Monday, 25 September 2017

ဆင်ခြင်သတိပြု ဖွယ်

Image may contain: text
 ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တ၀ါဖြစ်ဖြစ် ပိုင်းခြားပြီး
မသိနိုင်တဲ့တရားငါးပါးရှိတယ်။
🌼
၁။ရုပ်နာမ်နှစ်ဝ ဇီဝိတဆိုတဲ့အသက်သည် လည်း ကောင်း
🌼
၂။ကိုးဆယ်ခြောက်ဖြာ အနာရောဂါ အမျိုးမျိုးသည် လည်းကောင်း
🌼
၃။အချိန် ကာလသည်လည်းကောင်း
🌼
၎။ခန္ဓာကိုယ်ပစ်ချရာ နေရာဋ္ဌာန သည်လည်း ကောင်း
🌼
၅။လားရန်အရှိ ငါးတန်သောဂတိ သည်
လည်းကောင်း
❆ ❆ ❆
ဤငါးမျိုးသောတရားတို့ကို ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တ၀ါကမှ ပိုင်းခြား သတ်မှတ်ထားလို့ ရပါဘူး။

မိမိရထားတဲ့ဘ၀တစ်ခုမှာ ဘယ်လောက် အသက် ရှည်ရှည် နေရမယ်
- ဘယ်အသက်အပိုင်းထိနေရမယ်
- ဘယ်လိုအနာရောဂါတွေ နှိပ်စက်မှာလည်း
- ဘယ်အချိန် ဘယ်ကာလမှာ သေရမှာလည်း
- သေပြီးရင်လည်း ဘယ်နေရာ ဘယ်ဋ္ဌာန တွေမှာ စွန့်ပစ်မှာလည်းဆိုတာကို မသိနိုင်လို့

သေသည်၏ နောက်မှာ နတ်ပြည် လူ့ပြည်၊ ငရ၊ဲ တိရိစ္ဆာန်၊ ပြိတ္တာ ၊ဘယ်ဘုံ ဘယ်ဘ၀ ဘယ်ဂတိကို လားကြရမှာလည်းဆိုတာ ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တ၀ါ ကမှမသိကြရပါ ဘူး။

ဒါကြောင့်အသက်ရှင် ကျန်းမာနေစဉ်ကာလမှာ..
ငါသည် ဘယ်အရွယ်မှာဖြစ်ဖြစ် ရောဂါပေါင်း စုံနှိပ်စက်ပြီး အချိန်မရွေးသေနိုင်တယ်

သူတစ်ပါး သတ်လို့လည်းသေနိုင်တယ် စသည်ဖြင့်
နည်းအမျိုးမျိုးနဲ့ သေခြင်းတရားကို နှလုံး
သွင်းဆင်ခြင်ထားဘို့လိုပါတယ်။

ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တဲ့အခွင့်အ
ရေးရှိနေစဉ်ကာလမှာ-မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေဘဲ

မိမိတို့သန္တာန်မှာ ကာယကံ ၀စီကံ မနောကံ ဒုစရိုက်တွေကင်းပြီး

ဒါန၊သီလ၊၀ိပဿ နာ ကုသိုလ်ကောင်းမှု တရားတွေကို ပြည့်စုံအောင်ကြိုးစားအား
ထုတ် နေသင့်ပါတယ်။

ဒါမှ-ကွယ်လွန်သွားရင် အနည်းဆုံးတော့ 
ကာမသုဂတိ(၇)ဘုံကို အရှုံးမရှိရောက်နိုင်မှာ ပါ။
ဒေဝီခင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support