Wednesday, 27 September 2017

“ရံဖန်ရံခါအရှုံးပေးခြင်းဟာ ကြီးမားတဲ့ အောင်နိုင်မှု့ပါ” -------------------------------------------------------


စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော် ပါတယ် ဘယ်သူကမှ သူ့ကို နိုင်အောင်မကစားနိုင်ပါဘူး
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာယင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ “ တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာ မှာ နံပါတ်တစ် ”
ဆိုတဲ့ ဆိုင်ပုဒ်ချိတ်ထားတာ သွားတွေ့ကြတယ် စစ်သူကြီးဟာမယုံတဲ့ အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ထိုးကြတာ အိမ်ရှင် က ၃ ခါလုံးရှုံးခဲ့တော့တယ် ...စစ်သူကြီးက ရီ တယ်
..........................

“ ဟားဟား ....မင်းဆိုင်းပုဒ် ကြီးဖြုတ်ပစ်လိုက် တော့ ”
ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်သွားထွက်တိုက်တော့တယ်
............................

မကြာခင် စစ်သူကြီးဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာ ကြရော အဲ့ရွာ ကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို နှကိုယ်နေရာမှာတင်ရှိနေသေးတာ သွားတွေ့ရော ဒါနဲ့ အိမ်ရှင် ကိုထပ်သွားတွေ့ တော့ နောက်ထပ် စိန်ခေါ် စကား ပြောကြယင်း ထပ်ကစားဖြစ်ကြတယ်
..............................

ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံးဆက်တိုက်ရှုံးပြန်တယ် စစ်သူကြီး အရမ်းအံသြ သွားတယ် ဒါ နဲ့ အိမ်ပိုင်ရှင် ကို မေးတာ ဘာကြောင့်လည်း ပေါ့
အိမ်ပိုင်ရှင်ကပြောပြတာ “ အယင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန် ကြီးရှိနေတယ် ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီး ကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး ဒီတစ်ခေါက် အသင်စစ်သူကြီးစစ်အောင်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျိုထားစရာ မလိုတော့ဘူးပေါ့ ”တဲ့
..........................

တကယ်တော်တဲ့သူဆိုတာ ဒီလောက မှာ အနိုင်ရနိုင်ပါရဲ့သား နဲ့ မလိုအပ်ပဲ အနိုင်မယူ ခွင့်လွတ်နိင်စွမ်းရှိအောင် စိတ်သဘောထားကြီး တဲ့သူပါပဲ
............................................

လက်တွေ့ ဘဝ မှာလည်း အတူတူပါပဲ
သိနေလည်း မလိုအပ်ပဲ ပြောစရာမလိုပါဘူး မပြောဘူးဆိုတာ မသိ လို့ လဲ မဟုတ်ပါဘူး
....................................

အကယ်လို့ သင်သိတဲ့ အကြောင်း အရာကိုသင်ပြောလိုက်တဲ့ အခါ အဲ့ဒီအကြောင်းအရာ ပိုင်ရှင်အနေနဲ့ မသိစေချင်တဲ့အရာ ဒါမှမဟုတ် တစ်ပါးသူ မသိဘူးလို့ ထင်ထားတဲ့အရာ ဖြစ်နေတယ် ဆိုယင် သင်ဟာမိတ်ဆွေ မရပဲ ရန်သူရရှိပါလိမ့်မယ်
........................................

လူတိုင်းက အမှန်တရားကိုလက်ခံ နိုင်ပါတယ် လို့ ပြောကြပါတယ် သင့်ကို အမှန်အတိုင်းပြော စေလိုတယ်
ဒါပေမဲ့သင်ပြောလိုက်တဲ့ အခါ လူတိုင်းက လက်ခံ နိုင်မှာမဟုတ်ပါဘူး
အမှန် ကို ပြောတဲ့ သိတဲ့အတွက် သင့်ကိုတောင်မှ စိတ်တို မုန်းတီး အထင်အမြင်သေးသွားပါလိမ့်မယ်
.....................................

အမှန်ကိုပြောစေချင်တယ် ဆိုတာ သင်ဘယ်လောက်သိသလဲ ဆိုတာကို ဆိုလိုကြတာပါ အမှန်ကိုလက်ခံ နိုင်ကြတယ် လို့ မဆိုလိုပါဘူး
သင်အများကြီးသိနေ တယ် ဆို တာ သိကြရတဲ့ အခါ သူတို့ မျော်လင့်ထားတာ ထက် သင်ပိုသိ ပိုပြောမိတဲ့ အခါ သူတို့ သင့်ကို မုန်းတီးဒေါသထွက် မှာပါ ဘာကြောင့်လည်းဆိုတော့ “ ပိုသိနေ လို့ ” ပါပဲ
..................................

