ဒီနေ့ကစပြီးပြန်ပြင်လို့မရတော့တဲ့ မနေ့ကအကြောင်းတွေအတွက် နောင်တမရတော့ဘူး။
ပြီးခဲ့တာတွေကို တွေးမနေတော့ဘဲ အနာဂတ်အတွက်
အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းမယ်။
🎓
ဒီနေ့ကစပြီး ရောက်မလာသေးတဲ့ မနက်ဖြန်အတွက်ခေါင်းမစားတော့ဘူး။ မနက်ဖြန်ကိုလှပစွာဖြတ်သန်းနိုင်ဖို့က ဒီနေ့အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှဖြစ်မယ်။
ဒါ့ကြောင့်မနက်ဖြန်အတွက်ကြိုတင်ပူပန်နေမယ့်အစား
လက်ရှိအချိန်ကိုပဲ ကောင်းအောင်ကြိုးစားမယ်။
🎓
ဒီနေ့ကစပြီး မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုလေးစားအားကျစရာကောင်းတဲ့ လူတစ်ယောက်အဖြစ်မြင်အောင်ကြည့်မယ်။ မှန်ထဲကလေးစားစရာကောင်းတဲ့လူအတွက် အချိန်ပေးနိုင်အောင်၊ သူ့အကြောင်းကို ပိုပိုပြီးသိနိုင်အောင်လုပ်မယ်။
🎓
ဒီနေ့ကစပြီူ တစ်နေ့စာလုပ်စရာရှိတာကိုပဲ နိုင်နင်းအောင်လုပ်မယ်။
ခြေလှမ်းတိုင်းကို
မယိုင်နဲ့အောင် လျှောက်လှမ်းမယ်။ စိတ်ပျက်အားငယ်မှုတွေက အောင်မြင်ချင်တဲ့စိတ်ဆန္ဒတွေကို
တားဆီးခွင့်မပြုဘူး။
🎓
ဒီနေ့ကစပြီး စိတ်နဲ့နှလုံးသားတံခါးကို ဖွင့်ထားမယ်။ အတွေ့အကြုံသစ်တွေကို နွေးနွေးထွေးထွေးကြိုဆိုမယ်။ မိတ်ဆွေသစ်တွေထပ်ရှာမယ်။ လူတိုင်းမှာအားနည်းချက်တွေရှိတာကြောင့်
ကိုယ့်ရဲ့အားနည်းချက်တွေနဲ့
သူတစ်ပါးရဲ့ အားနည်းချက်တွေကို
နားလည်ပေးနိုင်ဖို့ ကြိုးစားမယ်။
🎓
ဒီနေ့ကစပြီး အသစ်အသစ်တွေကို သင်ယူမယ်။ ဘဝမှာကြုံတွေ့ရမယ့် အကောင်းအဆိုးမှန်သမျှကို မညည်းညူရင်ဆိုင်ကျော်လွှားမယ်။ ကျန်ရှိနေတဲ့ ဘဝရဲ့အချိန်တွေကို အကောင်းဆုံးဖြစ်လာဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရပ်တည်မယ်။

0 comments:
Post a Comment