
ဘာပဲ ဖြစ်ဖြစ် ခဏလေးပါ ဟု
ခဏခဏ နှလုံးသွင်းပေးပါ
ဘယ်စိတ်ပေါ်ပေါ် ခဏလေးပါ
ခဏခဏ နှလုံးသွင်းပေးပါ
ဘယ်စိတ်ပေါ်ပေါ် ခဏလေးပါ
" လောဘ " လွန်ကဲလာရင်လည်း
" ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ
" ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ
ဒေါသစိတ်ဖြစ်ပေါ်လာရင် လည်း
" ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ
" ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ
မောဟ မာန ဣဿ မစ္ဆရိယ စိတ်ပေါ်လာတိုင်း
"ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ ဟု
ပေါ်လာတဲ့ စိတ်ကို
ဥာဏ် နဲ့ သာဖြတ်လိုက်ပါ ။
"ဟာ " ဘာပဲဖြစ်ဖြစ် ခဏလေးပါ ဟု
ပေါ်လာတဲ့ စိတ်ကို
ဥာဏ် နဲ့ သာဖြတ်လိုက်ပါ ။
" ဘာပဲဖြစ်ဖြစ် ခဏလေးပါ "
( မြောက်ဦးဆရာတော်ဘုရားကြီး ၏ သြဝါဒ )
××××××××××××××××××××××××××××
ခဏတာ
❆ ❆ ❆ ❆
❆ ❆ ❆ ❆
လူ့ဘ၀ ခဏတာလေးကို မနာလိုမူ ၀န်တိုမူ
အမုန်းတရားတွေနဲ့ပဲ အချိန်ကုန်မခံပါနဲ့ ။
အမုန်းတရားတွေနဲ့ပဲ အချိန်ကုန်မခံပါနဲ့ ။
ကိုယ်ချင်းစာမူ နာလည်မူ ခွင့်လွှတ်မူတွေနဲ့
ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ ။
ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ ။
...........အရှင် စန္ဒဇောတိ(သာသနာနွယ်)
×××××××××××××××××××××××××××
ဘာမှမကြာ ခဏတာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ရှိခြင်း မရှိခြင်း ကို့ယ့်စိတ်တွင်း ခံပြင်းဒေါသမဖြစ်နဲ့
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
အခြံအရံ မျုားခြင်း မများခြင်း စိတ်တွင်း သောကမဖြစ်နဲ့
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
ချီးမွမ်း ကဲ့ရဲ့ ဤအတွက် စိတ်ကွက်လို့လည်းမနေနဲ့
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
ချမ်းသာ ဆင်းရဲ ကိုယ့်စိတ်ထဲ
သိပ်စွဲလို့လည်း မနေနဲ့...
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
.......
..............မနာပဒါရီ အရှင်ဝိစိတ္တ
သိပ်စွဲလို့လည်း မနေနဲ့...
ဘာမှမကြာ ခဏတာ တရားအသိနဲ့ ဆင်ခြင်ပါ ။
.......
..............မနာပဒါရီ အရှင်ဝိစိတ္တ
×××××××××××××××××××××××××××××
ခဏလေးပါ
❆ ❆ ❆ ❆ ❆
❆ ❆ ❆ ❆ ❆
မချစ်လို့မုန်း ချစ်လို့ပြုံးလည်း
မုန်းကြ ပြုံးကြ ခဏလေးပါ ။
မုန်းကြ ပြုံးကြ ခဏလေးပါ ။
မရှိလို့မျော် ရှိလို့မော်လည်း
မျော်ကြ မော်ကြ ခဏလေးပါ ။
မျော်ကြ မော်ကြ ခဏလေးပါ ။
သာတုန်းတော့စံ နိမ့်တော့ခံ
စံကြ ခံကြ ခဏလေးပါ ။
စံကြ ခံကြ ခဏလေးပါ ။
မလိုတော့နှင် လိုတော့ခင်
နှင်ကြ ခင်ကြ ခဏလေးပါ ။
နှင်ကြ ခင်ကြ ခဏလေးပါ ။
ပါးသူကယူ ထူသူကပေး
ယူကြ ပေးကြ ခဏလေးပါ ။
ယူကြ ပေးကြ ခဏလေးပါ ။
ငယ်ငယ်ကပျို ကြီးတော့အို
ပျိုကြ အိုကြ ခဏလေးပါ ။
ပျိုကြ အိုကြ ခဏလေးပါ ။
အကြောင်းကြောင့်ဆုံ အကြောင်းကုန်တော့ကွဲ
ဆုံကြ ကွဲကြ ခဏလေးပါ ။
ဆုံကြ ကွဲကြ ခဏလေးပါ ။
..............စွန်းလွန်းဆရာတော်
0 comments:
Post a Comment