အမြင်ကျည်းတဲ့ သူရှေ့ မှာ သင် အမြင်ကျယ် သဘောထားကြီးတတ်ရပါမယ် သဘောထားမကြီးတတ်ယင်လည်း “ အ ” ချင်ယောင်ဆောင်ရပါမယ်...

လွပ်လပ်မှု့ ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ် ဆိုယင်ပေါ့



 Image may contain: text
















Share:

Tuesday, 26 September 2017

" ငါးပါး သီလ၊ ပရဟိတ " ================

Image may contain: 1 person

အရက်သောက်ပြီးပရဟိတလုပ်တာ ဘာအပြစ်မှမရှိဘူးလို့
ပြောနေကြတဲ့ သူတွေဖတ်ဖို့။
- လူတွေက ငါးပါးသီလကို ပရဟိတ လုပ်ငန်းမှန်း သိတဲ့လူ အင်မတန် နည်းတယ်။
- ဒါလည်း ပရဟိတပဲ။
- ငါးပါးသီလ ဆိုတာ အင်မတန်မှ အရေးပါလှတဲ့
- ဝါရိတ္တသီလ မျိုး။ မလုပ်ရဘူး ဆိုတာကို ရှောင်တဲ့သီလမျိုး။
- ဒီနေရာမှာလည်း ငါးပါးသီလဟာ မြတ်စွာဘုရားက ပညတ် ထားလို့ ရှောင်ရတာမျိုး မဟုတ်ဘူး။
- မြတ်စွာဘုရားက ဒါလုပ်ရင် အပြစ် ဖြစ်မယ်၊
- ဒါကို ရှောင်ရင် ကောင်းကျိုး ချမ်းသာတွေ ရတယ် ဆိုတာ လမ်းညွှန်မှု ပြတာပဲ ဖြစ်တယ်။
- သီလ ဆိုတဲ့ သဘာဝတရားဟာ စဉ်းစားကြည့်
- ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလ ဆောက်တည် လိုက်တာဟာ ကိုယ့်အတွက်ပဲလို့ ဒီလို့ အောက်မေ့ကြတယ်။
- ဒါန ကျတော့ အများအတွက်လို့ ထင်ကြတယ်လေ၊
- ကိုယ်က ပေးလိုက်ကမ်းလိုက် ကျွေးမွေးလိုက်တဲ့ သူတွေ စားသောက် သွားတာ ကြည့်ပြီး
- ဒါန ကတော့ အများအတွက်ပဲ။
- သီလ ကတော့ ကိုယ့်အတွက်လို့ ထင်ကြတာ။
- သီလ ကလည်း ဒါန လိုပါပဲ။
- အများ အတွက် အကျိုးဖြစ်တာ၊ ကိုယ့် အတွက် အကျိုးမဖြစ်ဘူး ပြောတာ မဟုတ်ဘူး။
- ကိုယ့်အတွက်လည်းအကျိုး ဖြစ်တယ်။ သို့သော် အများအတွက် အကျိုးဖြစ်တာ။
- ပါဏာတိပါတာ ရှောင်လိုက်သဖြင့် ကိုယ့်လက်နဲ့
သူများ သေတာ ရှိသေးလား။
- ကိုယ့်ဘေးနားက လူတွေ အန္တရာယ် မကင်းသွားဘူးလား၊ကင်းသွားတယ်။
- ပါဏာတိပါတာ ရှောင်လိုက်တာ ကိုယ့်ရပ်ကွက်ထဲမှာ
ကိုယ့်ကြောင့် ဒုက္ခရောက်တဲ့သူ တစ်​ယာက်မှ မရှိတော့ဘူး။
- ရပ်ကွက်ထဲမှာ ကိုယ်က
- အဒိန္နာဒါနာ ရှောင်လိုက်ရင် ရပ်ကွက်ထဲမှာ ပစ္စည်းပျောက်တာ ကိုယ့်ကြောင့် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။
- ဒါကြောင့် သီလ ဆောက်တာ အားလုံး အတွက် ဖြစ်မနေဘူးလား။
- တစ်ရပ်ကွက်လုံး လူတွေက ပါဏာတိပါတာ လည်းရှောင်တယ်၊ အဒိန္နာဒါန လည်းရှောင်မယ်။
- ကာမေသုမိစ္ဆာစာရ လည်းရှောင်မယ် ဆိုလို့ရှိရင် တစ်ရပ်ကွက်လုံးဟာ အေးချမ်း သာယာနေမှာပဲ။
- မုသာဝါဒ လိမ်လည် လှည့်ဖြားပြီး ဘယ့်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဘူး၊
- ဒါလည်း သူများ အတွက်ပဲ။ ကိုယ့်ကိုယ်ကို လိမ်တာ မဟုတ်ဘူး၊ ဒါလည်း သူများ အတွက်ပဲ။
- သူရာမေရယ အရက်သေစာ မသောက် မစားဘူး ဆိုရင်လည်း
- အများအတွက် အကျိုးဖြစ်တာပဲ။
- မိမိကြောင့် စိတ်ဆင်းရဲမည့် ပုဂ္ဂိုလ် မရှိတော့ဘူး။
- ဒါကြောင့်မို့ မြတ်စွာဘုရားက
- ငါးပါး သီလ ကို မဟာ ဒါန လို့ ဟောထားတာ ရှိတယ်။
- တကယ့် ကြီးမားတဲ့ အလှူကြီး။
- ဘာတွေ လှူ တာတုန်း
- အဘယဒါန၊ တစ်ခြား ပုဂ္ဂိုလ် တွေကို ဘေးမဲ့ပေးတဲ့ အလှူ ပဲ။
- ဒါကြောင့် ငါးပါးသီလရဲ့လက်တွေ့ အကျိုးက ဆောက်တည်သူ အတွက် သာမက၊ အများအတွက် လည်းဖြစ်ပါတယ်။
- ပရဟိတ လုပ်ငန်းထဲမှာ သူပါတယ်။
- သို့သော် လူတွေက ငါးပါးသီလကို ပရဟိတ လုပ်ငန်းမှန်း သိတဲ့သူ အင်မတန်မှ နည်းတယ်။
- ဒါလည်း ပရဟိတ ပဲ၊
- အများအတွက် အကျိုးဖြစ်သွားတာပေါ့။
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ။
Share:

