Sunday, 10 September 2017

♨ စိတ်မပန်းပါ။ ♨ ═══════════

  • Image may contain: text
  •  
  • ❖ အပြောလွယ်သလောက်
    အလုပ် ခက်တာကတော့ ကိုယ်နွမ်းပေမယ့်
    စိတ် မပမ်းအောင် နေတတ်ဖို့ ပါပဲ။
  • ❖ ဒါပေမယ့်...သတိနဲ့နေတဲ့အလေ့အကျင့်ကို
    လုပ်တာ များလာရင် တဖြေးဖြေးရလာမှာပါ။
    ဒီလိုလေ့ကျင့်ရင်းနဲ့ 
    စိတ်မပမ်းအောင် နေတတ်လာတဲ့တပည့်တွေက
    ပြန်ပြောပြတာကို မကြာခနကြားရပါတယ်။
  • ❖ စိတ်မပမ်းအောင် နေတတ်လာတဲ့ တပည့်တွေပြောပြတာ ကြားရတိုင်း
    ပီတိဖြစ်ရပါတယ်။
    အချိန်တော့အများကြီးပေးပြီး လေ့ကျင့်ရပါတယ်။
    လေ့ကျင့်လို့ ပြီးသွားပြီလို့ ဘယ်တော့မှပြောလို့
    ရမှာမဟုတ်ပါဘူး။
    အမြဲတမ်းလေ့ကျင့်နေရမှာပါပဲ။ တဖြေးဖြေးတော့လွယ်လာမယ်။
    စိတ်ပမ်းလာတာနဲ့ သတိဝင်လာပြီးတော့
    စိတ်က ဥပေက္ခာဖြစ်လာမယ်။
    ဥပေက္ခာစိတ်နဲ့ နေရတာ ပိုပြီးသက်သာပါတယ်...။
  • ❖ ဥပေက္ခာအမျိုးမျိုးရှိပါတယ်။ ဥာဏ်ပါတဲ့ဥပေက္ခာကပိုပြီးတော့ ဥာဏ်ပညာရင့်ကျက်လာဖို့ 
    အကြီးမားဆုံး အထောက်အပံ့ဖြစ်ပါတယ်။ ဥာဏ်မပါတဲ့ ဥပေက္ခာကတော့
    ဖြစ်တုန်းမှာစိတ်သက်သာပေမယ့်
    စိတ်ဓါတ်ရင့်ကျက်မူ့ ကိုအထောက်အပံ့မပေးဘူး...။
    တစ်ချို့ စိတ်ငြိမ်ဆေးသောက်ပြီး စိတ်မှာဥပေက္ခာဖြစ်အောင်လုပ်တာရှိပါတယ်။
    အဲဒီနည်းလမ်းကဖြတ်လမ်းနည်းဖြစ်တယ်။ ဖြတ်လမ်းနည်းတွေဟာ
    ရေရှည်မှာပြဿနာကိုပိုကြီးစေတယ်။
    ဆေးကိုအားကိုးတဲ့သူဟာ
    ဆေးတစ်မျိုး မတိုးတော့ရင်
    နောက်ဆေးတစ်မျိုး ပြောင်းရမယ်။
    ဆေးကိုတစ်ဖြေးဖြေး ပိုသောက်ရမယ်။
    ဒါကြောင့်
    ဆေးအားကိုးပြီး ဥပေက္ခာဖြစ်အောင်မလုပ်ဖို့
    သတိပေးလိုက်ပါတယ်။
  • ❖ တရားနဲ့ လုပ်ပါ။ တရားနဲ့ လုပ်တာက ကိုယ့်ကိုယ်ကိုအားကိုးတဲ့သဘောဖြစ်လို့ 
    ရေရှည်မှာပိုပြီးတော့အကျိုးများပါတယ်။ ဥာဏ်ရင့်ကျက်လာလေလေ ၀မ်းသာဝမ်းနည်း
    ဖြစ်တာနည်းလေလေ တည်ငြိမ်အေးချမ်းလေလေဖြစ်လာမယ်။
    ကိုယ်ရောစိတ်ပါပိုပြီးကျန်းမာလာမယ်။ ကိုယ်နွမ်းသော်လည်း စိတ်မပမ်းအောင်အမြဲတမ်း
    သတိနဲ့ နေနိုင်ပါစေ...။
  • ❖ ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲစေတာ
    ကိုယ့်အတွေးတွေပဲ။
    ဒီစကားမှားသလား မှန်သလားဆိုတာ ကိုယ့်ဟာကိုယ်ကိုယ်တွေ့ ဖြစ်အောင်
    ကိုယ့်စိတ်ထဲမှာဘာတွေတွေးနေသလဲဆိုတာကို
    စောင့်ကြည့်ပါ။
    ကိုယ့်စိတ်ကိုကိုယ်ပိုသိပြီး
    ကောင်းတဲ့အခြေအနေမှာ ထားနိုင်ရင် ကိုယ့်ဘ၀ပိုအဆင်ပြေမယ်။
    မသိရင်တော့ ခက်လိမ့်မယ်။
  • ❖ လူတွေဟာကိုယ့်ပတ်ဝန်းကျင်မှာ မသင့်တော်တာ ကိုမြင်ရရင် ပြုပြင်ချင်ကြတယ်။
    ပြုပြင်ဖို့ လိုပါတယ်။ ဒါပေမယ့် "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ "
    ဆိုတဲ့သဘောထားမျိုးနဲ့ တော့
    လောကကြီးကို ကောင်းအောင်ပြုပြင်လို့ မရပါဘူး။
    ငါလုပ်သလိုလုပ်ဆိုပြီး ကိုယ်ကရှေ့ကနေ
    ကောင်းတာတွေလုပ်သွားမှ ကိုယ့်စကားဟာ
    ထိရောက်မယ်။
  • ❖ လူတိုင်း မရိုးသားတဲ့လူနဲ
့ဆက်ဆံရတဲ့ ဒုက္ခကိုကြုံဖူးပါတယ်၊
    လူတွေရိုးသားကြရင်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တောင့်တကြမှာပဲ။
    ရိုးသားတဲ့လူကိုတွေ့ ချင်မှာပဲ။
    ကိုယ်တွေ့ ချင်တဲ့ရိုးသားတဲ့လူကိုမှန်ထဲမှာ
    မြင်ရရင်အကောင်းဆုံးပါပဲ။…………………
  • ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
  • Credit Aye Mar
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support