★ တဖြည်းဖြည်းအသက်လေးရလာတော့
အရင်ကလို ကလေးဆန်ဆန်မနေချင်တော့ဘူး
လောကဝတ်တွေကို ပိုမိုပြုချင်လာတယ်
အရင်ကလို ကလေးဆန်ဆန်မနေချင်တော့ဘူး
လောကဝတ်တွေကို ပိုမိုပြုချင်လာတယ်
★ အရင်ကလို ခဏလေးနဲ့ဒေါသ မထွက်ဖြစ်တော့ဘူး
ကရုဏာတရားနဲ့မေတ္တာထားတတ်လာတယ်။
★ ဟိုတုန်းကလို ဘာကိစ္စမဆို ကိုယ့်ဘက်က ပိုပြီးမတွေးပေးဖြစ်တော့ဘူး
သူများဖက်ကိုငဲ့ညှာနေတတ်ပြီလေ
★ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာဘက်ကိုအလေးသာပေးဖို့ အသက်အရွယ်ကများသင်ကြားပေးခဲ့လေသလားးးး
ခုတော့ အတွေ့အကြုံကြားက အမြတ်တချို့အတွက်ဂုဏ်ယူဝမ်းမြောက်တတ်နေပြီလေ
★ သည်းခံလိုစိတ်ရင့်သန်လာသလို အရာရာတိုင်းကို
မြတ်နိုးဖွယ်ရာ ခံစားနားလည်တတ်နေပါပြီ။
★ ချို့တဲ့သူတွေနဲ့အားနည်းနေသူများအတွက် ကူညီထောက်ပံ့လိုစိတ်
ငယ်စဉ်ကထက် ပိုမိုလာတာတော့အမှန်ပဲ။
★ စာနာဖေးမလိုစိတ်တွေက ပိုမိုတိုးပွါးလာနေတော့ ရင့်ကျက်တည်ငြိမ်လာတဲ့စိတ်ကလေးကိုချီးကျူးနေမိတော့တယ်။
★ အပြစ်မြင်နေတာတောင် ကဲ့ရဲ့လိုစိတ် ငြူစူလိုစိတ်မပေါ်တော့ပဲ
ရန်ကိုရန်ချင်းတုန့်ပြန်ဖို့ စိတ် ကုန်ခန်းသွားပြီလေ။
★ စိတ်နေစိတ်ထား ပြောင်းလဲလာပြီး တွေ့ရာစိတ်မများ
မြင်တိုင်းရင်မခုန် ပြောတိုင်းစိတ်ထဲမထားမိတော့ဘူး
★ သေချာတာက
အရင်ကထက် ရင့်ကျက်လာသလို
ပိုပြီးလည်းကြည့်ကောင်းလာတယ်-------
စနိုးဖြူ

0 comments:
Post a Comment