံသန်း နိုင်တော့သော အတူနေ သက်ကြီးရွယ်အို ကျေးကြီးများကို ကုသိုလ်လို၍
ကျွေးမွေးရပါသည်။ ဤသည်မှာ အနုဂါမိက ရွှေအိုးမြှုပ်ခြင်း မည်ပါသည်။ ”
ကျေးသားကြီးကား ၀တ္တရားကျေလှပါသည်။ မိဘ၀တ်လည်း မချွတ်စေရ၊ သားသမီးဝတ်ကိုလည်း
မချွတ်စေရ၊ အတူနေ ဆွေမျိုးဝတ်ကိုလည်း မချွတ်စေရ၊ ယဉ်ကျေးလိမ္မာရာမှာ အချို့ လူတို့ထက် သာ
ပေသည်။ အချို့ လူတို့မှာ ဤ၀တ္တရားများကို သိလည်းမသိကြ၊ သိစေကာမူ ၀တ္တရား မကျေကြဟု ကော
သိယ စဉ်းစားမိကာ ကျေးသားကြီးကို ကြည်ညို၍ သလေးခင်းကြီးကို လှူလိုက်၏။ ကျေးသားကြီးကမူ
သင့်မြတ်ရုံသာ လက်ခံ၍ သင့်လျော်သော စကားများ ပြောဆိုပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။
ဒါကြောင့် မိမိတို့တစ်တွေဟာ ကျေးသားကြီးကို သဘောကျပြီး ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချ၊ ရွှေအိုး
မြှုပ်ပြီး၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၊ ချမ်းသာအမျိုးစုံကို စံစား၊ ခံစားနိုင်
ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ချမ်းမြေ့မင်္ဂလာသင်စရာမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
မေတ္တာဖြင့် ပြန်လည်မျှဝေ ဓမ္မဒါနပြုပါသည်။
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support