★
လူသားတိုင်းမှာ လိုအပ်နေတာက
အဖော်မဟုတ်ပါဘူး အဓိကလိုအပ်တာက တရားပါ။
★
လူသားတိုင်းအတွက် အရေးတကြီးလိုအပ်နေတာက
ငွေကြေးမဟုတ်ပါဘူး မေတ္တာပါ။
★
ဘဝတလျှောက်လုံးမှာ မရှိမဖြစ် လိုအပ်နေတာက
ဂုဏ်ပကာသနတွေ မဟုတ်ပါဘူး ကိုယ်ချင်းစာစိတ်ပါ။
★
ဘဝတစ်ခုရှင်သန်ရပ်တည်ဖို့အတွက် အဓိကလိုအပ်ချက်က
ရာထူးအာဏာ မဟုတ်ပါဘူး အကောင်းနဲ့အဆိုးကို ခွဲခြားနိုင်သော
ပညာပါ။
★
ခမ်းနားထည်ဝါသော ဘဝတစ်ခုပိုင်ဆိုင်ဖို့ အဓိကလိုအပ်ချက်က
ကျော်ကြားမှူ မဟုတ်ပါဘူး စေတနာပါ။
★
မြင့်မားသော ဘဝတစ်ခုရောက်ဖို့ အဓိကအရေးအကြီးဆုံးလိုအပ်ချက်က
အောင်မြင်မှူ မဟုတ်ပါဘူး မှန်ကန်ဖြောင့်မတ်သော စိတ်ဓာတ်ပါ။
★
ငွေကြေး ၊ အောင်မြင်မှူ ၊ ကျော်ကြားမှု ၊ ရာထူးစည်းစိမ်
ဂုဏ်ပကာသနတွေက အရေးမကြီးဘူးလို့တော့ မငြင်းချင်ပါဘူး
ဒါပေမယ့် အဲ့တာတွေ အကုန်လုံးက ဘဝရဲ့အကာပါ
အနှစ်က စိတ်ကောင်းရှိဖို့ ပထမပါ။
★
ဘဝနေဝင်ချိန်ရောက်ရင် ကိုယ့်အတွက် အထောက်အကူပေးမှာက
ဘဝရဲ့ အကာတွေမဟုတ်ပါဘူး
ကိုယ်ထားရှိခဲ့တဲ့ မေတ္တာနှင့် စေတနာတွေပါပဲ။

ဇင်းနစ် မကွေး
0 comments:
Post a Comment