Saturday, 12 August 2017

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 ❀ မကျေနပ်စရာ ကိစ္စတစ်ခုနဲ့ကြုံတယ်။ ကိုယ်မှန်တယ်ထင်တဲ့ ကိစ္စဖြစ်တော့ စိတ်ကပိုပြီးတင်းတယ်။ စိတ်ရှိတဲ့အတိုင်း ပြောပစ်လိုက်တယ်။ ပြောနေရင်းနဲ့ သတိပြန်ဝင်လာတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။ သတိကပ်သွားတာနဲ့ လေသံက အလိုလိုလျော့သွားတယ်။ တင်းနေတဲ့စိတ်ကလေး တဖြည်းဖြည်းပျော့လာတယ်။ နောက်သတိကနိုင်သွားသွားတော့ စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့ အဆင့်ထိ ရောက်မသွားတော့ဘူး။ သတိကဦးသွားတာဆိုတော့။
❀ ပုထုဇဉ်သဘာဝ အာရုံနဲ့တွေရင် ကိလေသာဆိုတာကတော့ ပေါ်လာတာပဲ။ လောဘဖြစ်စရာ အာရုံနဲ့တွေ့တော့ လောဘဖြစ်သွားတယ်။ ဒေါသဖြစ်စရာ အာရုံနဲ့တွေတော့ ဒေါသထွက်သွားတယ်။ မောဟ၊ မာနစသည်ဖြစ်စရာ အာရုံနဲ့တွေတော့ မောဟမာန စသည်ဖြစ်သွားတယ်။ ဖြစ်မှာပဲ။ သတိတစ်ချက်လွတ်သွားတာနဲ့ ကိလေသာက နေရာယူသွားတော့တာ။
❀ ဒါပေမယ့် ဖြစ်ပါစေဆိုပြီး လွှတ်ထားလို့မရဘူး။ ပိုဆိုးသွားတတ်တယ်။ ဖြစ်နေရင်းကိုပဲ သတိအမြန်ပြန်ကပ်နိုင်အောင် ကြိုးစားရတယ်။ ဖြစ်စဲဖြစ်ခိုက်မှာ သိလိုက်နိုင်ရင် ရှေ့ဆက်ဖြစ်မှုကို တားလိုက်နိုင်မှာ အမှန်ပဲ။ မသိရင် မှားတယ်။ သိရင် တားတယ်။ သိလိုက်တာကိုက ရှေ့ဆက်မဖြစ်ဖို့ တားလိုက်နိုင်တာပဲပေါ့။
❀ မကျေနပ်တာ မသိရင် အသေသတ်တာအထိ ဖြစ်သွားတတ်တယ်။
လွှတ်ထားရင် ဇွတ်သွားတတ်တဲ့ ဒီစိတ်၊ သတိနဲ့ ဘရိတ်အုပ်နိုင်မှ
လွန်ကျူးတဲ့အဆင့် ရောက်မသွားမှာ မဟုတ်လား။
အပ္ပမာဒေန သမ္ပာဒေထ သတိမချမှ ဖြစ်မည်ပ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support