Sunday, 27 August 2017

"တွယ်တာမှုရှိတဲ့နေရာမှာ သောကဖြစ်တယ်" ✅✔✅✔✅✔✅✔✅✅✔✅✔✅













































လူ့လောကမှာ ကြည့်..
တစ်ယောက်နဲ့တစ်ယောက် သိလာလို့ရှိရင်
တစ်ယောက်နဲ့တစ်ယောက် ခင်မင်လာတယ်..
သိလာပြီး ခင်လာပြီး လက်တွဲပြီဆိုရင် ပူပြီ..
မသိခင်တုန်းက သူ့အတွက်ပူသလား?လုံးဝမပူဘူး..
ဒါက လူနဲ့ပတ်သက်တာ..

ပစ္စည်းနဲ့ပတ်သက်တာရော
ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်
ဘယ်သူမှ မပူဘူး..
အဲ့ဒီပစ္စည်းလေး ကိုယ့်ပစ္စည်းဖြစ်လာပြီဆိုတာနဲ့တစ်ပြိုက်နက် ပူတော့တာပဲ..
တန်ဖိုးရှိတဲ့ပစ္စည်းတွေ
လောကမှာ အများကြီးရှိတယ်..
သို့သော် ကိုယ့်ဟာမဟုတ်ရင် မပူကြဘူး..
အေး..အကြောင်းညီညွတ်လို့ ကိုယ့်လက်ထဲရောက်လာပြီဆိုလို့ရှိရင်
အဲ့ဒါလေးအတွက် ပူပြီလေ..
ပူတော့ ဘာလုပ်လဲ..
သော့တွေခတ်..မလုံမခြုံတွေဖြစ်လာတယ်..
အဲ့ဒါဟာ လောဘက သောကကို မွေးဖွားပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်..
🔜တိုက်ခန်းတစ်ခု ပိုင်ထားတယ်..
အဲ့ဒီပိုင်ထားတဲ့ တိုက်ခန်းတစ်ခုကြောင့် စိတ်ပူလောင်မှုရှိတယ်..
ကားတစ်စီး ဝယ်ထားတယ်..
အဲ့ဒီကား တစ်စုံတစ်ခုဖြစ်မှာ စိတ်ပူတယ်..
အေး..ကိုယ်စိတ်ပူတဲ့အရာတစ်ခု သူများလက်ထဲ ရောင်းလိုက်ပြီ..
ရောင်းလိုက်လို့ ငွေချေပြီးတာနဲ့ တစ်ပြိုင်နက်
အဲ့ဒါတွေ အကုန်ပျောက်..
သောက က ဘယ်ရောက်သွားလဲ?
ငွေထုပ်ကြီးနောက် လိုက်သွားတယ်..
စွန့်လွှတ်လိုက်ပြီဆိုရင် မပူတော့ဘူးလေ..
🔜မီးကို မလျှော့ပဲနဲ့ ပူတာကိုတော့ လျှော့ချလို့မရဘူး..
မီးကိုလျှော့မှ ပူတာကို လျှော့လို့ရမယ်..
ဘာကြောင့်တုန်း မီးကြောင့်ပူနေတာကိုး..
အဲ့ဒီလိုပဲ လူတွေရဲ့စိတ်သောက
ဘယ်သူကနေ မွေးဖွားပေးနေတာတုန်းဆိုရင်
ဟောဒီ တွယ်တာမှုတဏှာက..
ဒါကြောင့်မို့လို့ ပြောမယ်ဆိုရင်
Where there is attachment,
there is worry..
တွယ်တာမှုရှိတဲ့နေရာမှာ သောကဖြစ်တယ်..
🔚 ဒီတော့ ပူလောင်မှုတို့
အပူအပန်မရှိမှုတို့ဆိုတာဟာ
ဘာကြောင့်ဖြစ်နေတာတုန်းလို့ စဉ်းစားကြည့်လိုက်လို့ရှိရင်
လောဘကြောင့်ဖြစ်နေတာ အားလုံးဟာ..
လူတွေက တလွဲထင်ပြီး လောဘရှိလို့ ကြီးပွားတယ်လို့ ထင်နေကြတယ် မဟုတ်ဘူး..
အသိဉာဏ်ရှိလို့ လုံ့လဝီရိယရှိလို့ ကြီးပွားတာ..
လောဘက သောကကိုပဲ မွေးဖွားပေးတယ်..
ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့..
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Credit ဂူးဂူး
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support