Monday, 25 September 2017

* မြွေ နှင့် ယုန် ဘယ်ပုံအသက်မွေးမလဲ *

Image may contain: text

'သတ္တဝါရယ်လို့ ဖြစ်လာရင်တော့
အသက်မွေးရတာပေါ့ဗျာ ။
ဒါပေမဲ့ မြွေလို အသက်မွေးမလား
ယုန်လို အသက်မွေးမလား ဆိုတာ
ရွေးချယ်တတ်ရမယ် ။
မြွေကိုကြည့်ဗျ သူများအသက် သတ်စားနေတာ။
မြွေရဲ့ ထမင်းလုတ်က ဖါးကလေးတွေ ငါးကလေး
တွေပဲမို့လားဗျ ။
မြွေတစ်ကောင် အသက်ရှင်ဖို့ သေပေးရတဲ့
ဖါး ငါး တွေက နည်းသလားဗျ ။
သေတော့ကော ကျေကျေနပ်နပ်သေရသလားဗျ။
အဲဒီတော့ မြွေရဲ့ အသက်မွေးဝမ်းကြောင်းမှု
ဆိုတာ တစ်ဖက်သား မကျေနပ်တဲ့ ဝမ်းစာ ။
ကိုယ်ချင်းစာမှု လုံးလုံးမရှိတဲ့ ဝမ်းစာ ။
မြွေက ဖါးတစ်ကောင်မျိုတိုင်း သံသရာမှာ
တစ်ဘဝကျ ပြန်ပြီး အသေဆိုးနဲ့ သေပေးရ
လိမ့်မယ် ။
မြွေတစ်ကောင်ရဲ့သက်တမ်းမှာ ဖါးအကောင်
တစ်ရာမျိုပြီးမှ အသက်ရှင်ရရင် သံသရာလည်
တော့လည်း ဘဝပေါင်းတစ်ရာ ပြန်အသတ်ခံ
ရပြီး မရှုမလှ သေရမယ် ။
ဒါကြောင့် မြွေရဲ့အသက်မွေးခြင်းဟာ အပြစ်
ကင်းတဲ့ ကြွေးကင်းတဲ့ ထမင်းလုတ် မဟုတ်ဘူး။
ဟော...ယုန်ကလေးတွေကျတော့ ကန်စွန်းရွက်
တို့ မြက်တို့ပဲ စားတာဗျ ။ သူဝမ်းဝဖို့ ဘယ်သူ့မှ
ဒုက္ခမပေးဘူး ။
ဒါဟာ အပြစ်ကင်းတဲ့ အသက်မွေးမှု
အကြွေးမတင် သန့်စင်တဲ့ ဝမ်းစာရှာနည်းပဲဗျ ။
အဲဒီတော့ တို့တကာကြီးများလဲ ...
မွေလို အသက်မွေးမလား ယုန်လိုအသက်မွေး
မလားဆိုတာ အဖြေရလောက်ပါပြီဗျာ ။
# ကိုယ်ကျင့်သီလတွေ ဖေါက်ဖျက်ပြီး
ငါကောင်းစား ပြီးစတမ်းဆိုပြီး
ဝမ်းစာစီးပွား ရှာနေပုံမျိုးက
မြွေရဲ့ ထမင်းလုတ်မျိုးနဲ့ အတူတူပဲ ' ။ ။
**'မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး'*
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support