Monday, 7 August 2017

စိတ်​ ရဲ့ စွမ်းအား 👍👍👍👍


 
လူမှာ အဓိကအင်အား အကြီးဆုံးအရာက စိတ်ပဲ။ စိတ်စွမ်းအား ကြီးမားလာရင် မဖြစ်နိုင်တဲ့ အရာ၊ မပြီးမြောက်နိုင်တဲ့ကိစ္စဆိုတာ မရှိဘူး။ စိတ်အင်အားကောင်းရင် ဘဝအင်အားကောင်းတယ်။ စိတ်အင်အားခိုင်ရင် ဘဝအင်အားခိုင်တယ်။
💥
စိတ်အင်အားတွေကောင်းဖို့ဆိုရင်
သီလ၊ သမာဓိ၊ ပညာ ဒီတရားသုံးပါ အဓိကလိုအပ်တယ်။
သီလက ယုံကြည်မှု စွမ်းအားကို ဖြစ်စေတယ်။
သမာဓိက တည်ငြိမ်မှုစွမ်းအားကို ဖြစ်စေတယ်။
ပညာက ချင့်ချိန်ခွဲခြားနိုင်မှုစွမ်းအားကို ဖြစ်စေတယ်။
💥
သီလမလုံတဲ့သူက ကြောက်အားပိုတတ်တယ်။
သမာဓိမရှိတဲ့သူက ဗရမ်းဗတာဖြစ်တတ်တယ်။
ပညာမပါတဲ့သူက အကောင်းအဆိုး၊
အကြောင်းအကျိုး၊ အမှားအမှန် မခွဲခြားတတ်ဘူး။
💥
ဒီတရားသုံးပါး စွမ်းအားညီရင် ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။
အားလုံးဖြစ်နိုင်တယ်။
ဒီသုံးပါးမှာ တစ်ခုခု အားနည်းရင်တော့
Mind power အပြည့်ရမှာ မဟုတ်ဘူး။
ယုံကြည်မှု မရှိရင် တည်ငြိမ်မှု မရှိနိုင်ဘူး။
တည်ငြိမ်မှု မရှိရင် ချင့်ချိန်ဆင်ခြင်မှု မရှိနိုင်ဘူး။
💥
ဒါကြောင့် စိတ်စွမ်းအားတွေ ရှိစေဖို့
သီလကိုအခြေခံတဲ့ သမာဓိ၊
ပညာ တရားများရအောင် ကြိုးစားရမယ်။ သီလအကျင့်ရှိလာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုစွမ်းအား မြင့်လာမယ်။ သမာဓိအင်အားကောင်းလာရင်
တည်ငြိမ်ရင့်ကျက်မှု စွမ်းအားကောင်းလာမယ်။ ပညာဉာဏ်တိုးတက်လာရင် မှန်ကန်တဲ့ ခွဲခြမ်းစိပ်ဖြာဆုံးဖြတ်နိုင်မှုစွမ်းအား တိုးလာမယ်။ တကယ့် ဘဝတန်ဘိုးဆိုတာ ဒီတရားသုံးပါး ပိုင်ဆိုင်ထားမှ စွမ်းအားရှိရှိ တန်ဘိုးရှိမှာ မဟုတ်လား။
မနာပဒါယီ အရှင်ဝိစိတ္တ
Credit ဓမ္မ အနှစ်​သာရ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support