Monday, 25 September 2017

အဓိက တရားခံ •••••••••••••••

  Image may contain: text, outdoor and nature

ကိုယ့်စိတ်ကို ကိုယ်ပြန်အာရုံပြုကြည့်မိတဲ့အခါ
စိတ်ဟာ လုပ်စရာတွေ ဗလပွနဲ့ ရှိနေပါသေးလားဆိုတာ သတိ ထားမိမှာပါ …
လုပ်ဆဲအလုပ် , လုပ်ရဦးမယ့်အလုပ် , လုပ်ချင်နေ
သေးတဲ့အလုပ်တွေ အပြည့်နဲ့ စိတ်ဟာ မနိုင်မနင်းတဲ့အထုပ် အပိုးတွေကို
ဖရိုဖရဲသယ်ပွေ့လာသူ တစ်ယောက်နဲ့ တူနေလေရဲ့












ဒီလောက် အလိုလောဘကြီးလွန်းတဲ့ စိတ်ကို
ဘဝခန္ဓာတွေက ကြိုမစောင့်ဘဲ နေပါတော့မလား
,တစ်ခါမျှော် တစ်ခန္ဓာ , တစ်ခါတွေး တစ်ခန္ဓာဖြစ်စဉ်တွေနဲ့ပဲ သံသရာထဲမှာ
ခန္ဓာမစဲနိုင်ဖြစ်နေရတဲ့ဘဝက နုတ်ထွက်လို့ ရနိုင်ပါဦးတော့မလား …
ဒါဖြင့် စိတ်မှာ အပြစ်ရှိသလားဆိုတော့
ဒီလိုလည်း မဟုတ်ပြန်ပါဘူး..
ကိုယ်ကမှ စိတ်ကို အသုံးမချတတ်တာ
စိတ်က သူ့သဘာဝအလျောက် အာရုံပြုတတ်ရုံ ,
အာရုံအပေါ် ညွှတ်ကိုင်းရုံကလွဲလို့
ဘာမှလုပ်တတ် မဟုတ်ဘူး..။
ဒါဆိုရင် အာရုံတွေမှာ အပြစ်ရှိတာပေါ့လို့ဆိုမလား …
ဒီလိုလည်း မဟုတ်ပါဘူး အာရုံတွေက သူ့ဘာသာသူ
ဖြစ်လိုက် , ပျက်လိုက် , ပေါ်လိုက် , ပျောက်လိုက်
်ရှိနေတာပါ …
ကိုယ်ကမှ အာရုံမပြုတတ်တာ …
အဓိကတရာခံကတော့ နှလုံးသွင်း မမှန်တာပါပဲ။
အရှင်သုစိတ္တ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support