လောကကြီးဟာ အပြောင်းအလဲ သိပ်မြန်ဆန်လိုက်တာ။
နေ့မြင်၊ ညပျောက်။ ညမြင်၊ နေ့ပျောက်နဲ့ အချိန်တွေ တိုတောင်းလိုက်တာ။
ဒီလို အချိန်တွေမှာ တချို့က ကုသိုလ်အလုပ်တွေမေ့ပြီး တစ်ဘဝ၊ တစ်နပ်စာ
အလုပ်နဲ့ အချိန်တွေ ဖြုန်းတီးပြီး ဘာမဟုတ်တဲ့ တစ်ခဏစာအတွက်ကို အဓိကထားပြီး
မိမိရဲ့အနာဂါတ်ကို မေ့လျော့နေကြတာ မြင်ရလို့ စိတ်မချမ်းသာဘူး။
ကိလေသာမီးတွေ လောင်ပြီးရင်း လောင်နေကြလေတော့ များမကြာခင် သေမင်းနဲ့ ရင်ဆိုင်ရတဲ့နေ့နဲ့ တွေဆုံခဲ့ပါမှ နောင်တရပြီး မကောင်းသောသေခြင်းဖြစ်ကာသံသရာ တစ်လျောက်လုံး အို၊ နာ၊ သေ ထပ်တလဲလဲနဲ့ နေကြရမှာ အမှန်ပဲဆိုတာ မြန်မြန်ပြင်ဆင်သင့်ပါပြီ။
အပမာဒေနသမ္ပာဒေထ။
️ မြောက်ဦးဆရာတော်

0 comments:
Post a Comment