၁။ ဘဝကို မျက်ခြေမပျက် သုံးသပ်နေပါ။ ကိုယ့်အတွက်
စိတ်ကြည်နူးချမ်းမြေ့စရာတွေ အမြဲ ရှာဖွေနေပါ။ ကိုယ်စိတ်ပါဝင်စားတဲ့
အရာတွေကို အမြဲ လုပ်ဆောင်နေပါ။
၂။
ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့၊ ကိုယ့်ထိန်းချုပ်လို့ရတဲ့
အရာတွေအတွက်ပဲ ပူပင်ပါ။ ကိုယ့်ထိန်းချုပ်လို့မရနိုင်တာတွေကို
တွေးပူနေမယ်ဆိုရင်တော့ ဘဝဟာ ကျေနပ်စရာကောင်းမှာ မဟုတ်တော့ပါဘူး။
၃။
မိတ်ဆွေတွေကို တန်ဖိုးထားပါ။ မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်အရာနဲ့မှ
လဲလို့မရပါဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အရေးအပါဆုံးကတော့
ယုံကြည်မှုနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။
၎။ စစ်မှန်တဲ့
ပျော်ရွှင်မှုတွေကို အပြည်အဝ ခံစားပါ။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းပါ။
စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကတစ်ဆင့် စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာဖွေပါ။
၅။ ကိုယ့်အတွေးတွေကို ကန့်သတ်မယ့် ပြင်ပက စကားသံတွေအတွက် ခေါင်းစား
မခံပါနဲ့။ ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကို လိပ်ပြာလုံအောင်
ရပ်တည်ရှင်သန်ပါ။ လက်တွေ့ဘဝမှာ အဆင်ပြေ၊ အသုံးဝင်မယ့် အရာတွေကိုပဲ
ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ပါ။
၆။ ဘဝကို ညီညွတ်မျှတစွာ ဖြတ်သန်းပါ။
ဘယ်အရာမှ အစွန်းရောက်တယ်ဆိုတာ မကောင်းပါဘူး။ ဘယ်လို ပြဿနာမျိုးပဲ
ရင်ဆိုင်ရပါစေ ကိုယ့်ဘက်သူ့ဘက် မျှတစွာ ဖြေရှင်းနိုင်မယ်ဆို ကမ္ဘာကြီး
ဒီထက်သာယာလှပလာမှာပါ။
၇။ ကောင်းမွန်သာယာတဲ့ ဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်ဖို့ လူသားပီသစွာ တာဝန်ယူတတ်ခြင်းက အရေးကြီးဆုံး ဖြစ်ပါတယ်။
ကိုယ်လုပ်ရပ်အတွက် သူတစ်ပါးအပေါ် အပြစ်ပုံချတာတွေ ရှောင်ကြဉ်ပါ။ ဒါ့အပြင်
ကိုယ်အမှားအတွက် အပြည့်အဝ တာဝန်ယူတတ် ရပါမယ်။
၈။ လောကမှာ ဘယ်အရာမှ
မမြဲတာကြောင့် ငွေကြေးဥစ္စာပြည့်စုံ ရုံနဲ့တော့ လူတွေကို အထက်စီးက
မဆက်ဆံသင့်ပါဘူး။ ငွေက ဘဝမှာ အရေးပါတာ မှန်ပါတယ်။ သို့ပေမယ့်
ပျော်ရွှင်သာယာတဲ့ ဘဝကိုရဖို့ ငွေတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
၉။
သူတစ်ပါးအပေါ် မကောင်းတဲ့စိတ် မမွေးပါနဲ့။ နိုင်လိုမင်းထက် ပြုခြင်းတွေ
ရှောင်ကျဉ်ပါ။ အနိုင်ရလို့ ပျော်လိုက်ရတာ ခဏပါ။ ကိုယ့်ရဲ့ မကောင်းတဲ့
လုပ်ရပ်က ကိုယ့်နောက်က အရိပ်လိုလိုက် နေတတ်တာမို့ ကိုယ့်ကိုယ်ကို
လိပ်ပြာမလုံဘူးဆို ဘဝတစ်လျှောက်လုံး သာယာပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
၁ဝ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့ သဘောရှိတာကြောင့် ကိုယ်က
အခြားသူတွေအပေါ် ကြင်နာနွေးထွေးစွာ ဆက်ဆံမယ်ဆို ကိုယ့်ကိုလည်း လူချစ်လူခင်
ပေါများလာတာ သဘာဝပါ။ သူတပါးကို ကူညီဖေးမရတာဟာ ကိုယ်တိုင်လည်း ကြည်နူးရသလို
တစ်ဖက်လူလည်း သူ့အခက်အခဲပြေလည်သွားလို့ ကျေနပ်ပျော်ရွှင်ရတာမို့
နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်။
0 comments:
Post a Comment