❀ ဘဝဆိုတာ အတက်အကျတွေနဲ့ ဆော့ကစားတက်တယ် စိတ်ဓာတ်တွေ
မကြံ့ခိုင်ရင်တော့ အောင်မြင်ခြင်း လမ်းစတွေဟာ သွေဖယ်ပြေးပြီး
အထီးကျန်ခြင်းကို လက်ဆောင်ပေးတယ်...
❀ ကိုယ့်ဆီ ပြေးမလာတဲ့ အခွင့်အရေးကို ရပ်စောင့်နေဖို့လဲ
မကြိုးစားတော့ ရယူခြင်းရဲ့ သဘောတရားထဲမှာ ပေးဆပ်ခြင်းဆိုတဲ့
အပိုင်းအစတွေများမှန်း ကိုယ်တိုင် ဘဝကို ပုံဖော်ထုဆစ်ချိန်မှာ
ချွေးစက်တွေ ရင်းပြီး သိလိုက်ရတယ်...
❀ ခါးသီးတဲ့ ဘဝလမ်းမှာ ချိုမြိန်တဲ့ နွယ်ချိုတွေ ပျိုးဖို့ မြေလှန်မျိုးစေ့ချချိန်မှာ အရည်ကြည်တည်တဲ့ လက်နဲ့ ချွေးစက်တစ်ချို့ကို ရင်းလိုက်ရတာ ငိုစရာမှ မဟုတ်တာ...
❀ အမြင့်ကို တက်ချင်ရင် အမြင့်ကို တက်ရဲတဲ့ သတ္တိကိုတော့ အရင်ပျိုးထောင်ရမှာပဲ...
❀ အခက်အခဲတွေ့တဲ့ လူတိုင်းသာ နောက်ပြန်လှည့်ရကြေးဆိုရင် ရင်ထဲက လေးစားခဲ့ရ သူတွေ ရှေ့မှာ ပိတ်မနေဘူး...
❀ ကိုယ့်ကိုယ်ကို လေးစားတဲ့ သူက ကိုယ့်ဘဝကို ဘယ်တော့မှ စိတ်မပျက်ဘူး...
❀ လဲကျသွားရင်တောင် လောကဓံက ကိုယ့်ကို ပညာပေးတယ်လို့ မှက်ယူပြီး လူတော်တွေ ဘယ်လိုရုန်းကန်သွားလဲဆိုတာကို လေ့လာပြီး ဒဏ်ရာထဲက အမြက်ထုတ်သွားကြတာ ထူးခွန်ထက်မြက်သူတွေပါ...
❀ ကိုယ့်ကိုယ်ကို လေးစားပါသလားးးး ဒါဆို ဘဝကို အရှူံးပေးဖို့. မတွေးလိုက်ပါနဲ့ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ အားလုံးက အခက်အခဲကိုယ်စီ ရှိကြတာပဲ...
❀ တစ်ချို့ ကိုယ့်အခက်အခဲက အများသူငှါအတွက် ရယ်စရာဖြစ်နေမှာ ရှက်မနေနဲ့ ထွက်မပြေးမိစေနဲ့ ဘဝဆိုတာ ကိုယ့်နေရာနဲ့ကိုပါ...
❀ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားက ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်စွမ်း ရှိတယ်ဆိုတာ မမေ့နဲ့...
Credit
✏
✏
✏ ဘာမထိဘွား

0 comments:
Post a Comment