❀ ဥပေက္ခာဆိုတာ
➳ ဘယ်လိုဟာကို ခေါ်တာလဲ
ဆိုတော့ တစ်ဖက်သားက ကိုယ့်ကို စော်ကား
မော်ကား လုပ်သွားရင် သည်းခံခွင့်လွှတ်နိုင်တယ်။
" ငါ့အလှည့်ကျရင်သိစေမယ် " ဆိုတာမျိုး တေးမှတ်
မထားဘူး။
တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ မေ့ဖျောက်ပြီး
တော့ ခွင့်လွှတ်ခြင်း, သည်းခံခြင်းဖြင့် နေနိုင်တယ်။
နောက်တစ်ခါ တစ်ဖက်သားကို ကူညီတော့လည်း
မျှော်လင့်ချက်နဲ့ကူညီတာမဟုတ်ဘူး။
မျှော်လင့်ချက်နဲ့ ကူညီရင် ဥပေက္ခာမရှိလို့။

❆ ဥပေက္ခာရဲ့ ဘောတရားဟာ
➳ အရပ်ထဲမှာ
ပြောကြသလို မတည့်လို့ ဥပေက္ခာပြုထားတာမျိုး
မဟုတ်ဘူး။ တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ
သည်းခံခွင့်လွှတ်ပြီး မေ့ပျောက်ထားတယ်။
မိမိကကူညီတဲ့အခါမှာလည်း ကူညီရုံသက်သက်ပဲ
ကူညီတယ်။ တစ်ဖက်သားက ကိုယ့်ကို ကျေးဇူး
တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ။
ကောင်းသောတုန့်ပြန်မှု ပြုသည်ဖြစ်စေ၊
မပြုသည်ဖြစ်စေ မိမိရဲ့လုပ်ရပ်အပေါ်မှာ
တုန့်ပြန်မှုကို ဘယ်တော့မှ မမျှော်လင့်တာ
ဥပေက္ခာလို့ခေါ်တယ်။ အဲဒီ ဥပေက္ခာဟာလည်း
ရှားပါးပစ္စည်း တစ်ခုဖြစ်တယ်ပေါ့။
❆ ခုခေတ်ဆိုကြည့်လေ
➳ အတုံ့အလှည့်တွေ ဘယ်လောက်များတုန်းနော်။
သူ့အလှူတုန်းက ငါဘယ်လောက် ကူတယ်။
သူ့မင်္ဂလာဆောင်မှာ ငါ ဘယ်လောက်ကူတယ်၊
ငါ့မင်္ဂလာဆောင်ကျတော့ ဘယ်လောက်ကူတာလဲ
ဆိုတာ ပြန်ကြည့်တတ်ကြတယ်လေ။
ဥပေက္ခာမထားနိုင်ဘူးဆိုတာ ထင်ရှားတာပေါ့နော်။
တစ်ဖက်သားအပေါ်မှာ ပြတ်သားတဲ့စိတ်ဓာတ်နဲ့
မကူညီပဲနဲ့ အတုံ့အပြန်မျှော်လင့်ချက်နဲ့ဆိုရင်
ဒါနကောင်းမှုတောင်မှပဲ အကောင်းဖြစ်မလာတော့
ဘူးပေါ့။
ကိုယ်ကူညီပေးတဲ့သတ္တဝါတွေဆီကနေ ကျေးဇူးတင်
တယ်ဆိုတဲ့ တုံ့ပြန်မှုမမျှော်လင့်တာကို ဥပေက္ခာလို့
ဆိုလိုတယ်။
❆ များသောအားဖြင့်
➳ လူတွေဟာ မျှော်လင့်ချက်ကြီးနဲ့
လုပ်တတ်ကြတယ်။ ကိုယ်လုပ်ပေး ကူညီပေးတုန်းက
မမျှော်လင့်တောင် တုံ့ပြန်စရာရှိလာတဲ့အခါ မတုံ့ပြန်ရင်
မကျေမနပ် ဖြစ်နေတတ်တယ်။
အေး… အဲဒါမျိုး မဖြစ်ရအောင် မိမိကူတာ မိမိအတွက်၊
သူကကိုယ့်ကို တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ
ကိုယ့်ရဲ့မျှော်လင့်ချက် မဖြစ်စေဘူးဆိုမှ မြင့်မြတ်တဲ့
ဥပေက္ခာတရား၊ ဗြဟ္မစိုရ်တရားထဲက ဥပေက္ခာဆိုတာ
အဲဒါပြောတာနော်။
အင်မတန်မှမွန်မြတ်တဲ့ တ်ကြံ့ခိုင်ပြီး
စိတ်နေသဘောထားတည့်မတ်တဲ့ သဘောတရားကို
ဥပေက္ခာလို့ ခေါ်တယ်။
အင်္ဂလိပ်လိုပြန်တဲ့အခါ Equanimity လို့ပြန်တယ်။
Equanimity ဆိုတာ စိတ်အစွန်းမရောက်ဘူး၊
တည်ငြိမ်တယ်၊ တည့်မတ်တယ်ဆိုတဲ့စကားလုံး။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Credit
✏
✏
✏ Words of Buddha

0 comments:
Post a Comment