နားမလည်​ကြ​သေးလို့ပါ -------------------------

Image may contain: one or more people
 နားလည်ခြင်းဆိုတဲ့ သဘောတရားကို
နားမလည်ကြသေးလို့သာ တစ်ယောက်နဲ့
တစ်ယောက် ငြင်းခုံနေကြတာပါ ။
နားလည်ခြင်းဆိုတဲ့ သဘောတရားကို
နားလည်လာတဲ့အခါ ဘယ်သူနဲ့မှ
မငြင်းခုံတော့ပါဘူး ။
ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားကို
နားမလည်ကြသေးလို့သာ တစ်ယောက်နဲ့
တစ်ယောက် အပြစ်မြင်နေကြတာပါ ။
ခွင့်လွှတ်ခြင်းရဲ့ တန်ဖိုးကို
နားလည်လာတဲ့အခါ ဘယ်သူ့ကိုမှ
အပြစ်မတင်တော့ပါဘူး ။
ပေးဆပ်ခြင်းရဲ့ သဘောတရားကို
နားမလည်ကြသေးလို့သာ ရယူချင်ကြတာပါ ။
ပေးဆပ်မှုရဲ့တန်ဖိုးကို နားလည်လာတဲ့အခါ
ဘာကိုမှ မလိုချင်တော့ပါဘူး ။
အရှင်စန္ဒာဝရ { တောင်တွင်း }
Share:

တိုတောင်းလှတဲ့ ဘဝ လေးမှာ --------------------------------


စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတခုကိုတော့
ပိုင်အောင် လုပ်သင့်တယ်……။

ဒေါသနဲ့ ဝေးဝေးနေပါ..။
ဒေါသက နာကျင် မှု့တွေပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော
ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း
စက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေ
ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။

ကိုယ်က မှန်နေတယ်ဆိုရင်
စိတ်ဆိုးနေစရာမလိုပါ……။
တကယ်လို့ ကိုယ့်ဘက်က
မှားနေတယ်ဆိုရင်လည်း ကိုယ်က
ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို
နားလည်လိုက်ပါ……။

မိသားစုဝင်တွေအပေါ်
သည်းခံခြင်းဟာ
ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...။

တခြားသူတွေအပေါ်
သည်းခံခြင်းဟာ
လေးစားမှုကို ဖော်ညွှန်းတယ်...။

ကိုယ့်ကိုယ်ကို
သည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု
ရှိတာကိုဖော်ညွှန်းတယ်...။

အခြေအနေတွေကို
အလိုက်သင့် သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး
အရည်အချင်းကို ဖော်ညွှန်းတယ်...။

အတိတ်အကြောင်းကို
သိပ်မတွေးပါနဲ့... ။
မျက်ရည်တွေပဲ ကျလာရင်
ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…။

အနာဂတ်အကြောင်းကို
သိပ်မတွေးပါနဲ့..။
စိုးရိမ်ကြောက်ရွံ့မှုတွေ
အားငယ်မှု့ တွေ ကသင့်ကို
နှိပ်စက်လာလိမ့်မယ်။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ
အ ကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့
နေထိုင်ပါ... ။

