Wednesday, 9 August 2017

"ဗုဒ္ဓအလိုကျ" 🔁✺🔁✺🔁✺

 ❆ ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့
အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ --- "ဓမ္မ"ဆို တာလူ့  အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့် ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ် ------
❆ ၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to be good person ]
❆ ၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right person]
❆ ၃။ ( စိတ်ထဲမှာ ရှိနေတဲ့ 
အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို့ ၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့် လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to be noble person ]
➳ ဥပမာဆိုရလျှင်---
လူမမာ ရောဂါရလို့  ဆရာဝန်သွားပြ ရင် ဆရာဝန်က ဆေးညွှန်း ပေးလိမ့် မယ်၊ ဆေးညွှန်း အတိုင်း ဆေးပေး လိုက်လိမ့်မယ် ဆေးဘယ်လို သောက်ဖို့ ညွှန်ကြားလို လိမ့် မယ်၊
ဒါကို လူနာက အိမ်ပြန်ရောက်တော့ အညွှန်းကိုဖတ်ကြည့်၊ ပြီးရင်း ကောင်းလိုက် တဲ့  ဆေးညွှန်း ဆိုပြီး ဆေးညွှန်း တွေပဲ ထိုင်ဖတ်တယ်၊ ပြီတော့ ဒီဆရာသိပ် တော်တာပဲ၊ ဆိုပြီး၊ ဒီဆရာဝန် ကို ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏၊ ဆိုပြီး လုပ်နေကာ ဆေးတော့ မသောက် ဖူး၊ ဒါဆို ဘာဖြစ်မလဲ------------------"လူနာ သေတာပေါ့။"
ဒီဥပမာ လို ပဲ၊ ဒီကနေ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတွေ၊ ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆို တဲ့ အဆင့်မှာ ရပ်၍ မနေ့ သင့်ပါဘူး။
ဆေးညွှန်း လဲဖတ်ပါ (ဆေးညွှန်း ဆိုတာက- ပိဋက တရားတော်တွေ )၊ ပြီးရင် ဆေးလည်းသောက်ပါ၊ (ဆေးဆိုတာက = သီလ၊သမာဓိ၊ ပညာ) သေချာတာက တော့ ဆေးမသောက်ပဲ၊ ၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆိုရင်ဖြင့် ဘာရောဂါ မှ မပျောက်ဖူး။ ဒါ အသေအချာပဲ။
ဓမ္မကို ကိုးကွယ်မယ်ဆိုရင်ဖြင့်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ နဲ့  ရပ်မနေပဲ၊ သီလ-သမာဓိ-ပညာ အကျင့်တရား ကို အလေးထားကျင့် ကြံ မှသာ ဗုဒ္ဓ အလိုကျ ဓမ္မကို ကိုးကွယ်ရာရောက်မှာဖြစ်ကြောင်းအသိတရားပွင့် လာစေရန် ဟောကြားဆုံးမတော်မူခဲ့ပါတယ်။
➢ သီတဂူဆရာတော်
Credit Aung Zaw Lay
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support