Wednesday, 9 August 2017

“ကိုယ်ကျင့်သီလ က ပဓာန၊ ဒါနက နောက်လိုက်မျှသာ” •••••••••••••••••••••••••••••••••••••••••••••••••••••••••••

 Image may contain: text
 ❀ မြန်မာလူမျိုးများဟာ “တစ်မူးရလို့ တစ်ပဲလှူ”ဆိုတဲ့
လူမျိုးများနဲ့ အရင်းအဖျားသာ ကွဲတာမို့ ဒါနကိစ္စမှာ
အလွန်ဇွဲသန်ကြပါတယ်။
ဒါနကိစ္စ ဇွဲသန်ကြတော့ “ကိုယ့်ကျင့်သီလကို ထိန်းသိမ်းမှု”
နည်းပါးနေပါတယ်။
အမှန်ကတော့ ဒီဘ၀မှာ
လူကောင်း သူကောင်း ဖြစ်ဖို့ရော၊
➳ နောက်ဘ၀မှာ လားရာဂတိကောင်းဖို့ရော
“ကိုယ်ကျင့်သီလ”က ပဓာနဖြစ်ပါတယ်။
သီလကြောင့် ကောင်းတဲ့ဂတိ ကောင်းတဲ့ဘ၀ရောက်မှ ၊
ဒါနက နောက်လိုက်အဖြစ်နဲ့ အကျိုးပေးနိုင်တယ်။
❀ “ဆွမ်းတစ်အုပ် လှူဖူး ၊ပန်းတစ်ပွင့် လှူဖူး”လို့
အပါယ်မလားခဲ့ရဘူး ဆိုတဲ့ သူတော်ကောင်းများလည်း
ထိုအလှူကြောင့်သာ မကပါဘူး ။
အခြေခံ ငါးပါးသီလကလည်း မပျက်ကြလို့
သုဂတိဘ၀ကိုရတာပါ။
အဲဒီလိုရတဲ့အခါ သူတော်ကောင်းနဲ့ ပေါင်းရပါလိမ့်မယ်။
အဲဒီလို နောက်ထက် နောက်ထက် ကုသိုလ်တွေက
တိုးတိုးနေလို့ အပါယ်မလားရဘဲ ၊
ဘုရားနဲ့ တွေ့တဲ့အခါ တရားထူးရ၍ နိဗ္ဗာန်အထိ
အကျိုးရတာ ဖြစ်ပါတယ်။
အဲဒီ အကျိုးရဲ့ အရင်းအမြစ်က “ဆွမ်းအလှူ ၊ပန်းအလှူ”ဖြစ်လို့
ဆွမ်းတစ်အုပ် အလှူကြောင့် ပန်းတစ်ပွင့် အလှူကြောင့်
အပါယ်မလားဘဲ နိဗ္ဗာန်ရတယ်လို့ ဥဒါန်းတွင်လာတာ ဖြစ်ပါတယ်။
❀ ဒီဘ၀မှာ ငါးပါးသီလမှ မလုံဘဲ ၊
ဒုစရိုက်ဆယ်ပါးမှ မရှောင်ဘဲနဲ့
ပါဏာတိပါတဖြစ်စေ ၊
ကာမေသုမိစ္ဆာစာရဖြစ်စေ ၊
မုသာဝါဒ တစ်ခုခုဖြစ်စေ မရှောင်ဘဲ
ကျောင်းကြီးဆောက် ၊ဘုရားတည် အလှူကြီး ပေးနေသူဟာ
သေခါနီးမှာ ထိုကုသိုလ် ၊ အကုသိုလ် နှစ်မျိုးထင်လာရင်
စိတ်ကြည်နိုင်ပါ့မလား။
စိတ်မကြည်ရင် ပြုပြင်ပေးနိုင်သူလည်း
မရှိခဲ့သော် ဧကန် အပါယ်သွားရမှာပါ။
အလှူကြီးတွေက မကယ်နိုင်ပါဘူး။
-【ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
ဘုရားကြီးအရှင်ဇနကာဘိဝံသ】
Credit Young Buddhist Association
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support