❀ တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး
တစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ
အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး
ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..
❀ ပညာရှိကြီး က ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး
ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက် ထဲကို ဆား တစ်ဆုပ်
ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့
ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်
“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်
❀ ဒီတော့ ပညာရှိကြီး က အသာပြုံးလိုက်ရင်း ထိုသူကို ဆား တစ်ဆုပ်ကို
ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို
ခေါ်လာခဲ့ပါတယ်.
❀ မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်..
❀ ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆား တစ်ဆုပ်ကို ရေကန်
ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို
သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ
ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..
ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..
❀ ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေ က ဘယ်လိုအရသာ
ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့
သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”
လို့ ပြန်ဖြေပါတယ်..
လို့ ပြန်ဖြေပါတယ်..
❀ “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ
“ မငံတော့ပါဘူး.” လို့ လူငယ် က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံး ကို အသာအယာပုတ်လိုက်ကာ
“ မငံတော့ပါဘူး.” လို့ လူငယ် က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံး ကို အသာအယာပုတ်လိုက်ကာ
❀ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆား နဲ့တူပါတယ်..
ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.
ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.
❀ မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို
ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့
ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ
ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…”
မဟုတ်တော့ဘူးပေါ့…”
❀ “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း
ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို
ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန် တစ်ကန်အဖြစ် ပြောင်းလဲ
ကျင့်ကြံလိုက်ပါ..
❀ ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန် ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..
“Stop being a glass. Become a lake.”
ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်
ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်
0 comments:
Post a Comment