ခံစားလွယ်တဲ့သူဟာ ဆုံးရှုံးဖို့လည်း လွယ်တယ်
ပင်ပန်းမှုလည်း များတတ်တယ် ၊ ခံစားမှုနောက်ကို
လိုက်ရင်း အလိုမကျမှုနဲ့ မကျေနပ်မှုကို တိုးပွား
စေတယ် ၊ ခံစားမှုကြီးလေ ဝေဒနာကြီးလေ ဖြစ်
တတ်တယ် ။

ပုထုဇဉ်သဘာဝ အလွယ်တကူခံစားမှုတွေ ဖြစ်တတ်
ပေမယ့် ခံစားမှုရဲ့နောက်ကွယ်မှာ ဒုက္ခတရားက
ကပ်ပါလာတတ်တာကိုတော့ သတိပြုဖို့လိုတယ် ။
IQ ( intelligent Quotient ) လို့ခေါ်တဲ့ မှတ်ဉာဏ်စွမ်း
အား ဘယ်လောက်ပဲမြင့်မြင့် EQ ( Emotion Quotient )
လို့ ခေါ်တဲ့ ခံစားမှုကို ထိန်းပေးနိုင်တဲ့ စွမ်းရည်မရှိ
ရင် ပညာတော်တဲ့သူတွေလည်း ကျရှုံးမှုတွေ ကြုံရ
တတ်တယ် ။
ဘဝမှာ အောင်မြင်နေတဲ့သူ အတော်များများဟာ
ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲ များတာကို
တွေ့ရလိမ့်မယ် ။
မြတ်ဗုဒ္ဓက အကောင်းအဆိုး ခံစားမှုမှာ မတုန်မလှုပ်
ရင်ဆိုင်နိုင်တဲ့သူဟာ စိုးရိမ်မှုကင်းပြီး အပြစ်ကင်း
ကြောင်း လမ်းညွှန်တော်မူတယ် ။
အကောင်းခံစားရလို့လည်း အပျော်မလွန်ဖို့ ၊ အဆိုး
ခံစားရလို့လည်း မတုန်လှုပ်ဖို့ အရေးကြီးတယ် ၊ ခံစား
ချက်ဆိုတာ ခံစားဖို့မဟုတ်ဘူး ၊ ခံစားချက်ကို သိ
မှတ်ဖို့ပဲ ၊ သိရင် အလွယ်မခံစားတော့ဘူး ၊ မခံစားရင်
ဒုက္ခနည်းမယ် ။
မနာပဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment