Sunday, 10 September 2017

★ မင်္ဂလာပါ ★ ✔ ✔ ✔ ✔

 ❀ ဖုန်​လိုထူထပ်​​နေတဲ့ ဒဏ်​ရာ​တွေ ​အောက်​မှာ ကျ​ပျောက်​ခဲ့တဲ့ တက်​ကြွခြင်းများစွာရှိတယ်​ နားမလည်​ခဲ့တဲ့ ပစ်​ပယ်​မူ့မှာ ရပ်​တည်​ဖို့ ကြိုးစားရင်း ဝိုးတဝါးနဲ့ မနက်​ဖြန်​ကို ​တွေး​ကြောက်​ဖူးတယ်​...
❀ ကိုယ်​ထူကိုယ်​ထဆို​ပေမယ့်​ ရိုးသားစွာ ကြိုးစားခြင်းမှာ ​လှောင်​​ပြောင်​မျက်​လုံး​တွေ​ကြောင့်​ တန့်​သွားတဲ့ အားယူမူ့​တွေ ရှိခဲ့တယ်​...
❀ နီးစပ်​ခဲ့တဲ့ အိမ်​မက်​​တွေ ​ရောက်​လုလုမှ ပြိုပျက်​ခဲ့​တော့ မျက်​ရည်​ဆိုတာ နှ​မြောတသ နှလုံးအိမ်​က စီးကျဖူးတယ်​...
❀ ဖြစ်​ချင်​တိုင်း ဖြစ်​ခွင့်​မရတဲ့ ဘဝမှာ ဖြစ်​ချင်​ဖြစ်​ဖို့ လဲကျ​နေ​တောင်​ အရူံးမ​ပေးနိုင်​ဘူး...
❀ ပြိုင်​ပွဲဆိုတာ ပြိုင်​ဆိာင်​သူအဖို့သာ အသက်​ဝင်​တာ ​လျှောက်​လှမ်း​နေသူ အတွက်​ ပထမဆိုတာ မရှိဘူး ​နောက်​ဆုံးဆိုတာ မရှိဘူး ​ရောက်​တဲ့အချိန်​ဟာ ​အောင်​မြင်​ခြင်း​တွေ ရရှိတဲ့အချိန်​ပဲ...
❀ ဖြစ်​ရမယ်​...
ဘဝဆိုတာ အနိုင်​အရှူံး​ တွက်​​နေဖို့ထက်​ ကိုယ်​ဘာ​တွေ အဓိပ္ပါယ်​ရှိရှိ လုပ်​​ဆောင်​နိုင်​လဲဆိုတာ ပိုအ​ရေးကြီးမှန်းကို နာနာကျင်​ကျင်​ ခံစားမူ့​တွေကြားက သိလိုက်​ရတယ်​...
❀ အကြာကြီး ရပ်​​နေဖို့ထက်​ ကိုယ်​ရှိ​နေခဲ့တဲ့ အချိန်​မှာ အဓိပ္ပါယ်​ရှိရှိ ကြိုးစား​နေထိုင်​သွားဖို့သာ အ​ရေးကြီးတာ...
Credit ဘာမထီဘွား
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support