Saturday, 12 August 2017

★ ပြည့်​စုံပြီလား.............. ......................ပြည့်​စုံပြီလား


❀ လူတော်တော်များများဟာ ဒီဘဝမှာတော့
သူများကို မကောင်းတာမလုပ်ဘူး ဒါန သီလ
ကိုလည်း နိုင်သလောက်ပြုတယ် စီးပွားဥစ္စာ
ကိုလည်း သမ္မာအာဇီဝကျကျရှာတယ် အခုဘဝမှာ
သူများလေးစားတာ ကြည်ညိုတာခံရတယ်
ပြီးတော့ သေသွားတယ် သေတဲ့အခါမှာလည်း
နာမည်ကောင်းကျန်ခဲ့တယ်
❀ အဲဒီလိုလူရဲ့အယူအဆဟာ
ပြည့်စုံပြီလား လူဖြစ်ကျိုး နပ်ပြီလားလို့ 
မေးစရာရှိတယ်
❀ အဖြေက
မရှိဘူး လိုသေးတယ် လို့ ပဲ ပြောရမယ်
❀ ဘာဖြစ်လို့ လည်းဆိုတော့
လူတိုင်းလူတိုင်းမှာ သံသရာက မသိလို့ မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေဟာ အများကြီးရှိနေလို့ ပဲ
❀ ဘုရားရှင်သာသနာနဲ့ ကြုံတွေ့ နေရလို့ သာ
ကောင်းမှု မကောင်းမှု
ရဲ့ကောင်းကျိုးဆိုးကျိုးသိ
ပြီးဆောင်သင့်တာဆောင်
ရှောင်သင့်တာရှောင်ကာ
ဘဝကို ဖြတ်သန်းကြ ပေမဲ့ သံသရာမှာ
ဘုရားတရားနဲ့ မတွေ့ ကြုံလို့  မသိပဲမိုက်မဲခဲ့တဲ့
မိုက်ပြစ်တွေက လူတိုင်းမှာ ငရဲကျဖို့ အကြောင်း
တွေကဒုနဲ့ ဒေး ပါ
❀ လူ့ ဘဝမှာ ဒါန သီလ လောကါသာပြုပြီး
သေသွားသူဟာ နတ်ပြည်လောက်သာ
ရောက်ပြီး တနေ့ မှာ သံသရာမှာမသိလိုက်မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေက နတ်သက်ကုန်ရင်
မဖြစ်မနေ ပြန်လည်ပေးဆပ်ရမှာပါ
❀ အပါယ်လေးပါးက ကိုယ်ပိုင်အိမ်လို့ 
ဘုရားရှင်ဒါ့ကြောင့်ဟောခဲ့တာပေါ့
ဘဝမှန်သမျှ လက်ဖျစ်တတွတ်စာတောင်
ဘုရားရှင်မချီးမွမ်းခဲ့ပါဘူး ဒါ့ကြောင့် နတ်ဘဝ
ဗြဟ္မဘဝ ဟာလည်း သံသရာနဲ့ ယှဉ်လိုက်ရင်
ခဏလေးပါ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်
အသက်ရှည်တဲ့ မဟာဗြဟ္မာကြီးရဲ့အသက်တမ်း
တောင်ခဏလေးလို့ ဘုရားဟောထားတော့
ကျန်တဲ့ လူသက် နတ်သက်ဆိုတာ မပြောနဲ့ တော့
❀ ဒါ့ကြောင့် ဒါန သီလ ပြုပြီး လူ့ ပြည်မှာ
နာမည်ကောင်းကျန်ခဲ့တာလောက်ဟာ
မပြည့်စုံဘူးလို့ ပြောတာပါ
➳ တကယ်ပြည့်စုံတဲ့သူဖြစ်ဖို့ က
❀ စီးပွားဥစ္စာကိုလည်း စွမ်းနိုင်သလောက်ရှာ
ဒါန သီလကိုလည်း စွမ်းနိုင်သလောက်ပြု
➳ ပြီးတော့
❀ သံသရာကိုအနားသတ်ပေးဖို့ 
ဝိပဿနာကုသိုလ်ကိုလည်း
စွမ်းနိုင်သလောက်ပြုဖို့ ပါပဲ
❀ ဒါမှ အတိတ်က ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေရဲ့
မကောင်းကျိုးတွေဟာ အကျိုးပေးဖို့ အခွင့်မရရှိပဲ
ပျက်ပြယ်သွားမှာပါ*
❀ ဒီဘဝမှာတရားထူးရဖို့ အကြောင်းမပါရင်တောင်
နောင်သံသရာမှာ တရားထူးရဖို့ အခွင့်အရေးတွေ
ရ ရှိပြီး ဘဝသံသရာကို အနားသတ်နိုင်မှာပါ
ဦးမြင့်​ခိုင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support