Thursday, 21 September 2017

ကိုယ့်​ကိုယ်​ကို ​လေးစားပါ


လူအများက ကိုယ့်​ကို အထင်​ကြီးတာ ​လေးစားတာ ချစ်​ခင်​ယုယတာ​တွေကို လူတိုင်းလိုလို နှစ်​နှစ်​ခြိုက်​ခြိုက်​ခံယူလိုကြပါတယ်​ . ( ချွင်းချက်​ ) လူတိုင်း​တော့ မဟုတ်​ပါ...
လောကမှာ လက်​​တွေ့ အလုပ်​လုပ်​ရတာထက်​ ပါးစပ်​က​လေးနဲ့ ​ဝေဖန်​ချိးမွမ်းကဲ့ရဲ့ရတာက သိပ်​လွယ်​တာလဲ ပါတာ​ပေါ့ တခါတ​လေ အဲ့လိုလူမျိုး​တွေထဲမှာ ကိုယ်​လဲ​ရော​ယောင်​ ပါသွားမိတာ​တော့ အမှန်​ပါ အဲ့ဒီ့အခါမှာ ကိုယ်​ဖက်​မှက် နာကြားထားဖူးတဲ့ တရားအသိ စာ​ပေအသိ​တွေနဲ့ ကိုယ့်​စိတ်​ကို ပြန်​ထိန်း သတိ​လေးယိမ်းပြီး ပြန်​လည်​တည့်​မက်​​ပေးရပါတယ်​...
လူအများက ချီးကျူး​လေးစား ​ဝေဖန်​ကဲ့ရဲ့တာ​တွေကို လိုက်​ခံစားရင်း ဝမ်းသာ​ပျော်​ရွှင်​ ဝမ်းနည်း​ကျေကွဲ​နေကြမဲ့အစား ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​ရပါမယ်​ ဘာလို့လဲဆို​တော့ ကိုယ့်​အ​ကြောင်းကို ကိုယ်​အသိဆုံးပါ...
လူအများက ​​လေးစားတာထက်​ မိမိကိုယ်​ကို ​လေးစား​နေဖို့ လူအများက ကိုယ့်​ကို ချစ်​ခင်​ကြည်​ညိုတာထက်​ မိမိကိုယ်​ကို ကြည်​ညို​နေဖို့ လူအများက ကိုယ့်​ကို ချီးမွမ်းတာထက်​ ကိုယ့်​ရဲ့ ​ဖြောင့်​မှန်​တဲ့ စိတ်​ဓာတ်​နဲ့ ယုံကြည်​စွာ ချီးကျူးဂုဏ်​ယူ​နေဖို့ ပိုလိုအပ်​ပါတယ်​...
အဲ့လိုပဲ ကိုယ့်​အ​ကြောင်း ကိုယ်​အသိဆုံးမို့ မည်​သူကမည်​သို့ အထင်​ကြီး​လေးစား ကြည်​ညို​နေပါ​စေ ကိုယ့်​လုပ်​ရက်​​တွေက မှန်​မမှန်​ဆိုတာ မိမိကိုယ်​ကို အသိဆုံးပါ...
လူအများက ဘယ်​လို​တွေ အထင်​ကြီး​လေးစား ကြည်​ညို ​ဝေဖန်​ကဲ့ရဲ့​နေပါ​စေ လိုက်​ခံစား​နေဖို့ မလိုပါဘူး မိမိရဲ့ စိတ်​ဓာတ်​ လုပ်​ရက်​နဲ့ ယုံကြည်​ချက်​​တွေက ​လောကကျင့်​ဝတ်​သိက္ခာတရားနဲ့ မဆန့်​ကျင်​ဘူးဆိုရင်​ ​ရပြီ....
မိမိကိုယ်​ကို တန်​ဖိုးထားတက်​ပါ​စေ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support