Monday, 25 September 2017

ပရဟိတ နှင့် အဆဲခံရခြင်း -------------------------------

 No automatic alt text available.
 လူ့ လောက ကောင်းကျိုးကို ဖေါ်ထုတ်တဲ့နေရာမှာ
အခြေအနေနဲ့  အချိန်အခါအလိုက် တုန့် ပြန်ခံရ
တတ်ပါတယ်
လူကောင်းတွေများတဲ့အချိန်မှာ ပရဟိတလုပ်တဲ့
သူတွေဟာ ချီးမွမ်းခံရမယ် လူအများလေးစားတာ
ခံရတတ်ပါတယ်
လူကောင်းတွေနည်းပြီး မကောင်းတဲ့သူတွေ
များတဲ့အချိန်မှာတော့ ပရဟိတ လုပ်ဆောင်သူ
များဟာ အနည်းနဲ့ အများတော့ အတိုက်အခံ
ပြုလုပ်တာ ခံရတတ်ပါတယ်
အဲဒီလိုအချိန်မျိုးမှာ ပြုလုပ်သူတွေဟာ
အသိတရားကြီးဖို့ လိုအပ်ပါတယ်
သူများအပြစ်ပြောတာ တိုက်ခိုက်တာတွေကို
ကိုယ်နဲ့ မဆိုင်သလို သဘောထားပြီး ကိုယ့်ရဲ့
လုပ်ငန်းစဉ်ပျက်မသွားအောင် ဆက်လက်ပြီး
ချီတက် နိုင်ရပါမယ်
ငါ ဒီလောက်ကောင်းတာလုပ်နေတာတောင်
အပြစ်မြင် အပြောခံရသေးတယ် အဲဒီတော့
မလုပ်နိုင်တော့ဘူး ဆိုပြီး အပြစ်ပြောသူတွေကို
အရှုံးပေးသွားရတဲ့ ပရဟိတသမားတွေ အများကြီး
ရှိပါတယ် သူတို့ ဟာ လောကဓံရဲ့သဘောကို
နားမလည်ပဲ နဲ့ အရှုံးပေးလိုက်ကြသူတွေပါ
တကယ်တော့
အယူမှားနေသူတွေ များနေတဲ့ ခုလိုခေတ်ကြီးထဲမှာ ပရဟိတသမားတွေ
ပိုပြီးပင်ပန်းတတ်ပါတယ်
အများအကျိုးဆောင်ရွက်လိုသူများ၏
အကြီးမားဆုံး အင်္ဂါသည်ကား
အဆဲခံရခြင်းဟူ၍ စိတ်ချယုံကြည်အပ်ပေသည်
ဆိုတဲ့အတိုင်းပါပဲ
ကိုယ်ကောင်းတာလုပ်လို့ 
စိတ်မပျက်ကြပါနဲ့  နောက်မလှည့်ကြပါနဲ့ 
တကယ်ဒုက္ခရောက်နေသူတွေ အများကြီးပါ
အဆိုးလောကဓံတွေဟာ အဲဒီဒုက္ခသည်တွေကို
အကူအညီမရအောင် ထပ်ပြီး နှိပ်စက်တဲ့
သဘောတရားပါပဲ
ဒါ့ကြောင့် ပရဟိတ လုပ်သူတွေဟာ
ဘယ်လို မျိုးပဲ အခတ်အခဲတွေ ရင်ဆိုင်နေရပါစေ
နောက်မဆုတ်ကြပါနဲ့ 
ဘုရားရှင်လည်း အဆဲခံရသေးတာပဲ လို့ 
နှလုံးသွင်းပါ
ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးလည်း
အသတ်ခံရတာပဲ လို့  နှလုံးသွင်းပါ
ကိုယ်ကောင်းတာလုပ်နေ့ပေမဲ့
သူများအပြစ်ပြောတာ ဝေဖန်တာ ပုတ်ခတ်တာ
တွေဟာ လောကဓံရဲ့ သဘောတရားတွေပဲလို့ 
နှလုံးသွင်းပြီး စိတ်ထားဖြူစင်စွာနဲ့ ပရဟိတ
အလုပ်ကိုဆက်ပြီးလုပ်ကြပါ
စိတ်ဓာတ်က အားမပါပဲ ပြုလုပ်နေရတယ်ဆိုရင်
အဲဒီကောင်းမှု့ အကျိုးပေးတဲ့အချိန်မှာ
အကျိုးပေး နည်းတတ်ပါတယ်
ဒါ့ကြောင့်
ပရဟိတသမားများဟာ
ဘယ်လိုအခတ်အခဲပဲဖြစ်ဖြစ်
ကျော်လွှားရမယ်ဆိုတဲ့
ခံယူချက်မျိုးထားပြီး
ဒုက္ခသည်တွေကို ကူညီနိုင်ရမယ် ဆိုတဲ့
အယူအဆမျိုးနဲ့ သာ
ုဖြတ်ကျော်နိုင်မယ် ဆိုရင်ဖြင့်
တနေ့ မှာ
ကြီးကျယ်ခမ်းနားတဲ့ အကျိုးးပေးကို
မုချရပါလိမ့်မယ် လို့ ---------
-----------------
-------------
ဦးမြင့်ခိုင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support