ကောင်းချီးသြဘာတွေ
ဆိုက်ရောက်လာပါလိမ့်မယ်...။
ဒါက လက်ဆောင်မွန်
ဖြစ်လာပါလိမ့်မယ်...။

ဘဝရဲ့ စမ်းသပ်ချက်တိုင်းက
ပိုမိုကောင်းမွန်လာစေသလို
ပိုပြီးခါးသီးသွားစေနိုင်တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။

ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ
အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင် သလို
အမှားအဖြစ်လည်း သင့် ကို
ချိုးဖျက်နိုင် ပါတယ်...။

ဒူးထောက်မလား
ဆက်လျှောက်မလား
ဆိုတာကတော့
သင့်ရွေးချယ်မှုအပေါ်မှာပဲ
မူတည်နေပါတယ်...။

လှသောတဲ့အရာတိုင်းဟာ
အမြဲတမ်းမကောင်းနိုင်ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့
အမြဲတမ်းလှနေပါတယ်...။
ပြောရရင် လှတာထက်
ကောင်းတာကို ဦးစားပေးဖို့ပါ။

ပျော်ရွှင်မှုဟာ
သင့်ကိုချစ်ဖွယ်သော
အရာတွေကို
ယူဆောင်ပေးတယ်။
ဒါကြောင့် ..
အမြဲပျော်ရွှင်နေရအောင်
တတ်နိုင်သမျှ
ကြိုးစားသင့်တယ်...။
အနည်းဆုံးတော့……
ပြုံးလိုက်ပါ။
No automatic alt text available.























Share:

ဘဝဆိုတာ ထောက်ရှာငှက် ပျံ သလိုပဲ နိမ့်လိုက်၊ မြင့်လိုက်နဲ့ပေါ့။

No automatic alt text available.
 လူဘဝဟာလဲ တခါတရံ
အမြင့်ရောက်လိုက် တခါတရံ အနိမ့်ကျလိုက်နဲ့
နေရာအပြောင်းအလွဲ၊ ဘဝအပြောင်းအလဲ၊
ကံတွေကလည်း အပြောင်းအလဲမြန်လိုက်တာ။
အရာရာတိုင်းဟာ ဘာတစ်ခုမှ
တသမတ်တည်းမရှိ၊ အမြဲတမ်းပြောင်းလဲ
နေကြတယ်။
ဒါပေမဲ့ လူတွေဟာ အထက်တန်း နေရာ
မြင့်သော နေရာကို ရောက်နေပြန်တော့...
မိမိကိုယ်ကို ဘဝင်မြင့်၊ မာနတွေထောင်၊
အာဏာ၊ ပါဝါတွေသုံး အသက်ကြီး၊
အသက်ရွယ်တူ၊ ငယ်မူမကျန် အမျိုးစုံနှိပ်ကွပ်၊
နှိပ်စက်ကြတယ်။
ပတ်ဝန်းကျင်၏ မြောက်ပေးခြင်းကြောင့်
မကောင်းသော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မပြစ်မှားထိုက်သူတွေကို ပြစ်မှားပြီး
လူက အထက်တန်းရောက်နေပေမဲ့
စိတ်ဓါတ်ကျတော့ အောက်တန်းကျနေကြတယ်။
ဒီကံရဲ့ မကောင်းကျိုးတွေဟာ တစ်နေ့နေ့မှာ
နိမ့်ကျမည့်ဘဝကို ရောက်မယ်ဆိုတာကို
နားမလည်၊ သဘောမပေါက်လေတော့
ရင်မောစရာပေါ့။
ထို့ကြောင့် ဘဝအထက်တန်းကို
ရောက်လေလေ၊ စိတ်ဓါတ်တွေကို
နိမ့်ချပြီး ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့
နူးညံ့သိမ်မွေ့သော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
ကုသိုလ်ဖြစ်စရာတို့ဖြင့် နေသွားဖို့လိုတယ်။
ဘဝအားငယ်နေရပေမဲ့ စိတ်ဓါတ်မကျပဲ၊
ကုသိုလ်ဖြစ်စရာတွေနဲ့ အချိန်ကို
ကုန်ဆုံးစေနိုင်ဖို့ လိုအပ်တယ်။
ဘဝဆိုတာ မြင့်တစ်ခါ၊ နိမ့်တလှဲ့မို့
ဘယ်ဘဝမှာ နေရနေရ၊ အမှန်တရားဘက်မှ ဘုရားအဆုံးအမ တရားအသိဓါတ်တို့ဖြင့်..
ဘဝကို အမြင့်ဆုံး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ထိ
မျက်မှောက်ပြုနိုင်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေဟု
ဆန္ဒပြုပါတယ်။
မြောက်ဦးဆရာတော် ဘုရားကြီး
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support